၁။ နိဒါန်း
တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ သမိုင်းနှင့် နိုင်ငံရေးအသွားအလာနှင့် အခင်းအကျင်းသည် များစွာဆင်တူနေပါသည်။ အထူးသဖြင့် လွှတ်လပ်ရေးရသည့်ကာလ၊ စစ်တပ်အာဏာသိမ်းသည့် ကာလ၊ စစ်အာဏာရှင်လက်ထက်၊ ပြည်သူများ အနှိပ်စက်ခံရပုံ၊ တော်လှန်ရေး ဆင်နွှဲပုံစသည့်သဖြင့် တူညီမူ့ပေါင်းများစွာ ရှိပါသည်။ အဓိက ကွဲပြားခြားနားချက်မှာမူ မြန်မာနိုင်ငံသည် လူမျိုးများပြားသော နိုင်ငံဖြစ်ပေမယ့် ကိုရီးယားနိုင်ငံတွင်မူ ကိုရီးယားလူမျိုးသာ ရှိနေခြင်းဖြစ်ပါသည်။ ၁၉၈၇ တွင် ဒီမိုကရေစီတော်လှန်ရေးကြီး အောင်မြင်သော
ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းသည် အချိန်အားဖြင့် အနှစ် ၃၀ ကျော်ကျော်သာ ရှိခဲ့ပေမယ့် အာဏာရှင် တိုက်ထုတ်မူ့နှင့် ဒီမိုကရေစီ အောင်မြင်နိုင်မူ့သည် ကမ္ဘာက လေးစားအားကျစရာအဖြစ် ရှင်သန်လျက်ရှိပါသည်။
ထိုထဲတွင် ဂွမ်းဂျူးမြို့၏ ၁၉၈၀ ခုနှစ် မေလ ၁၈ တွင် စပြီး ဖြစ်ပွားသော စစ်တပ်တော်လှန်ရေးကို လေ့လာမည်ဆိုပါက ပထမဆုံးဆန္ဒပြသည့်နေ့ မေလ ၁၈ရက်နေ့တွင့် ချွန်နမ်အမျိုးသားတက္ကသိုလ်ကျောင်းမှ ကျောင်းသူ/ကျောင်းသား ၂၀၀ ကျော်သည် မနက် ၉ နာရီတွင် စုစည်းဆန္ဒပြခဲ့ပါသည်။ ထို့သို့ ကျောင်းသားများ၏ မတရားစစ်တပ်ကို ကန့်ကွက်ဆန္ဒပြမူကို ဂွမ်းဂျူးမြို့သူမြို့သားများက လက်ပိုက်ကြည့်မနေဘဲ၊ ထောင်ပေါင်များစွာသော ဂွမ်းဂျူးသားများသည် ဆန္ဒပြမူတွင် ပူပေါင်းပါဝင်ကြခဲ့ပါသည်။ ဒီလိုမျိုးအခြေအနေများကြောင့် ပထမတွင် စစ်တပ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ကာ မောင်းထုတ်ဖို့ အားထုတ်ခဲ့ကြပေမယ့် ပြည်သူများ၏ ပူပေါင်းအင်အားကြောင့် ဂွမ်းဂျူးမြို့တွင် ပြည်သူအုပ်ချုပ်ရေးအဆင့်ရှိသော ကော်မတီကို တရားဟောဆရာများ၊ ရှေ့နေကြီးများနှင့် ပါမောက္ခများ ပါဝင်ကာ လူဦးရေ ၂၀လောက်ဖြင့် ဖွဲ့စည်းခဲ့သည်။
![]() |
၂၀၂၁ခုနှစ်တွင် အကြမ်းဖက်စစ်တပ်မှ ထန်ထလန်မြို့ကို မီးရှို့နေစဥ် |
ထိုကော်မတီသည် စစ်တပ်နဲ့ ဆွေးနွေးမူများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် စစ်တပ်သည် ဂွမ်းဂျူးမြို့သူ/မြို့သားများ၏ လက်နက်ချရေးကိုသာ လိုလားခဲ့သောကြောင့် ငြိမ်းချမ်းရေး ပျက်ပြယ်ခဲရသည်။ ထိုနောက်တွင် စစ်တပ်သည် စစ်လက်နက်နှင့်စစ်ဝတ်စုံအပြည့်ဖြင့် အပြစ်မဲ့ပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ကာ ဂွမ်းဂျူးမြို့ကို ဝင်ဆီးကြပါသည်။ သို့သော်လည်း ဂွမ်းဂျူးမြို့သူ/ မြို့သားများသည် အရှုံးပေးခြင်း မရှိဘဲ စစ်တပ်ကို အသက်နဲ့ပေးကာ တိုက်ထုတ်နေခြင်းကြောင့် အပြစ်မဲ့ ဂွမ်းဂျူးမြို့သူ/မြို့သား ၂,၃၀၀ ကျော်သည် အကြမ်းဖက်စစ်တပ်က အသတ်ခံခဲ့ရပါသည်။ ဤနေရာတွင် လေ့လာနိုင်သည်မှာ ပထမတစ်ချက်တွင် ဂွမ်းဂျူးမြို့က ကျောင်းသူ/ကျောင်းသားများ၏ ရဲစွမ်းသတ္တိနှင့် ပြည်သူများ၏ စည်းလုံးမူ့ ဖြစ်ပါသည်။ ဒုတိယတစ်ချက်သည် ပြည်သူများ၏ တရားမျှတမူ့အတွက် ရပ်တည်ချက်ဖြစ်ပါသည်။ ဤကဲ့သို့သော
အခြေအနေများကြောင့် ဒီစာတမ်းတွင် လက်ရှိမြန်မာနိုင်ငံ၏ တော်လှန်ရေး၌
ဂွမ်းဂျူးလို့မျိုး စစ်တပ်ကို တော်လှန်နေသော နယ်မြေသုံးခုကို ရွေးချယ်ကာ
ရေးသားထားပါသည်။
၂။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ ပါဝင်မူ့နှင့် လက်ရှိအခြေအနေများ
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက တတိယအကြိမ် စစ်တပ်အာဏာသိမ်းမူ့ကြောင် ဖြစ်ပေါ်လာသော ပြည်သူအုံကြွမူ့သည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးကျယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ထိုကဲ့သို့သော ဆန္ဒပြမူ့ကို စစ်တပ်က သူ၏ လုပ်ထုံးလုပ်နည်းအတိုင်း အကြမ်းဖက်ပြီး ဖြေရှင်းဖို့ကြိုးစားရာတွင် နိုင်ငံရေးအကျဥ်းသားများ ကူညီရေးအသင်း၏ မှတ်တမ်းအရ [1]အမြစ်မဲ့ ပြည်သူဦးရေ ၁,၈၈၃ ကျော်သည် နိုင်ငံတော်အတွက် အသက်ပေးလျူကြပြီး၊ သေဒဏ်ပေးခံရသူမှာ ၁၁၃ ဦး၊ အသက်ရှင်လျက် မီးရှို့ခံရသူ ၅၂ဦး၊ အဖမ်းခံရသူ ၁၀,၈၇၀ဦး ကျော် ရှိပါသည်။
တစ်ဖက်တွင် စစ်တပ်သည် သူတို့အာဏာတည်တံ့ခိုင်မြဲရေးအတွက်
ပြည်သူ့နေအိမ်များကို မီးရှို့နေကြောင်းကို Institute
for Strategy and Policy- Myanmar ၏ မှတ်တမ်းအရ တွေ့ရှိရပါသည်။
ထိုမှတ်တမ်းထဲတွင် စစ်ကိုင်းတိုင်းတွင် ၁၅,၅၃၀ လုံးကျော်၊ မကွေးတိုင်းတွင်
၄,၈၂၂လုံး၊ ချင်းပြည်နယ်တွင် ၂,၂၁၀ကျော်၊ ကယားပြည်နယ်တွင် ၄၁၉ လုံးကျော်၊
ရှမ်းပြည်နယ်တွင် ၂၆၂လုံး၊ မန္တလေးတိုင်းတွင် ၇၃လုံး၊ တနင်္သရီတိုင်းတွင် ၂၉လုံး၊
ပဲခူးတိုင်းတွင် ၂၆လုံးနှင့် ကရင်ပြည်နယ်တွင် ၁၆လုံးအထိ ပါဝင်ပါသည်။ UNHCR မှ ထုတ်ပြန်သော ၂၀၂၂ခုနှစ် မေလ ၄ရက်နေ့အထိ စစ်တပ်အာဏာသိမ်းမူကြောင့် စစ်ဘေးဒုက္ခသည်နှင့် ဒုက္ခသည်စာရင်းမှာ ၉၃၆,၇၀၀ဦး ရှိခဲ့ပါသည်။ ထိုထဲတွင် စစ်ကိုင်းတိုင်းတွင် ၂၄၀,၆၀၀ဦး၊ ကရင်ပြည်နယ်တွင် ၉၆,၀၀၀ဦး၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ မွတ်စလင် အသိုင်းအဝိုင်းအများက ၂၂၃,၁၀၀ဦး၊ ရှမ်းပြည်နယ်တွင် ၆၉,၈၀၀ဦး၊ ကယားပြည်နယ်တွင် ၈၉,၇၀၀ဦးနှင် တခြားနေရာများတွင် ထောင်ပေါင်းများစွာသော ပြည်သူများသည် ပါဝင်ပါသည်။
၃။ မြန်မာနိုင်ငံက ဂွမ်းဂျူးမြို့လို နယ်မြေ (၃)ခု၏ တော်လှန်ရေးပေးဆပ်မူများ
အကြမ်းဖက်စစ်တပ်ကို နည်းမျိုးစုံအသုံးပြုကာ ပြည်သူအတွက် တိုက်ပွဲဝင်နေကြသောနယ်မြေသည် တစ်နိုင်ငံလုံးအတိုင်းအတာရှိဖြစ်ပေမယ့် အရဲရင့်ဆုံးနှင့် ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီမြို့တော် ဂွမ်းဂျူးမြို့သူ/မြို့သားများ၏စိတ်ဓာတ်နဲ့ ထပ်တူအဖြစ်ဆုံးနယ်မြေ (၃)ကို ရွေးချယ်ကာ အောက်ပါအတိုင်း စုစောင်းတင်ပြရပါသည်။
(က) ချင်းပြည်နယ်
ချင်းပြည်နယ်တွင် Global Thantlang Relief Organization ၏ မှတ်တမ်းအရ
အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းနှင့် လူနေအိမ်မီးရှို့ခြင်းများကြောင့် လူဦးရေ
၈,၀၀၀ ခန့်သော ထန်တလန်မြို့သူ/မြို့သာများသည် ဘေးကင်းရာ ထွက်ပြေးလျက်ရှိပါသည်။
စစ်တပ်သည် ထန်တလန်မြို့ကို အကြိမ် ၂၈ အထိ မီးရှို့မူ့ ကျူးလွန်ကာ လူနေအိမ်၊
ဘုရားကျောင်းနှင့် စာသင်ကျောင်းများ လောင်ကျွမ်းပြာကျခဲ့သည်မှာ ၁,၃၁၄ လုံး ရှိပြီးဖြစ်ပါသည်။
သို့သော်လည်း ထန်တလန်မြို့သူမြို့သားများသည် အရှုံးပေးခြင်း မရှိဘဲ၊
ပြည်သူများနှင့် အတူပူပေါင်းကာ တော်လှန်ရေးအတွက် ပါဝင်နေဆဲ ဖြစ်ပါသည်။
ထန်တလန်မြို့သားတစ်ဦးက “ဘုရားသခင်းက ကျနော်တို့ကို ပေးသောအိမ်ကို ယူသွားပါပြီ၊
သူပြန်ပေးမှာပါ။ ဒါပေမယ့် စစ်တပ်ကိုတော့ အပြတ် ချေးမှုန်းရမည်။
တော်လှန်ရေးအောင်မြင်တဲ့အချိန်တွင် ပိုကောင်းသော ထန်ထလန်မြို့
တည်ဆောက်ရပါ့မယ်လို့” ပြောဆိုခဲပါသည်[3]။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ
၁ရက်နေ့က နေ ၂၀၂၂ခုနှစ်မတ်လအထိ အကြမ်းဖက် စစ်တပ်မှ ချင်းလူမျိုးများ အကြမ်းဖက်ခံမူ
မှတ်တမ်း။
တခြား ချင်းပြည်နယ်မြို့တစ်မြို့ဖြစ်သော မင်းတပ်မြို့သည် ၂၀၂၁ခုနှစ်ကနေလက်နက်ကိုင်တော်လှန်ရေး
ဆင်နွဲရာတွင် ကလေးမြို့ပြီးလျှင် ပထမဆုံး စစ်တပ်နဲ့ ထိပ်တွေ့မူ အစပြုသော မြို့တစ်မြို့ဖြစ်ပါသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF-
Mindat) ၏ အင်အားသည် တစ်နိုင်ငံလုံးအတိုင်အတာဖြင့် လေးစားဖွယ်ဖြစ်ပြီး
လက်ရှိအချိန်ထိ မင်းတပ်မြို့တွင် မင်းတပ်ပြည်သူအုပ်ချုပ်ရေးဖွဲ့စည်းကာ
အကောင်အထည်ဖော်နိုင်ဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများက ကြိုးစားနေရကြောင်း
သတင်းများက ဖော်ပြပါသည်။ အတွင်းသတင်းအရ ချင်းပြည်နယ်တွင် ပြည်သူတော်လှန်ရေးကို
လက်နက်ကိုင်လမ်းစဥ်ဖြင့် ဆင်နွှဲနေသော အဖွဲ့အစည်း ၂၀ နီးပါးရှိကာ၊ ရ၅%သော ချင်းပြည်နယ်အကျယ်အဝန်းကို ချင်းပူပေါင်းကောင်စီများက
အုပ်ချုပ်လျက်ရှိသည်ဟု ဆိုပါသည်။
(ခ) စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်းသည် တခြားနေရာများနှင့် မတူဘဲ ၂၀၂၁နောက်ပိုင်းတွင်
မြန်မာနိုင်ငံ၌ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ပထမဆုံး စတင်ခဲ့သည့်
တိုင်းဖြစ်သလို၊ အာဏာသိမ်းမူကြောင့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဥ်ဖြင့်
ပထမဆုံး တော်လှန်ရေးစတင်ရာ ကလေးမြို့တွင် ပြည်သူများသည် အသက်အန္တယ်
ခြိမ်းခြောက်ခံရမူ့များကပင် ဆန္ဒတွေ ဖော်ထုတ်လျက်ရှိပါသည်။ တခြား
စစ်ကိုင်းတိုင်းထဲက မြို့များ၊ ရွှာများတွင်လည်း ရရာလက်နက်ကို ကိုင်စွဲကာ
ခုခံကာကွယ်နည်းစနစ်ဖြင့် ပြည်သူများသည် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းမှ
ကင်းလွှတ်နိုင်ရန် တော်လှန်ရေး ဆင်နွှဲလျက်ရှိပါသည်။ စစ်ကိုင်းတိုင်၏ အားသာချက်သည်
ပြည်သူများစည်းလုံးခြင်း အင်အားကနေ ဆင်းသက်လာသော ပြည်သူကာကွယ်ရေးတပ်များ (PDFs) အင်အား
တောင့်တင်းနေခြင်း ဖြစ်ပါသည်။
တိုင်းရင်းသားနက်ကိုင်များ ဖြစ်ကြသော KIO နှင့် CNFများနဲ့ ပူပေါင်းမူ့များကြောင့်
စစ်ကိုင်းတိုင်သည် မြန်မာပြည်၏ လွတ်မြှောက်နယ်မြေဖြစ်ရန် အလားအလားရှိသော
တိုင်းဖြစ်ပါသည်။
ဆန္ဒပြစဥ်ကာလတွင်လည်း စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်တဲ့
မုံရွာမြို၏ စည်းလုံးမူ့အင်အားသည် ကမ္ဘာမီဒီယာများမှ မြန်မာနိုင်ငံက ဂွမ်းဂျူးလို့
တင်စားခြင်း ခံခဲ့ရပါသည်[4]။
ဤကဲ့သို့သော တော်လှန်ရေးသတ္တိများကြောင်း စစ်ကိုင်းတိုင်းတွင် Institute for
Strategy and Policy- Myanmar ၏ ၂၀၂၂ခုနှစ် မေလ ၄ရက်နေ့အထိ ကောက်ယူသော ဒေတာအရ စစ်တပ်၏ မတရား
သတ်ဖြတ်ခံရသော စစ်ကိုင်းတိုင်းဦးရေမှာ ၅၉၉ ရှိပြီး ဖြစ်သလို၊ စစ်ပြေးဒုက္ခသည်
ဦးရေသည်လည်း ၂သိန်း ခွဲနီးပါး ရှိလာပါသည်။ အကြမ်းဖက်စစ်တပ်များက
စစ်ကိုင်းတိုင်းတွင် ပြည်သူနေအိမ်နှင့် အများပြည်သူပိုင်အိမ်
မီးရှို့နှုန်းသည်လည်း တစ်နိုင်ငံအတိုင်းအတာဖြင့် အများဆုံးဖြစ်ကြောင်း Institute for
Strategy and Policy- Myanmar ဒေတာအရ သိရှိနိုင်ပါသည်။ စစ်ကိုင်းတွင်တွင် ပြည်သူ့နေအိမ်နှင့် အများပြည်သူပိုင်အိမ်
၁၅,၅၃၀ ကျော် မီးရှို့ခံခဲ့ရပါသည်။
(ဂ) ကယားပြည်နယ်
ကယားပြည်နယ်သည် နယ်နိမိတ်အားဖြင့်
နေပြည်တော်နဲ့ နီးစပ်သောကြောင့် အကြမ်းဖက်စစ်တပ်များသည် ကယားပြည်နယ်ကို
တော်လှန်ရေးဗျူဟာအရ အဓိက အချက်အချာကျရာနေရာဖြစ်ကြောင်း နားလည်း
သဘောပေါက်ဟန်တူပါသည်။ အထူးသဖြင့် ခရစ်ယာန်ဘာသာကို အများစုကိုးကွယ်ကြသော
ကယားပြည်နယ်တွင် ၂၀၂၁ခုနှစ် ခရစ်စမတ်မတိုင်ခင် ဒီဇင်ဘာ ၂၄ ရက်နေ့တွင်
အကြမ်းဖက်စစ်တပ်မှ လေယာဥ်ကို အသုံးပြုကာ အပြစ်မဲ့ ပြည်သူများကို ပစ်ခတ်မူ့[5]သည်
လူသားများအပေါ် အပြစ်ကျူးလွန်းမူ့ကြီး ဖြစ်ခဲ့ရပါသည်။ ဤကဲ့သို့သော
အကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမူ့ကိုလည်း နိုင်ငံတကာက ထုတ်ပြန်ချက်များစွာဖြင့် ဆန်ကျင်ရှုတ်ချခဲ့ကြပါသည်။
ဤကဲ့သို့သော စစ်တပ်၏ ဖိစီးမူနှင့်သတ်ဖြတ်ခံရမူကြားကပင်
ကယားပြည်နယ်တွင် မြန်မာနိုင်ငံသားများသည် Karenni
Nationalities Defense Force-KNDF နှင့် Karenni Generation Z army (KGZ Army)ကို ထူထောင်ကာ
အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်သည်မှာ တစ်နှစ်ပြည့်ပြီး ဖြစ်ပါသည်။
ယနေ့အချိန်ထိ ကယားပြည်နယ်ကို အကြမ်းဖက်စစ်တပ်က မသိမ်းနိုင်သေးဘဲ၊ ပြည်သူများက
ခုခံနေလျက်ရှိပါသည်။ ကယားပြည်နယ်တွင် Kareni Human Rights Group နှင့် Institute for
Strategy and Policy- Myanmar ဒေတာအရ စစ်တပ်၏ မတရား
သတ်ဖြတ်ခံရသော ကယားပြည်နယ်ဦးရေမှာ ၈၂ဦး၊ မီးရှို့ခံရသော လူနေအိမ်နှင့် အများပြည်သူပိုင်အိမ်
အရေအတွက်မှာ ၄၁၉လုံး၊ စစ်ပြေးဒုက္ခသည် ဦးရေမှာ ၈၉,၇၀၀ နှင့် အဖမ်းခံရသူဦးရေ
၄၂ကျော် ရှိပါသည်။
၄။ နိဂုံး
လက်ရှိအချိန်တွင် သင်္ချာနည်းအရ စစ်တပ်လို အင်အားကောင်းသော
အင်စတားဂျူးရှင်းသည် ပြည်သူထံတွင် ရှိသင့်ကြောင့်ကို ပြည်သူများက
သဘောပေါက်နာလည်းနိုင်မူများနဲ့အတူ ဗမာလူမျိုးနိုင်ငံရေး ပလေယာများနှင့်
တိုင်းရင်းသားနိုင်ငံရေးပလေယာများ ပေါင်းစပ်မူကနေ “ဖက်ဒရယ်ဒီမိုကရေစီအရေး”အတွက်
တညီတညွတ် အကြမ်းဖက်စစ်တပ်ကို ခုံခံတိုက်ခိုက် တော်လှန်လျက်ရှိပါသည်။
အမျိုးသားညီညတ်ရေးအစိုးရသည် ဝန်ကြီးဌာန ၁၇[6]
ဖြင့် ဖွဲ့စည်းကာ ၉၁ရာခိုင်နှုန်းသောပြည်သူလူထုက ထောက်ခံသော အစိုးရဖြစ်ပါသည်။
နိုင်ငံတကာတွင်လည်း အမျိုးသားကိုယ်စားလှယ်ဖွင့်နိုင်မူ့သည် တနေ့ထက်တစ်နေ့
တိုးတက်လာကာ ၂၀၂၂ခုနှစ် ဇွန်လအထိတွင် နိုင်ငံ (၇)[7]
နိုင်ငံတွင် တရားဝင်ရုံး ဖွင့်လှစ်နိုင်သလို၊ UN နှင် ASEAN တွင်လည်း သံအမတ်ထားရှိကာ
နိုင်ငံတကာတွင် အကြမ်းဖက်စစ်တပ်ကို အပြတ်အသတ်အနိုင်ရနေကြောင်းကို လေ့လာတွေ့ရှိနိုင်ပါသည်။
ပြည်တွင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် တခြားဒေသရှိ ပြည်သူများ၏လှုပ်ရှားမူ့များသည် တစ်ဖြည်းဖြည်း တိုးတက်လာကာ စစ်တပ်ကို ထိန်းချုပ်လာနိုင်ကြောင်း လေ့လာတွေ့ရှိပါသည်။ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းသည် ၂၀၂၁ခုနှစ်တွင် PDFs ကို (၃)လအတွင်း အပြတ်ချေးမှုန်းမည်ဟု ပြောကြားသော်လည်း ၇လကြာအထိ မထိန်းနိုင်သည့်အပြင် PDFs အင်အားသည် တိုးပွားလျက်ရှိပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နေပြည်တော်ကို သိမ်းပိုက်နိုင်ဖို့ အလားလားရှိပြီဖြစ်ကြောင်း ၂၀၂၂ခုနှစ် ၄လပိုင်းတွင် သူဖေ့ဘုတ်တွင် ရေးသားဖော်ပြခဲ့ပါသည်။
______________xxxxxxxx_____________
[3] တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်သော ထန်တလန်ခေါင်းဆောင်တစ်ဦးမှ ပြောကြားချက် ဖြစ်သည်။
[4]
https://imnews.imbc.com/replay/2021/nwdesk/article/6140183_34936.html
[5]
https://www.aljazeera.com/news/2021/12/30/a-dark-christmas-in-myanmar
[7] https://asia.nikkei.com/Spotlight/Myanmar-Crisis/Myanmar-shadow-government-sets-up-office-in-South-Korea
[8]
https://www.myanmar-now.org/en/news/over-8000-soldiers-and-police-officers-have-joined-the-civil-disobedience-movement-says
[9]
https://www.myanmar-now.org/en/news/myanmar-army-lieutenant-colonel-defects-to-the-resistance
[10] အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၂ခုနှစ် မေလ ၁၇ရက်နေ့တွင် ထုတ်ပြန်ချက် သတင်းများတွင် အကြမ်းဖက်စစ်သားများ သေဆုံးသူဦးရေမှာ ၁၄,၈၉၀ဦးရှိကာ၊ ပြင်ထန်းသော ဒဏ်ရာရရှိသူ ၄,၈၁၄ဦး ရှိ။
0 comments:
Post a Comment