Empower, Engage and Inspire

Thursday, April 11, 2024

၂၂ကြိမ်မြောက် တောင်ကိုရီးယားနိုင်ငံ၏ လွတ်တော်ရွေးကောက်ပွဲကို လေ့လာခြင်း

Chan Bik Ceu
chanbikceu@gmail.com

နိဒါန်း

၂၀၂၄ခုနှစ် ဧပြီလ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်သော တောင်ကိုရီးယားနိုင်ငံ၏ ၂၂ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အပြတ်အသတ်အနိုင်ရရှိကြောင်း သတင်းတက်လာပါသည်။ ဤရွေးကောက်ပွဲတွင် မဲပေးနှုန်းသည် ၆၇% ရှိရာ ၁၉၉၂ နောက်ပိုင်း အများဆုံးမဲပေးနှုန်း ဖြစ်ပါသည်။ လွတ်တော်အမတ် စုစုပေါင်း (၃၀၀) နေရာအနက်  ဒီမိုကရက်တစ်ပါတီ (더불어민주당) မှ ၁၇၅နေရာ (၅၈.၃၃%)၊ လက်ရှိ တောင်ကိုရီးယားနိုင်ငံ၏ သမ္မတပါတီဖြစ်တဲ့ ပြည်သူအာဏာပါတီ ( 국민의 힘 당)မှ ၁၀၈နေရာ (၃၆.၀၀%) နှင့် တခြားပါတီငယ်များမှ ၁၇မဲစီ အသီးသီး အနိုင်ရရှိကြောင်း အချက်အလက်များအရ တွေ့ရှိရပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် လွတ်တော်ရွေးကောက်ပွဲကို ရွေးကောက်ပွဲ စနစ်နှစ်ခုဖြစ်တဲ့ နိုင်သူအားလုံးယူစနစ် (First Past the Post)ဖြင့် ဒေသအလိုက် (지역구) အတွက် အမတ် ၂၅၄ဦးနှင့် အချိုးကျစနစ် (비례대표- Proportional Representation) ဖြင့် ၄၆ဦးကို အသက် (၁၈)နှစ်အထက် ကိုရီးယားနိုင်ငံသူ/သားများမှ မဲ (၂) မဲ ဖြင့် ရွေးချယ်တင်မြောက်ကြတာ ဖြစ်ပါသည်။


ပုံ၁- ပါတီအလိုက်အနိုင်ရရှိမူ့

ရွေးကောက်ပွဲစနစ်အလိုက် ၂၂ကြီမ်မြောက် လွတ်တော်ရွေးကောက်ပွဲ ရလဒ်ကို ‌လေ့လာမည်ဆိုပါက ဒီမိုကရက်တစ်ပါတီသည် FPTP စနစ်ဖြင့် ၂၅၄နေရာအနက် ၁၆၁နေရာ နှင့် PRစနစ်ဖြင့်  ၄၆နေရာအနက် ၁၄နေရာတွင် အနိုင်ရသလို၊ ပြည်သူအာဏာပါတီသည် FPTP စနစ်ဖြင့် ၉၀နေရာနှင့် PRစနစ်ဖြင့် ၁၈ နေရာတွင် အနိုင်ရပါသည်။ ဤရလဒ်ကြောင့် လက်ရှိသမ္မတပါတီသည် အပြတ်အသတ်ရှုံးနိမ့်ကြောင်းနှင့် လွတ်တော်တွင် ဒီမိုကရက်တီပါတီ၏ ဦးဆောင်မူ့ကို ခံယူရတော့မှာဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင့် တောင်ကိုရီးယားနိုင်ငံရေးသည် လွတ်တော်နှင့် အစိုးရအကြား ပြိုင်ဆိုင်မူ ပြင်းထန်လာဖွယ်ရှိပါသည်။ အဓိပ္ပယ်ကတော့ အရေးကြီးသည့်အဆိုများအတွက် သမ္မတနှင့် လွတ်တော်အကြား ညှိးနှိုင်းရေး သဘောတူညီချက် လိုအပ်မည့်အခြေအနေ ဖြစ်ပါသည်။ ထို့ကြောင့် ဒီ လေ့လာမူစာတမ်းတိုတွင် ၂၂ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အနိုင်ရရှိမူ့ကြောင့် ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေး အခင်းအချင်းများကို အွန်လိုင်းက မှတ်တမ်းတစ်ချို့ကို အသုံးပြုကာ အောက်ပါအတိုင်း သုံးသပ်ရပါသည်။

 

ဒီမိုကရက်တစ်ပါတီ၏ အနိုင်ရရှိမူ့နဲ့ ပက်သက်ပြီး သုံးသပ်ချက်

တောင်ကိုရီးယားနိုင်ငံတွင် သမ္မတသည် (၅)နှစ် သက်တမ်းအတွက် ပြည်သူများမှ တိုက်ရိုက်မဲဖြင့် ရွေးကောက်ပွဲတင်မြောက်ကြသည်။ သမ္မတရွေးကောက်ပွဲ ပြီးတဲ့နောက်နှစ်များတွင် (၄)နှစ်သက်တမ်းအတွက် လွတ်တော်အမတ်ရွေးကောက်ပွဲသည် ကျင်းပလျက်ရှိရာ ရှေ့ယခင်များတွင် သမ္မတရွေးကောက်ပွဲအနိုင်ရသူ၏ ပါတီသည် နောက်လွတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရရှိမူ့ များပြားခဲ့‌သည်။ အချက်အလက်အရကြည့်လျှင် ၂၀၂၂ခုနှစ်တွင် ကျင်းပသော ၂၁ ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲကို လေ့လာမည်ဆိုပါက ၂၀၁၇ခုနှစ်တွင် သမ္မတဖြစ်လာသူ သမ္မတ မွန်ဂျေအင်းပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီမှ လွတ်တော်အမတ်နေရာ  ၃၀၀အနက် ၁၈၀နေရာတွင် အပြတ်အသတ် အနိုင်ရရှိကြောင်းကို တွေ့ရှိရသည်။ သို့သော် ၂၂ကြိမ်လွတ်တော်ရွေးကောက်ပွဲတွင်မူ လက်ရှိသမ္မတပါတီ မဟုတ်သော ပြိုင်ဘက်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီမှ အပြတ်အသတ်အနိုင်ရရှိကြောင်း ထူးခြားစွာ တွေ့ရပါသည်။

ဤကဲ့သို့အခြေအနေများနဲ့ ပက်သက်ပြီး လက်ရှိ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်လည်းဖြစ်သူနှင့် ၂၀၂၂ခုနှစ်တွင် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတကို ၀.၇၃ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်သူ အီဂျေမြောင်ကတော့ “ ပြည်သူတွေက ကျနော့်ကို ရွေးကောက်တင်မြောက်တာဟာ သမ္မတာယွန်းဆော့ယို အစိုးရကို စိန်ခေါ်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီသည် ပြည်သူများ၏ လူနေမူအဆင့်အတန်း မြှင့်တင်ရေး၊ လူနေမူအသိုင်းအဝိုင်း တည်ဆောက်ရေးနှင့် စီပွားရေး ပြည်လည် ကောင်းမွန်းလာရေးကို အဓိကထားကာ ကြိုးပမ်းသွားပါ့မယ်[i]” ဟု ဆိုပါသည်။ အင်းဟာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါဆိုင်ရာ မောက္ခတစ်ဦးဖြစ်တဲ့ ကင်အုံကောင်ခ်က လက်ရှိဒီမိုကရက်ပါတီ၏ အပြတ်အသတ်အနိုင်ရရှိမူ့နဲ့ ပက်သက်၍ မှတ်ချက်ပေးရာတွင်, “ သမ္မတပါတီ (ပြည်သူအာဏာပါတီ) ကတော့ သတိပေးခြင်းခံနေရပေမယ့် သတိပေးမူ့ကို မဖြေရှင်းနိုင်တာကြောင့် ရှုံးနိမ့်သွားတာပါ” လို့ ဆိုပါသည်။ ဆက်လက်ပြီး သူက ဒီမိုကရက်တစ်ပါတီကို ပြည်သူများမှ တင်မြောက်ခြင်း၏ အဓိပ္ပယ်သည် ပြည်သူများသည် ကိုရီးယားနိုင်ငံရေးတွင် အာဏာ အလေးညီမျှမူ့ (Power Balance)ကို လိုလားမူ့ ပြသတာဖြစ်ကြောင်းကို သုံးသပ်ပါသည်[ii]

ဒီမိုကရက်တစ်ပါတီမှ အပြတ်အသတ်အနိုင်ရရှိမူ့က ဘာကို သက်ရောက်စေမလဲ

တောင်ကိုရီးယားနိုင်ငံတွင် အမတ်ဦးရေ (၃၀၀) အတွက် တစ်ပါတီမှ ၁၅၁ဦး၊ ၁၈၀ဦးနှင့် ၂၀၀ ဦး အနိုင်ရလျှင် ဥပဒေအရ နိုင်ငံရေးလုပ်ပိုင်ခွင့် ခွဲပြားပါသည်။ ဤအမတ်ဦးရေအလိုက် လုပ်ပိုင်ခွင့်နဲ့ ပက်သက်ပြီး အချက် (၃)ချက်ဖြင့်  လေ့လာမည့်ဆိုပါက လက်ရှိဖွဲ့စည်းပုံဥပဒေအရ လွတ်တော်တွင် ပါတီတစ်ခုမှ အမတ် (၁၅၁)နေရာ အနိုင်ရပါက နိုင်ငံတော်၏ ဥပဒေ (အသေးစား) များ ပြဌာန်းနိုင်ခြင်းနှင့် အစိုးရ၏ ရာထူးကြီးနေရာများ (ဝန်ကြီးချုပ်၊ ရှေ့နေချုပ် စသည်သဖြင့်)အတွက် သမ္မတမှ တိုက်ရိုက်ခန့်အပ်မူ့ကို လွတ်တော်မှ ပျက်ချနိုင်ပါသည်။ အဓိပ္ပယ်ကတော့ လွတ်တော်တွင် သမ္မတမှ အစိုးရ၏ ကြီးလေးတဲ့ရာထူး ခန့်အပ်ကြောင်းတင်ပြမူ့ကို လွတ်တော်တွင် ထောက်ခံမူ ၁၅၁မဲ မရပါက ဥပဒေအရ တရားမဝင်ခြင်းကို ဆိုလိုပါသည်။ ထို့အပြင် သမ္မတနှင့် သူ့အစိုးရကို လွတ်တော်မှ စွပ်ဆွဲချက်တင်လိုလျှင် ၁၅၁မဲဖြင့် စွပ်စွဲချက်တင်နိုင်မှာ ဖြစ်ပါသည်။ ဒုတိယတချက်မှာ အကယ်၍ လွတ်တော်ရွေးကောက်ပွဲတွင် တစ်ပါတီမှ ၁၈၀ဦး အနိုင်ရရှိပါက ဘာတွေ ဖြစ်နိုင်သလဲဆိုတဲ့ အချက်လေ့လာမည်ဆိုပါက လွတ်တော်တွင် တစ်ပါတီမှ ၁၈၀နေရာ (ဝါ)_၁၈၀နေရာအထက် အနိုင်ရလျှင်၊ ကြီးလေးတဲ့ဥပဒေကြမ်းများကို လွတ်တော်တွင် တင်သွင်းကာ ပြဌာန်းခွင့်ရှိမှာ ဖြစ်ပါသည်။ ထို့အပြင့် fast track -  패스트트랙 လို့ခေါ်တဲ့ အမြန်လမ်းကြောင်းဖြင့် ဥပဒေပြဌာန်းခွင့်ကိုလည်း ရရှိမှာ ဖြစ်ပါသည်။ အဓိပ္ပယ်ကတော့ ၁၈၀မဲ မရသော အတိုက်အခံပါတီမှ ဥပဒေပြဌာန်းမူ့ကို နှေးကွယ်စေရန် “필리버스터- Filibuster” ကြိုးစားမူ့ကို ဖျက်ပယ်ခွင့်ကို ဦးဆောင်ပါတီမှ ပိုင်ဆိုင်ခွင့် ရှိသည်ဟူသည့် အချက်ဖြစ်သည်။

တတိယအချက်ဖြစ်တဲ့ လွတ်တော်တွင် အမတ်ဦးရေ  ၂၀၀ ကျော် တစ်ပါတီမှ အနိုင်ရလျှင် နိုင်ငံတော်၏ အာဏာအများအပြားသည် လွတ်တော်တွင် ရှိမည်သဘောဖြစ်သည်[iii]။ အဓိပ္ပယ်ကတော့ သမ္မတ၏ တောင်းဆိုပိုင်ခွင့် (ဗီတိုအာဏာ) ကို လွတ်တော်မှ ကြားဖြတ်နိုင်သလို၊ သမ္မတကို စွဲစွပ်ချက်တင်ခြင်းနှင့် သမ္မတာပါဝါကို ကို လွတ်တော်သို့ လွဲပြောင်းပေးခြင်း အာဏာများကို လွတ်တော်ကို ၂၀၀ နေရာ (ဝါ) ၂၀၀ အထက်နေရာဖြင့် ကြီးစိုးသော ပါတီမှ ပိုင်ဆိုင်မည့်သဘော ဖြစ်ပါသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကိုလည်း လွတ်တော်တွင် အတည်ပြုနိုင်သလို၊ လွတ်တော်အမတ်များ ထုတ်ပယ်ခြင်းများကိုလည်း တစ်ပါတီမှာ လုပ်ဆောင်ခွင့် ရှိမှာဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင့် သမ္မတပါတီမဟုတ်သော ပါတီမှ လွတ်တော်ကို ကြီးစိုးတဲ့အခါတွင် ကြီးစိုးနှုန်းများလေလေ၊ လုပ်ပိုင်ခွင့်များလေလေဖြစ်သည်ကို ပထမအချက်အနေဖြင့် တွေ့ရှိရပါသည်။ ဒုတိယတစ်ချက်အနေနဲ့ လက်ရှိအခြေအနေတွင် ၂၂ကြီမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှာ အမတ် ၁၇၅ဦး အနိုင်ရရှိမူ့ကြောင့် လွတ်တော်သည် သမ္မတဦးဆောင်တဲ့ အစိုးရနှင့် “ညှိနှိုင်းရေးလမ်းစဥ်” ကို ကျင်းသုံးရမည့် အခြေအနေဖြစ်ပါသည်။ အစိုးရနှင့် လွတ်တော်အကြား ညှိနှိုင်းရေးကို အငြင်းအခုံအားကောင်းမူ့ကြောင့် တိုက်ရိုက်မလုပ်ဆောင်နိုင်ပါက ကြာခံအဖွဲ့ကို ဖွဲ့ကာ Party Government Consultative Meeting တွင် ညှိနှိုင်းရမှာ ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရက်တစ်၏ အနိုင်ရရှိမူ့သည် ကိုရီယားနိုင်ငံရေးကို သက်ရောက်မူ့ ကြီးကြီးမားမား ရှိစေမှာဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။

နယ်မြေအလိုက် အနိုင်ရရှိမူ့

ပုံ (၂)တွင် တွေ့ရှိသည့်အတိုင်း ၂၂ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် ပါတီများအကြား အနိုင်ရမူ့သည် နယ်မြေအလိုက် ထူးခြားမူ့များစွာရှိကြောင်း တွေ့ရပါသည်။ အထူးသဖြင့် နိုင်ငံတော်၏ အရှေ့ဘက်ခြမ်းသည် ပြည်သူအာဏာပါတီဖြစ်တဲ့ အနီပါတီမှ အပြတ်အသတ် အနိုင်ရထားသလို့၊ ကျန်တစ်ဘက်ခြားသည်လည်း ဒီမိုကရက်တစ်ဖြစ်တဲ့ အပြာပါတီမှ အနိုင်ရထားပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ မြေပုံအလိုက်ကြည့်ကာ ဆုံးဖြတ်မည့်ဆိုပါက အရှေ့ဒေသနှင့် အနောက်ဒေသသည် ပါတီရွေးချယ်ရာတွင် ဆန့်ကျင်ဘက်သဘောကို ရွေးချယ်ကြကြောင်းကို တွေ့ရှိရပါသည်။ ၁၇ခုသောပြည်နယ် (행정 구역)အလိုက် အနိုင်ရရှိမူ့ကို လေ့လာမည်ဆိုပါက 인천. 서울. 충남. 전북. 광주. 전남 제주 တွင် ဒီမိုကရက်တစ်ပါတီမှ အနိုင်ရရှိထားသလို၊ 경기. 강원. 경복. 대구. 울산.경남. 부산 များမှာမူ ပြည်သူအာဏာပါတီမှ အနိုင်ရရှိပါသည်။ တခြား ပြည်နယ် (၃)ခုဖြစ်တဲ့ 충북. 세중. 대전 တွင် ဒီမိုကရက်တစ်ပါတီမှာ မတိမ်းမယိမ်းအနိုင်ရကြောင်း တွေ့ရှိရပါသည်[iv]


ပုံ ၂- ၁၇ခုသောပြည်နယ် (행정 구역)အလိုက် အနိုင်ရရှိမူ့ကို


            ၂၁ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲရလဒ်နှင့် ၂၂ကြိမ်မြောက် ရွေးကောက်ပွဲကို နယ်မြေအလိုက် နှိုင်းယှဥ်ကြည့်မည်ဆိုပါက တူညီသည် အချက်တစ်ခု တွေ့ရှိရပါသည်။ ဤသည်မှာ ၂၁ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံ၏ အ‌‌ရှေ့ဘက် (
강원ဘက်) သည် အနီပါတီမှ လွမ်းမိုးခဲ့သလို၊ ၂၂ကြိမ်တွင်လည်း လွမ်းမို့ထားကြောင်း တွေ့ရှိရပါသည်။ ထို့နည်းတူ ၂၁ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် အပြာများ လွမ်းမိုးရာ နိုင်ငံတော်၏ အနောက်ဘက်သည်လည်း ၂၂ကြိမ်မြောက် ရွေးကောက်ပွဲတွင် အပြာပါတီမှ လွမ်းမိုးကြောင်းကို တွေ့ရှိ ရပါသည်။ ဤကဲ့သို့သော အခြေအနေများကို နိုင်ငံရေးအတွေးအခေါ်နဲ့ ချိတ်ဆက်ကာ လေ့လာမည်ဆိုပါက ဒီမိုကရက်တစ်ပါတီသည် လူအခွင့်အရေးကို အသာပေးသော လစ်ဗရယ်ပါတီဖြစ်သောကြောင့် ဤပါတီကို အနိုင်ပေးသော (ဝါ) မဲပေးသော နယ်မြေသည် လစ်ဗရယ်ဆန်သော နယ်ပယ်ဟု ယူဆနိုင်သလို၊ အနီများ အုပ်စိုးထားသော နယ်မြေများသည်လည်း ကိုရီးယားအမျိုးသားရေးကို ဦးစားပေးသောနယ်မြေများကို ယူဆနိုင်မည်ဟု သုံးသပ်မိပါသည်။ထိုကြောင့် အရှေ့ဘက်ပြည်နယ်များသည် မျိုးချစ်စိတ် ပြင်းထန်းသည့်ပြည်နယ်ဟု ယူဆနိုင်သလို၊ အနောက်ဘက်ပြည်နယ်များမှာမူ လူ့အခွင့်အရေးကို ပိုမိုအသာပေးသည် ပြည်နယ်ဟု ယူဆနိုင်မည်ဟု သုံးသပ်ရပါသည်။

နိဂုံး

၂၂ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အနိုင်ရခြင်းသည် လွတ်တော်သက်တမ်း နှစ်ခုကို ဒီမိုကရက်တစ်ပါတီမှ အောင်မြင်နိုင်ခြင်းဖြစ်သည်။ ဒီမိုကရက်တစ်ပါတီသည် ၂၁ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် နေရာ ၃၀၀ အနက် ၁၈၀ နေရာကို အနိုင်ရကာ ပါတီ၏ အဓိကပြိုင်ဘက်ဖြစ်တဲ့ အနာဂတ်ပေါင်းစီရေးပါတီမှာမူ ၁၀၃နေရာသာ ရခဲ့ပါသည်။ ၂၁ကြိမ်မြောက်တွင် လွတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အနိုင်ရမူသည် ရွေးကောက်ပွဲမတိုင်ခင် ၂၀၁၄ခုနှစ်တွင် ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အနိုင်ရရှိမူ့ သက်ဆိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိပါသည်။ မည့်သိုပင်ဖြစ်စေကာမူ ၂၁ကြီမ်မြောက်လွတ်တော်သက်တမ်း (၂၀၂၂ခုနှစ် မတိုင်ခင်) သည် သမ္မတပါတီမှ လွတ်တော်ကို ဦးဆောင်ခဲ့သောကြောင့် ကိုရီးယားနိုင်ငံရေးမြေပြင်တွင် ပါတီနှင့် နိုင်ငံသမားအကြား အငြင်းအခုံ နည်းပါးကာ နိုင်ငံရေး တည်ငြိမ်ခဲ့သည်။ သို့သော် ၂၂ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် သမ္မတပါတီ မဟုတ်သည့်ပါတီမှ အနိုင်ရရှိသောကြောင့် လာမည့်နှစ်များတွင် ကိုရီးယားနိုင်ငံရေးသည် ၂၀၂၀-၂၀၂၄ထက် နိုင်ငံရေးအရ ငြင်းခုံမူ၊ အမြင်ကွဲလွဲမူ့များ ပေါ်လာနိုင်ပါသည်

Kyung Hee University ၏ နိုင်ငံသိပ္ပံပဆိုင်ရာ ပါမောက္ခဖြစ်သူ Lim Seong Ho ၏ သုံးသပ်ချက်ကတော့ ကိုရီးယားနိုင်ငံသမိုင်းတွင် လွတ်တော်နှင့် အစိုးရအကြား မတူသည့်ပါတီနှစ်ခုမှ ဦးဆောင်လျှင် နှစ်ဖက်အကြား လုပ်ငန်းဆောင်ရွက်မူ့ အားနည်းစေသည်ဟု ဆိုသည်။ သူ၏ သုံးသပ်ချက်တွင် သမ္မတဟောင်း Roh Moo Hyun ၏ အစပိုင်း သမ္မတကာလတွင် လွတ်တော်တွင် သမ္မတပါတီမဟုတ်သည့် ပါတီမှ ကြီးစိုးခဲ့ခြင်းကြောင့် လွတ်တော်တွင် သမ္မတကို စွပ်စွဲချက်တင်ကာ သမ္မတမှ ယာယီတာဝန်မှ ရပ်နားခဲ့သည့် သာဓကရှိကြောင်း တွေ့ရပါသည်။ ဤကဲ့သို့သော သမိုင်းအထောက်အထားများနဲ့ လက်ရှိကိုရီးယားနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ချိတ်ဆက်ကာ သုံးသပ်မည့်ဆိုပါက သမ္မတပါတီနဲ့ လွတ်တော်ဦးဆောင်ပါတီ မတူညီမူ့သည် တဖတ်တွင် နိုင်ငံအငြင်းအခုံများ ပေါ်လာမှန် ဧကန်မုချဖြစ်ပေမယ့်၊ တဘက်တွင်မူ ဒီမိုကရေစီစနစ်၏ အကျိုးတရားဖြစ်တဲ့ တစ်ပါတီစနစ်၊ သမ္မတမှ စိတ်ကြိုက် လှုပ်မရအောင် နိုင်ငံတော်ကို အုပ်ချုပ်သည့်စနစ်မှ ပြည်သူများ ကင်းလွတ်မှာ ဖြစ်ပါသည်။ ဆိုလိုသည့် အဓိပ္ပယ်ကတော့ နိုင်ငံရေးမှာ တစ်ပါတီမှ ပြည်သူများအပေါ် အလွဲသုံးစားလုပ်ခြင်း အားနည်းလာမှာ ဖြစ်ပါသည်။ သို့သော် အစိုးရနှင့် လွတ်တော်အကြား ပြိုင်ဆိုင်မူ့က ပြည်သူများအတွက် ဘယ်အတိုင်းအတာထိ အကျိုးဖြစ်ထွန်းမလဲဆိုတာကိုမူ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါသည်။


___ ပြီးပါပြီ____

 

                                            PDF ရလိုသူများအတွက် ဒေါင်းရန် နှိပ်ပါ

ဆလိုင်းချန်ဘိခ့်ကျဲအို
Seoul National University
Ph.D. in Political Science 
၂၀၂၄ခုနှစ် ဧပြီလ ၁၁ရက်နေ့



[iii] 서울신문. 151 석 땐 법안 통과, 180 석 땐 패스트트랙, 200석은 대통령 탄핵. 개헌가능.   https://www.seoul.co.kr/news/politics/national-assembly-election-2024/2024/04/08/20240408500206

 

[iv] 세계일보. 남북만이 아닌 동서로도 갈렸다”…22대 총선서도 지역주의 극명.
https://www.segye.com/newsView/20240411525327

Share:

0 comments:

Post a Comment

Search