Empower, Engage and Inspire

Nation Building Kong Iruah Tinak

Nation building le state building hi aa lo ngaimi le cawh a foi ngaimi an si. Nation building timi cu holh le ca tuanbia le biaknak ah zapi ihrawmmi si lo ah zaran ihrawmmi “common identity” siloah “national identity”...

၂၂ကြိမ်မြောက် တောင်ကိုရီးယားနိုင်ငံ၏ လွတ်တော်ရွေးကောက်ပွဲကို လေ့လာခြင်း

၂၀၂၄ခုနှစ် ဧပြီလ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်သော တောင်ကိုရီးယားနိုင်ငံ၏ ၂၂ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အပြတ်အသတ်အနိုင်ရရှိကြောင်း သတင်းတက်လာပါသည်။ ဤရွေးကောက်ပွဲတွင် မဲပေးနှုန်းသည် ၆၇% ရှိရာ ၁၉၉၂ နောက်ပိုင်း.....

ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုအကြောင်း လေ့လာခြင်း

ဆွစ်ဇာလန်နိုင်ငံသည် ‌ရှေ့ယခင်သမိုင်းတွင် မဟာမိတ်များ စုဖွဲ့နေထိုင်တဲ့စနစ်ဖြစ်သော ကွန်ဖက်ဒရေးရှင်း (Confederation)စနစ်ကို အသုံးပြုသော နိုင်ငံတော် ဖြစ်ပါသည်၊ ထိုစနစ်မှတစ်ဆင့် ၁၈၄၈ခုနှစ်တွင်.....

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်နိုင်မလား?

မြန်မာနိုင်ငံ၏ ဗြိတိသျှမသိမ်းပိုက်မီ သမိုင်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံသားများအကြား အမြင်မတူညီမူ့ များစွာ ရှိသော်လည်း ယနေ့မြန်မာနိုင်ငံတော်သည် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုသော ပင်လုံစာချုပ်မှ ဆင်းသက်လာသည်ကိုမူ အများစုက.....

Benedict Anderson tialmi "Imagined Communities" Cauk Review

Nationalism kongkau zoh tikah ahram ngaingai a um lo. Soviet Union te pawl hi Communism silaoh Socialism pawl defend an rak duh ruang ah ral an tho i, Germany (1953), Hungary (1956), Czechslovakia (1968), le Afaghanistan (1980) ram pawl hriamnam hmang in an.....

Thursday, June 16, 2022

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မြန်မာ့ဂွမ်းဂျူးသားများနှင့် လက်ရှိမြန်မာတော်လှန်ရေးအခြေအနေ တင်ပြခြင်း။

၁။ နိဒါန်း

တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ သမိုင်းနှင့် နိုင်ငံရေးအသွားအလာနှင့် အခင်းအကျင်းသည် များစွာဆင်တူနေပါသည်။ အထူးသဖြင့် လွှတ်လပ်ရေးရသည့်ကာလ၊ စစ်တပ်အာဏာသိမ်းသည့် ကာလ၊ စစ်အာဏာရှင်လက်ထက်၊ ပြည်သူများ အနှိပ်စက်ခံရပုံ၊ တော်လှန်ရေး ဆင်နွှဲပုံစသည့်သဖြင့် တူညီမူ့ပေါင်းများစွာ ရှိပါသည်။ အဓိက ကွဲပြားခြားနားချက်မှာမူ မြန်မာနိုင်ငံသည် လူမျိုးများပြားသော နိုင်ငံဖြစ်ပေမယ့် ကိုရီးယားနိုင်ငံတွင်မူ ကိုရီးယားလူမျိုးသာ ရှိနေခြင်းဖြစ်ပါသည်။ ၁၉၈၇ တွင် ဒီမိုကရေစီတော်လှန်ရေးကြီး အောင်မြင်သော ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းသည် အချိန်အားဖြင့် အနှစ် ၃၀ ကျော်ကျော်သာ ရှိခဲ့ပေမယ့် အာဏာရှင် တိုက်ထုတ်မူ့နှင့် ဒီမိုကရေစီ အောင်မြင်နိုင်မူ့သည် ကမ္ဘာက လေးစားအားကျစရာအဖြစ် ရှင်သန်လျက်ရှိပါသည်။

ထိုထဲတွင် ဂွမ်းဂျူးမြို့၏ ၁၉၈၀ ခုနှစ် မေလ ၁၈ တွင် စပြီး ဖြစ်ပွားသော စစ်တပ်တော်လှန်ရေးကို လေ့လာမည်ဆိုပါက ပထမဆုံးဆန္ဒပြသည့်နေ့ မေလ ၁၈ရက်နေ့တွင့် ချွန်နမ်အမျိုးသားတက္ကသိုလ်ကျောင်းမှ ကျောင်းသူ/ကျောင်းသား ၂၀၀ ကျော်သည် မနက် နာရီတွင် စုစည်းဆန္ဒပြခဲ့ပါသည်။ ထို့သို့ ကျောင်းသားများ၏ မတရားစစ်တပ်ကို  ကန့်ကွက်ဆန္ဒပြမူကို ဂွမ်းဂျူးမြို့သူမြို့သားများက လက်ပိုက်ကြည့်မနေဘဲ၊ ထောင်ပေါင်များစွာသော ဂွမ်းဂျူးသားများသည် ဆန္ဒပြမူတွင် ပူပေါင်းပါဝင်ကြခဲ့ပါသည်။ ဒီလိုမျိုးအခြေအနေများကြောင့် ပထမတွင် စစ်တပ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ကာ မောင်းထုတ်ဖို့ အားထုတ်ခဲ့ကြပေမယ့် ပြည်သူများ၏ ပူပေါင်းအင်အားကြောင့် ဂွမ်းဂျူးမြို့တွင် ပြည်သူအုပ်ချုပ်ရေးအဆင့်ရှိသော ကော်မတီကို တရားဟောဆရာများ၊ ရှေ့နေကြီးများနှင့် ပါမောက္ခများ ပါဝင်ကာ လူဦးရေ ၂၀လောက်ဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၂၁ခုနှစ်တွင် အကြမ်းဖက်စစ်တပ်မှ ထန်ထလန်မြို့ကို မီးရှို့နေစဥ် 

ထိုကော်မတီသည် စစ်တပ်နဲ့ ဆွေးနွေးမူများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် စစ်တပ်သည် ဂွမ်းဂျူးမြို့သူ/မြို့သားများ၏ လက်နက်ချရေးကိုသာ လိုလားခဲ့သောကြောင့် ငြိမ်းချမ်းရေး ပျက်ပြယ်ခဲရသည်။ ထိုနောက်တွင် စစ်တပ်သည် စစ်လက်နက်နှင့်စစ်ဝတ်စုံအပြည့်ဖြင့် အပြစ်မဲ့ပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ကာ ဂွမ်းဂျူးမြို့ကို ဝင်ဆီးကြပါသည်။ သို့သော်လည်း ဂွမ်းဂျူးမြို့သူ/ မြို့သားများသည် အရှုံးပေးခြင်း မရှိဘဲ စစ်တပ်ကို အသက်နဲ့ပေးကာ တိုက်ထုတ်နေခြင်းကြောင့် အပြစ်မဲ့ ဂွမ်းဂျူးမြို့သူ/မြို့သား ,၃၀၀ ကျော်သည် အကြမ်းဖက်စစ်တပ်က အသတ်ခံခဲ့ရပါသည်။ ဤနေရာတွင် လေ့လာနိုင်သည်မှာ ပထမတစ်ချက်တွင် ဂွမ်းဂျူးမြို့က ကျောင်းသူ/ကျောင်းသားများ၏ ရဲစွမ်းသတ္တိနှင့် ပြည်သူများ၏ စည်းလုံးမူ့ ဖြစ်ပါသည်။ ဒုတိယတစ်ချက်သည် ပြည်သူများ၏ တရားမျှတမူ့အတွက် ရပ်တည်ချက်ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင့် ဒီစာတမ်းတွင် လက်ရှိမြန်မာနိုင်ငံ၏ တော်လှန်ရေး၌ ဂွမ်းဂျူးလို့မျိုး စစ်တပ်ကို တော်လှန်နေသော နယ်မြေသုံးခုကို‌ ရွေးချယ်ကာ ရေးသားထားပါသည်။

၂။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ ပါဝင်မူ့နှင့် လက်ရှိအခြေအနေများ

                          ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက တတိယအကြိမ် စစ်တပ်အာဏာသိမ်းမူ့ကြောင် ဖြစ်ပေါ်လာသော ပြည်သူအုံကြွမူ့သည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးကျယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ထိုကဲ့သို့သော ဆန္ဒပြမူ့ကို စစ်တပ်က သူ၏ လုပ်ထုံးလုပ်နည်းအတိုင်း အကြမ်းဖက်ပြီး ဖြေရှင်းဖို့ကြိုးစားရာတွင် နိုင်ငံရေးအကျဥ်းသားများ ကူညီရေးအသင်း၏ မှတ်တမ်းအရ [1]အမြစ်မဲ့ ပြည်သူဦးရေ ၁,၈၈၃ ကျော်သည် နိုင်ငံတော်အတွက် အသက်ပေးလျူကြပြီး၊ သေဒဏ်ပေးခံရသူမှာ ၁၁၃ ဦး၊ အသက်ရှင်လျက် မီးရှို့ခံရသူ  ၅၂ဦး၊ အဖမ်းခံရသူ ၁၀,၈၇၀ဦး ကျော် ရှိပါသည်။

                          တစ်ဖက်တွင် စစ်တပ်သည် သူတို့အာဏာတည်တံ့ခိုင်မြဲရေးအတွက် ပြည်သူ့နေအိမ်များကို မီးရှို့နေကြောင်းကို Institute for Strategy and Policy- Myanmar ၏ မှတ်တမ်းအရ တွေ့ရှိရပါသည်။ ထိုမှတ်တမ်းထဲတွင် စစ်ကိုင်းတိုင်းတွင် ၁၅,၅၃၀ လုံးကျော်၊ မကွေးတိုင်းတွင် ၄,၈၂၂လုံး၊ ချင်းပြည်နယ်တွင် ၂,၂၁၀ကျော်၊ ကယားပြည်နယ်တွင် ၄၁၉ လုံးကျော်၊ ရှမ်းပြည်နယ်တွင် ၂၆၂လုံး၊ မန္တလေးတိုင်းတွင် ၇၃လုံး၊ တနင်္သရီတိုင်းတွင် ၂၉လုံး၊ ပဲခူးတိုင်းတွင် ၂၆လုံးနှင့် ကရင်ပြည်နယ်တွင် ၁၆လုံးအထိ ပါဝင်ပါသည်။ UNHCR မှ ထုတ်ပြန်သော ၂၀၂၂ခုနှစ် မေလ ၄ရက်နေ့အထိ စစ်တပ်အာဏာသိမ်းမူကြောင့် စစ်ဘေးဒုက္ခသည်နှင့် ဒုက္ခသည်စာရင်းမှာ ၉၃၆,၇၀၀ဦး ရှိခဲ့ပါသည်။ ထိုထဲတွင် စစ်ကိုင်းတိုင်းတွင် ၂၄၀,၆၀၀ဦး၊ ကရင်ပြည်နယ်တွင် ၉၆,၀၀၀ဦး၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ မွတ်စလင် အသိုင်းအဝိုင်းအများက ၂၂၃,၁၀၀ဦး၊ ရှမ်းပြည်နယ်တွင် ၆၉,၈၀၀ဦး၊ ကယားပြည်နယ်တွင် ၈၉,၇၀၀ဦးနှင် တခြားနေရာများတွင် ထောင်ပေါင်းများစွာသော ပြည်သူများသည် ပါဝင်ပါသည်။

၃။ မြန်မာနိုင်ငံက ဂွမ်းဂျူးမြို့လို နယ်မြေ (၃)ခု၏ တော်လှန်ရေးပေးဆပ်မူများ


အကြမ်းဖက်စစ်တပ်ကို
နည်းမျိုးစုံအသုံးပြုကာ ပြည်သူအတွက် တိုက်ပွဲဝင်နေကြသောနယ်မြေသည်  တစ်နိုင်ငံလုံးအတိုင်းအတာရှိဖြစ်ပေမယ့် အရဲရင့်ဆုံးနှင့် ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီမြို့တော် ဂွမ်းဂျူးမြို့သူ/မြို့သားများ၏စိတ်ဓာတ်နဲ့  ထပ်တူအဖြစ်ဆုံးနယ်မြေ ()ကို ရွေးချယ်ကာ အောက်ပါအတိုင်း စုစောင်းတင်ပြရပါသည်။


(က) ချင်းပြည်နယ်

 ချင်းပြည်နယ်တွင် Global Thantlang Relief Organization ၏ မှတ်တမ်းအရ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းနှင့် လူနေအိမ်မီးရှို့ခြင်းများကြောင့် လူဦးရေ ၈,၀၀၀ ခန့်သော ထန်တလန်မြို့သူ/မြို့သာများသည် ဘေးကင်းရာ ထွက်ပြေးလျက်ရှိပါသည်။ စစ်တပ်သည် ထန်တလန်မြို့ကို အကြိမ် ၂၈ အထိ မီးရှို့မူ့ ကျူးလွန်ကာ လူနေအိမ်၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းများ လောင်ကျွမ်းပြာကျခဲ့သည်မှာ ၁,၃၁၄ လုံး ရှိပြီးဖြစ်ပါသည်။ သို့သော်လည်း ထန်တလန်မြို့သူမြို့သားများသည် အရှုံးပေးခြင်း မရှိဘဲ၊ ပြည်သူများနှင့် အတူပူပေါင်းကာ တော်လှန်ရေးအတွက် ပါဝင်နေဆဲ ဖြစ်ပါသည်။ ထန်တလန်မြို့သားတစ်ဦးက “ဘုရားသခင်းက ကျနော်တို့ကို ပေးသောအိမ်ကို ယူသွားပါပြီ၊ သူပြန်ပေးမှာပါ။ ဒါပေမယ့် စစ်တပ်ကိုတော့ အပြတ် ချေးမှုန်းရမည်။ တော်လှန်ရေးအောင်မြင်တဲ့အချိန်တွင် ပိုကောင်းသော ထန်ထလန်မြို့ တည်ဆောက်ရပါ့မယ်လို့” ပြောဆိုခဲပါသည်[3]  ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့က နေ ၂၀၂၂ခုနှစ်မတ်လအထိ အကြမ်းဖက် စစ်တပ်မှ ချင်းလူမျိုးများ အကြမ်းဖက်ခံမူ မှတ်တမ်း။

တခြား ချင်းပြည်နယ်မြို့တစ်မြို့ဖြစ်သော မင်းတပ်မြို့သည် ၂၀၂၁ခုနှစ်ကနေလက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရာတွင် ကလေးမြို့ပြီးလျှင် ပထမဆုံး စစ်တပ်နဲ့ ထိပ်တွေ့မူ အစပြုသော မြို့တစ်မြို့ဖြစ်ပါသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF- Mindat) ၏ အင်အားသည် တစ်နိုင်ငံလုံးအတိုင်အတာဖြင့် လေးစားဖွယ်ဖြစ်ပြီး လက်ရှိအချိန်ထိ မင်းတပ်မြို့တွင် မင်းတပ်ပြည်သူအုပ်ချုပ်ရေးဖွဲ့စည်းကာ အကောင်အထည်ဖော်နိုင်ဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများက ကြိုးစားနေရကြောင်း သတင်းများက ဖော်ပြပါသည်။ အတွင်းသတင်းအရ ချင်းပြည်နယ်တွင် ပြည်သူတော်လှန်ရေးကို လက်နက်ကိုင်လမ်းစဥ်ဖြင့် ဆင်နွှဲနေသော အဖွဲ့အစည်း ၂၀ နီးပါးရှိကာ၊ ရ၅%သော ချင်းပြည်နယ်အကျယ်အဝန်းကို ချင်းပူပေါင်းကောင်စီများက အုပ်ချုပ်လျက်ရှိသည်ဟု ဆိုပါသည်။

(ခ) စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းသည် တခြားနေရာများနှင့် မတူဘဲ ၂၀၂၁နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ပထမဆုံး စတင်ခဲ့သည့် တိုင်းဖြစ်သလို၊ အာဏာသိမ်းမူကြောင့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဥ်ဖြင့် ပထမဆုံး တော်လှန်ရေးစတင်ရာ ကလေးမြို့တွင် ပြည်သူများသည် အသက်အန္တယ် ခြိမ်းခြောက်ခံရမူ့များကပင် ဆန္ဒတွေ ဖော်ထုတ်လျက်ရှိပါသည်။ တခြား စစ်ကိုင်းတိုင်းထဲက မြို့များ၊ ရွှာများတွင်လည်း ရရာလက်နက်ကို ကိုင်စွဲကာ ခုခံကာကွယ်နည်းစနစ်ဖြင့် ပြည်သူများသည် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းမှ ကင်းလွှတ်နိုင်ရန် တော်လှန်ရေး ဆင်နွှဲလျက်ရှိပါသည်။ စစ်ကိုင်းတိုင်၏ အားသာချက်သည် ပြည်သူများစည်းလုံးခြင်း အင်အားကနေ ဆင်းသက်လာ‌သော ပြည်သူကာကွယ်‌ရေးတပ်များ (PDFs) အင်အား တောင့်တင်းနေခြင်း ဖြစ်ပါသည်။  တိုင်းရင်းသားနက်ကိုင်များ ဖြစ်ကြသော KIO နှင့် CNFများနဲ့ ပူပေါင်းမူ့များကြောင့် စစ်ကိုင်းတိုင်သည် မြန်မာပြည်၏ လွတ်မြှောက်နယ်မြေဖြစ်ရန် အလားအလားရှိသော တိုင်းဖြစ်ပါသည်။

ဆန္ဒပြစဥ်ကာလတွင်လည်း စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်တဲ့ မုံရွာမြို၏ စည်းလုံးမူ့အင်အားသည် ကမ္ဘာမီဒီယာများမှ မြန်မာနိုင်ငံက ဂွမ်းဂျူးလို့ တင်စားခြင်း ခံခဲ့ရပါသည်[4]။ ဤကဲ့သို့သော တော်လှန်ရေးသတ္တိများကြောင်း စစ်ကိုင်းတိုင်းတွင် Institute for Strategy and Policy- Myanmar ၂၀၂၂ခုနှစ် မေလ ၄ရက်နေ့အထိ ကောက်ယူသော ဒေတာအရ စစ်တပ်၏ မတရား သတ်ဖြတ်ခံရသော စစ်ကိုင်းတိုင်းဦးရေမှာ ၅၉၉ ရှိပြီး ဖြစ်သလို၊ စစ်ပြေးဒုက္ခသည် ဦးရေသည်လည်း ၂သိန်း ခွဲနီးပါး ရှိလာပါသည်။ အကြမ်းဖက်စစ်တပ်များက စစ်ကိုင်းတိုင်းတွင် ပြည်သူနေအိမ်နှင့် အများပြည်သူပိုင်အိမ် မီးရှို့နှုန်းသည်လည်း တစ်နိုင်ငံအတိုင်းအတာဖြင့် အများဆုံးဖြစ်ကြောင်း Institute for Strategy and Policy- Myanmar ဒေတာအရ သိရှိနိုင်ပါသည်။ စစ်ကိုင်းတွင်တွင် ပြည်သူ့နေအိမ်နှင့် အများပြည်သူပိုင်အိမ် ၁၅,၅၃၀ ကျော် မီးရှို့ခံခဲ့ရပါသည်။

(ဂ) ကယားပြည်နယ်

            ကယားပြည်နယ်သည် နယ်နိမိတ်အားဖြင့် နေပြည်တော်နဲ့ နီးစပ်သောကြောင့် အကြမ်းဖက်စစ်တပ်များသည် ကယားပြည်နယ်ကို တော်လှန်ရေးဗျူဟာအရ အဓိက အချက်အချာကျရာနေရာဖြစ်ကြောင်း နားလည်း သဘောပေါက်ဟန်တူပါသည်။ အထူးသဖြင့် ခရစ်ယာန်ဘာသာကို အများစုကိုးကွယ်ကြသော ကယားပြည်နယ်တွင် ၂၀၂၁ခုနှစ် ခရစ်စမတ်မတိုင်ခင် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ လေယာဥ်ကို အသုံးပြုကာ အပြစ်မဲ့ ပြည်သူများကို ပစ်ခတ်မူ့[5]သည် လူသားများအပေါ် အပြစ်ကျူးလွန်းမူ့ကြီး ဖြစ်ခဲ့ရပါသည်။ ဤကဲ့သို့သော အကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမူ့ကိုလည်း နိုင်ငံတကာက ထုတ်ပြန်ချက်များစွာဖြင့် ဆန်ကျင်ရှုတ်ချခဲ့ကြပါသည်။

            ဤကဲ့သို့သော စစ်တပ်၏ ဖိစီးမူနှင့်သတ်ဖြတ်ခံရမူကြားကပင် ကယားပြည်နယ်တွင် မြန်မာနိုင်ငံသားများသည် Karenni Nationalities Defense Force-KNDF နှင့် Karenni Generation Z army (KGZ Army)ကို ထူထောင်ကာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်သည်မှာ တစ်နှစ်ပြည့်ပြီး ဖြစ်ပါသည်။ ယနေ့အချိန်ထိ ကယားပြည်နယ်ကို အကြမ်းဖက်စစ်တပ်က မသိမ်းနိုင်သေးဘဲ၊ ပြည်သူများက ခုခံနေလျက်ရှိပါသည်။ ကယားပြည်နယ်တွင် Kareni Human Rights Group နှင့် Institute for Strategy and Policy- Myanmar ဒေတာအရ စစ်တပ်၏ မတရား သတ်ဖြတ်ခံရသော ကယားပြည်နယ်ဦးရေမှာ ၈၂ဦး၊ မီးရှို့ခံရသော လူနေအိမ်နှင့် အများပြည်သူပိုင်အိမ် အရေအတွက်မှာ ၄၁၉လုံး၊ စစ်ပြေးဒုက္ခသည် ဦးရေမှာ ၈၉,၇၀၀ နှင့် အဖမ်းခံရသူဦးရေ ၄၂ကျော် ရှိပါသည်။ 

၄။ နိဂုံး

လက်ရှိအချိန်တွင် သင်္ချာနည်းအရ စစ်တပ်လို အင်အားကောင်းသော အင်စတားဂျူးရှင်းသည် ပြည်သူထံတွင် ရှိသင့်ကြောင့်ကို ပြည်သူများက သဘောပေါက်နာလည်းနိုင်မူများနဲ့အတူ ဗမာလူမျိုးနိုင်ငံရေး ပလေယာများနှင့် တိုင်းရင်းသားနိုင်ငံရေးပလေယာများ ပေါင်းစပ်မူကနေ “ဖက်ဒရယ်ဒီမိုကရေစီအရေး”အတွက် တညီတညွတ် အကြမ်းဖက်စစ်တပ်ကို ခုံခံတိုက်ခိုက် တော်လှန်လျက်ရှိပါသည်။ အမျိုးသားညီညတ်ရေးအစိုးရသည် ဝန်ကြီးဌာန ၁၇[6] ဖြင့် ဖွဲ့စည်းကာ ၉၁ရာခိုင်နှုန်းသောပြည်သူလူထုက ထောက်ခံသော အစိုးရဖြစ်ပါသည်။ နိုင်ငံတကာတွင်လည်း အမျိုးသားကိုယ်စားလှယ်ဖွင့်နိုင်မူ့သည် တနေ့ထက်တစ်နေ့ တိုးတက်လာကာ ၂၀၂၂ခုနှစ် ဇွန်လအထိတွင် နိုင်ငံ (၇)[7] နိုင်ငံတွင် တရားဝင်ရုံး ဖွင့်လှစ်နိုင်သလို၊ UN နှင် ASEAN တွင်လည်း သံအမတ်ထားရှိကာ နိုင်ငံတကာတွင် အကြမ်းဖက်စစ်တပ်ကို အပြတ်အသတ်အနိုင်ရနေကြောင်းကို ‌လေ့လာတွေ့ရှိနိုင်ပါသည်။

ပြည်တွင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် တခြားဒေသရှိ ပြည်သူများ၏လှုပ်ရှားမူ့များသည် တစ်ဖြည်းဖြည်း တိုးတက်လာကာ စစ်တပ်ကို ထိန်းချုပ်လာနိုင်ကြောင်း လေ့လာတွေ့ရှိပါသည်။ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းသည် ၂၀၂၁ခုနှစ်တွင် PDFs ကို (၃)လအတွင်း အပြတ်ချေးမှုန်းမည်ဟု  ပြောကြားသော်လည်း ၇လကြာအထိ မထိန်းနိုင်သည့်အပြင်  PDFs အင်အားသည် တိုးပွားလျက်ရှိပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နေပြည်တော်ကို သိမ်းပိုက်နိုင်ဖို့ အလားလားရှိပြီဖြစ်ကြောင်း ၂၀၂၂ခုနှစ် ၄လပိုင်းတွင် သူဖေ့ဘုတ်တွင် ရေးသားဖော်ပြခဲ့ပါသည်။

 ဤကဲ့သို့သော အခြေအနေများကြောင့် ၂၀၂၁ခုနှစ် မင်းအောင်လှိုင်၏ အာဏာသိမ်းမူ့သည် ပြည်သူများအကြား စုပေါင်းအင်အား တိုးလာစေကြောင်းကို လေ့လာနိုင်ပါသည်။ စစ်တပ်ထဲတွင် ၈,၀၀၀[8]ဦး ကျော်၏ CDM မှာ ပါဝင်ခြင်း၊ ၂,၀၀၀[9] ဦးကျော်က စစ်တပ်မှ ထွက်ပြေးခြင်း၊ ၁၄,၈၉၀[10]ကျော်က တိုက်ပွဲတွင် ကျဆုံးခြင်းဆိုသော စစ်တပ်၏ပါဝါ ဆုံးရှု့းမူ့ကြီးကို တွေ့မြင်နိုင်ပါသည်။ တဖက်တွင် ပြည်သူများက CDM မှာ ပါဝင်ခြင်းသည်လည်း စစ်တပ်၏ အစိုးရယန္တယား လည်ပတ်နိုင်မူ့ကို အဟန့်အတားဖြစ်စေပါသည်။ ထို့ကြောင့် ယခုကဲ့သို့သော အခြေအနေဖြင့် ဆက်လက် တော်လှန်ရေးတွင် တိုက်ပွဲဝင်နိုင်မည်ဆိုပါက ကိုရီးယားနိုင်ငံ၏ အကြမ်းဖက်စစ်တပ်ကို ဖြိုချခဲ့သလိုမျိုး မြန်မာာနိုင်ငံတွင်လည်း ပြည်သူများအလိုရှိပြီး အမှန်တကယ် လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာမှာ အသေအချာပင် ဖြစ်ပါသည်။

______________xxxxxxxx_____________



[3]  တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်သော ထန်တလန်ခေါင်းဆောင်တစ်ဦးမှ ပြောကြားချက် ဖြစ်သည်။

[4] https://imnews.imbc.com/replay/2021/nwdesk/article/6140183_34936.html

[5] https://www.aljazeera.com/news/2021/12/30/a-dark-christmas-in-myanmar

[8] https://www.myanmar-now.org/en/news/over-8000-soldiers-and-police-officers-have-joined-the-civil-disobedience-movement-says

[9] https://www.myanmar-now.org/en/news/myanmar-army-lieutenant-colonel-defects-to-the-resistance

[10] အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၂ခုနှစ် မေလ ၁၇ရက်နေ့တွင် ထုတ်ပြန်ချက် သတင်းများတွင် အကြမ်းဖက်စစ်သားများ သေဆုံးသူဦးရေမှာ ၁၄,၈၉၀ဦးရှိကာ၊ ပြင်ထန်းသော ဒဏ်ရာရရှိသူ ,၈၁၄ဦး ရှိ။

Share:

Tuesday, June 07, 2022

၂၀၂၂ခုနှစ် ကိုရီးယားနိုင်ငံ၏ ဂျီးဘာန်ရွေးကောက်ပွဲရလဒ်ကို လေ့လာခြင်း

ကိုရီးယားနိုင်ငံတွင် ၂၀၂၂ခုနှစ် ဇွန်လ ၁ရက်နေ့တွင် "ဂျီးဘာန် ရွေးကောက်ပွဲ" လို့ခေါ်တဲ့ ပြည်နယ်းမှူးအဆင့်ရှိသောနေရာ ၁၇အတွက်ရွေးကောက်ပွဲ၊ မြို့တော်ဝင်အတွက် ရွေးကောက်ပွဲ၊ လွှတ်လပ်နေသော တောင်ကိုရီးယားလွှတ်တော် ၇ နေရာအတွက် ‌ရွေးကောက်ပွဲနှင့် မြို့နယ်အုပ်ချုပ်ရေမှူး နေရာ ၂၂၆အတွက် ရွေးကောက်ပွဲ ကျင်းပကာ ပြည်သူ့ပါဝါပါတီမှ အပြတ်အသတ်အနိုင်ရရှိခဲ့ပါသည်။ ထို့ကြောင့် ဤဆောင်ပါးတွင် ရွေးကောက်ပွဲ အနိုင်ရရှိနှုန်းနှင့် သုံးသပ်ချက်များကို စုစည်းထားပါသည်။

(က) ပြည်နယ်အုပ်ချုပ်မှူးအဆင့်ရှိတဲ့ နေရာ ၁၇အတွက် ‌ရွေးကောက်ပွဲရလဒ်

            ပြည်နယ်အုပ်ချုပ်မှူးအဆင့်ရှိတဲ့ နေရာ ၁၇တွင် ပြည်သူပါဝါပါတီမှ ၁၂နေရာ အနိုင်ရရှိကာ၊ ဒီမိုကရက်တစ်ပါတီမှ ၅နေရာတွင် အနိုင်ရရှိခဲ့ပါသည်။ ဤရလဒ်သည် ၂၀၁၈ က ဒီမိုကိုကရက်တစ်က ၁၅နေရာနဲ့ နှိုင်းယှဉ်မည်ဆိုပါက ဒီမိုကရက်တစ်၏ အနိုင်ရနှုန်းသည်  ကျဆင်းနေသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့သော ရလဒ်ပေါ်ထွက်လာခြင်းသည် ၂၀၂၂ခုနှစ် မတ်လတွင်  ပြုလုပ်သော ကိုရီးယားနိုင်ငံသမ္မတရွေးကောက်ပွဲတွင် ပြည်သူပါဝါပါတီမှ အနိုင်ရရှိသောကြောင့် ဖြစ်သည်ဟု သုံးသပ်ချက်များစွာ ထွက်ပေါ်လျက်ရှိပါသည်။ ၂၀၂၂ခုနှစ် ဂျီးဘာန်ရွေးကောက်ပွဲ၏ ပြိုင်ဆိုင်မူ့ အပြင်ထန်းဆုံးနေရာမှာ ဂျောင်းကီဒိုပြည်နယ်ဖြစ်ပြီး၊ နောက်ဆုံးမိနစ်တွင် ဒီမိုကရက်တစ်ပါတီမှ ကင်ဒူယွမ်က ပြည်သူပါဝါပါတီမှ ကင်အွံန်ဟေးကို ၀.၁၅ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဤပြည်နယ်သည် ကိုရီယားနိုင်ငံလူဦးရေ၏ လေပုံတစ်ပုံ ရှိရာပြည်နယ်ဖြစ်သောကြောင့်  ဒီမိုကရက်တစ်ပါတီအတွက် နိုင်ငံရေးကစားရာတွင် အဖိုးတန်သောနေရာအဖြစ် ရှိလာနိုင်ကြောင်း သုံးသပ်ချက်သူတွေ ရှိပါသည်။


ပုံ‑၁  မြို့နယ်မှူးအဆင်ရှိသော နေရာ ၁၇ခုနှင့် လစ်ဟာနေသော လွတ်တော်အမတ် (၇) နေရာအတွက် အနိုင်ရရှိသူများ

(ခ) လွတ်လပ်နေသော အမတ် (၇) နေရာအတွက် ရွေးကောက်ပွဲရလဒ်။

ကိုရီးယားနိုင်ငံတွင် လွတ်တော်အမတ် ၃၀၀ ရှိပြီး၊ အကြောင်းအမျိုးမျိုးများကြောာင်း လစ်ဟာသွားသောနေရာများအတွက် ရွေးကောက်ပွဲကို ဂျီးဘာန်ရွေးကောက်ပွဲနဲ့အတူ ကျင်းပသောကြောင့် လေးနှစ်တစ်ခါ ပြလုပ်သော ဂျီးဘာန်ရွေးကောက်ပွဲသည် ကိုရီးယားနိုင်ငံရေး၏ အလှည့်အပြောင်းကို ပေးနိုင်စွမ်းရှိသော ရွေးကောက်ဖြစ်ပါသည်။ ၂၀၂၂ ကြားကာလလွတ်တော်ရွေးကောက်ပွဲတွင် လစ်ဟာနေသော ၇နေရာအတွက်  ပြည်သူပါဝါပါတီမှ (၅)နေရာနှင့် ဒီမိုကရက်တစ်ပါတီမှ (၂) နေရာ အနိူင်ရရှိခဲ့ပါသည်။ ဤ ၂၀၂၂ခုနှစ် ကြားကာလလွတ်တော် ရွေးကောက်ပွဲကို ပြည်သူများ စိတ်ဝင်စားသည့်အချက်မှာ ၂၀၂၂ခုနှစ် မတ်လတွင် ပြုလုပ်သော အကြိမ် ၂၀ ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်ဖြင့် အရှုံးပေးသော အီဂျယ်မြောင်က အင်းချွန်းမြို့ ကေရန်းမှာ ဝင်ရောက်အရွေးခံသောကြောင့် ဖြစ်ပါသည်။ ဒီမိုကရက်တစ်ပါတီအတွက် အနိုင်ရယူနိုင်သူစာရင်းတွင်လည်း အီဂျယ်မြောင် ပါဝင်ခြင်းကြောင့်၊ ၎င်းအနိူင်ရရှိမူကို  နိုင်ငံရေးသုံးသပ်သူတစ်ချို့က "နှစ်သိမ့်အနိုင်ရရှိမူ" ဆိုပြီး ဖော်ပြခဲ့ပါသည်။

(ဂ) မြို့နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲရလဒ်။

နိုင်ငံအတွင်းက အသီးသီးရှိသော မြို့နယ်အုပ်ချုပ်ရေးမူးအတွက် ၂၂၆ နေရာတွင်ရွေးကောက်ပွဲ ကျင်းပရာတွင် ပြည်သူပါဝါပါတီမှ ၁၄၅နေရာ အနိုင်ရရှိကာ၊ ဒီမိုကရက်တစ်ပါတီမှ ၆၃ နေရာနှင့် တစ်ခြားပါတီမှ ၁နေရာ အနိုင်ရရှိခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမူးနေရာအတွက် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ၁၅၁ နေရာအနိုင်ရရှိကာ၊ ပြည်သူပါဝါပါတီမှ ၅၃နေရာနှင့် တစ်ခြားပါတီများမှ ၂၂နေရာ အသီးသီး ရရှိခဲ့ပါသည်။ ၂၀၁၄၊ ၂၀၁၈ နှင့် ၂၀၂၀ အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ပါတီများ အနိုင်ရရှိနှုန်းတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တာက ပြည်သူများသည် ပါတီကို အလှည့်အကျပုံစံဖြင့်  မဲပေးနေခြင်းဖြစ်ပါသည်။

ပုံ ၂ ပါတီအလိုက် မဲရရှိမူနှင့် အသက်အရွယ်အလိုက်  ပြည်သူများ မဲပေးနှုန်း


ဆိုလ်းမြို့တော်ဝင်အတွက် ရွေးကောက်ပွဲကျင်းပရာတွင်လည်း ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌဟောင် စောင်းရှောင်ကိလ်းသည် ပြည်သူပါဝါပါတီမှ အိုဆယ်ယွန်းကို အရှုံးပေးသောကြောင့် ဆိုလ်းမြို့တော်ဝင်နေရာတွင်လည်း ပြည်သူပါဝါပါတီက အာဏာရှိလာမှာဖြစ်ပါသည်။ ပြည်သူပါဝါပါတီမှ နိုင်ငံတော် သမ္မတဖြစ်လာမူနဲ့ အတူတူ အိုဆယ်ယွန်း၏ အိမ်ခြံမြေအကျိုးဆောင်ဗျူဟာ တစ်ခုဖြစ်တဲ့ Seoul Vision 2030 သည် သူ၏ အနိူင်ရရှိမူ့အတွက် အဓိကအချက်ဖြစ်သည်ဟု သုံးသပ်ချက်များ ထွက်ပေါခဲ့ပါသည်။

သုံးသပ်ချက်

ပါတီနှစ်ခုအကြား မဲရနိုင်မူ့ကို လေ့လာတဲ့အခါတွင် ပထမတစ်ချက်အနေနဲ့ သမ္မတရွေးကောက်ပွဲက မဲရလဒ်အတိုင်း သက်ကြီးရွယ်အိုများနှင့် အမျိုးသားများသည် ပြည်သူပါဝါပါတီကို ပိုမို မဲထည့်ကြောင်းကို ဆင်တူစွာ လေ့လာ တွေ့ရှိရပါသည်။ ဒုတိယချက်တွင် ဂျီးဘာန်းရွေးကောက်ပွဲ သုံးခု (၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂) ၏ ပါတီများအနိုင်ရမူ့ကို လေ့လာတဲ့အခါတွင် ရွေးကောက်ပွဲတိုင်းတွင် ပါတီကို ပြောင်းလဲမဲပေးကြသည်ကို တွေ့ရပါသည်။ ဤကဲ့သို့သော ပြောင်းလဲကာ မဲပေးခြင်းသည် ၂၀၂၂ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ အနိုင်ရရှိမူနဲ့ ဆက်စပ်မူ့ ရှိနိုင်ကြောင်း သုံးသပ်ချက်ရှိပါသည်။ ရွေးကောက်ပွဲ သုံးခုကို လေ့လာမည်ဆိုပါက ၂၀၁၄တွင် ပြည်သူပါဝါပါတီက ၁၁၇ နေရာ၊ ဒီမိုကရက်တစ်ပါတီမှ ၈၀ နေရာကို  အနိုင်ရခဲ့ပါသည်။

၂၀၁၈ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီမှ ၁၅၁ နေရာ၊ ပြည်သူပါဝါပါတီမှ ၅၃ နေရာ အနိုင်ရခဲ့ပါသည်။ နောက်ဆုံးကျင်းပသော ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင်မှာမူ ပြည်သူပါတီက ၁၄၅ နေရာကို အနိုင်ယူနိုင်သောကြောင့် အများဆုံးအနိုင်ရရှိသော ပါတီဖြစ်လာပါသည်။ ထိုကဲ့သော အခြေအနေများကြောင်း ဗဟိုအုပ်ချုပ်ရေးနှင့် ပြည်နယ်အုပ်ချုပ်ရေးတွင် ပြည်သူပါဝါပါတီက စိုးမိုးအုပ်ချုပ်လာနိုင်မှာ ဖြစ်ပါသည်။ ကိုရီးယားလွှတ်တော်တွင်မူ  ဒီမိုကရက်တစ်ပါတီက စိုးမိုးလျက်ရှိသောကြောင့်၊ ၂၀၂၄ မတိုင်ခင်အထိတော့  လွတ်တော်တွင်မူ နှစ်ပါတီအကြား အရေးကြီးအဆိုများအတွက် အပေးအယူ လုပ်ရန် လိုအပ်နိုင်ပါသည်။ 


ဆလိုင်းချန်ဘိခ့်ကျဲအို
အင်းချွန်း၊တောင်ကိုရီးယားနိုင်ငံ
၂၀၂၂ခုနှစ် ဇွန်လ ၇ရက်နေ့

_________The End_____________

References

 

1. BBC. 2022 June 2. 지방선거 결과: 국힘 압승·민주 참패...중앙·지방권력 전면 교체. Published at https://www.bbc.com/korean/news-61670007

2. 한겨레 21. 한눈에 보는 6·1지방선거 결과. Published at https://h21.hani.co.kr/arti/politics/politics_general/52095.html

3. Financial Economy News. http://fnewstv.com/news/newsview.php?ncode=1065595505161422


Share:

Search