Chan Bik Ceu
chanbikceu@gmail.com
![]() |
ဆွစ်ဇာလန်နိုင်ငံတော်အလံ |
·
လူဦးရေ - ၈.၉ မီလီယံ
နိုင်ငံအတွင်းနေထိုင်သူ- ဆွစ်ဇာလန်နိုင်ငံသာ (၆.၅ မီလီယံ) နှင့် နိုင်ငံခြားသား (၂.၄ မီလီယံ)
ရုံးသုံးဘာသာစကား - (၄)မျိုး (၆၂% ဂျမာန်ဘာသာစကား၊ ပြင်သစ်ဘာသာစကား ၂၃%၊ အီတလီ ဘာသာစကား ၈%နှင့် ရိုမန်ဘာသာစကား ၀.၅%
နယ်မြေခွဲခြားမူ့ - ၂၆ Canton နှင့် Commune ၂၁၃၁။
အုပ်ချုပ်ရေးပုံစံ - ဖက်ဒရယ်ပြည်ထောင်စု
ကိုးကွယ်သည့်ဘာသာ- ခရစ်ယာန် (၅၉%), ဘာသာမဲ့ (၃၄%)၊ မွတ်သလင် ( ၆%)နှင့် အခြား (၂%)
(ဆွစ်ဇာလန်နိုင်ငံ၏
ဒေတာများကို လေ့လာလိုပါက www.bfs.admin.ch တွင် လေ့လာနိုင်ပါသည်)
နိုင်ငံရေးစနစ်ထူးခြားချက်
ဆွစ်ဇာလန်နိုင်ငံသည် ရှေ့ယခင်သမိုင်းတွင် မဟာမိတ်များ စုဖွဲ့နေထိုင်တဲ့စနစ်ဖြစ်သော
ကွန်ဖက်ဒရေးရှင်း (Confederation)စနစ်ကို အသုံးပြုသော နိုင်ငံတော် ဖြစ်ပါသည်၊
ထိုစနစ်မှတစ်ဆင့် ၁၈၄၈ခုနှစ်တွင် ဖက်ဒရယ်နိုင်ငံတော်ဖြစ်နိုင်ရေးအတွက် လိုအပ်သောဖက်ဒရယ်ဖွဲ့စည်းပုံ
ရေးဆွဲနိုင်ခဲ့မူ့ကြောင့် လက်ရှိအချိန်ထိ ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ကျင့်သုံးလျက်ရှိသော ဥရောပတိုက်က နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ တနည်းပြောရလျှင်
ဆွစ်ဇလန်နိုင်ငံသည် Federal Council မှ ဦးဆောင်သောဖက်ဒရယ်အစိုးရ၊ ပြည်နယ်အဆင့်ရှိတဲ့
၂၆ ကာတွန် (Canton) အစိုးရနှင့် ဒေသအဆင့်ရှိတဲ့ Commune အစိုးရများ အကြားတွင် အာဏာခွဲရေးစနစ်ကို
ကျင့်သုံးလျက်ရှိသော နိုင်ငံဖြစ်ပါသည်။ လက်ရှိ ကျင့်သုံးနေသည့် ဖွဲ့စည်းပုံကိုမူ ၂၀၀၀ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့သော
ဖွဲ့စည်းပုံဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၏ နိုင်ငံရေးစနစ်ကောင်းမွန်မူ့ကြောင့် ယနေ့ချိန်ထိ
ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆွစ်ဇာလန်နိုင်ငံသမိုင်းနှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို လေ့လာမူ့ အများအပြား
ပြုလုပ်ကြပါသည်။ အထူးသဖြင့် မတူကွဲပြားသော လူမျိုး၊ ခြားနားသော ဘာသာများများနဲ့
ဖွဲ့စည်းထားသော နိုင်ငံများအဖို့ ဆွစ်ဇာလန်နိုင်ငံရေးစနစ်သည် လေ့လာသင့်လေ့လာ ထိုက်ပါသည်။
ဤကဲ့သို့သောအခြေအနေများကြောင့်
ဤစာသည် နိုင်ငံရေးစနစ်ကို
စိတ်ဝင်စားသော ကျနော့်မိတ်ဆွေများမှ ဆွစ်ဇာလန်နိုင်ငံရေးစနစ်အကြောင်း ဖတ်ရှုနိုင်ရန်အတွက် သင်ခန်းစာတစ်ခုတွင်
ကျနော်ဖတ်ရသော ဆွစ်ဇာလန်နိုင်ငံအကြောင်းနှင့် နိုင်ငံရေးစနစ်၊ အုပ်ချုပ်ယန္တရားအကြောင်းကို အကျဥ်းချုပ်ကာ
ရေးသားတင်ပြအပ်ပါသည်။
ဆွစ်ဇာလန်ရဲ့ နယ်မြေခွဲခြားပုံ
ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုသည် Federal Council၊ Canton ၂၆နှင့် Commune ၂၁၃၁ ဖြင့် ဖွဲ့စည်းကြပါသည်။ ဤသုံးနေရာတွင် အစိုးရ၊ လွတ်တော်၊ တရားရုံးနှင့် ရှေ့နေများ အသီးသီးထားရှိကြပါသည်။ ထူခြားချက်တစ်ခုမှာမူ ကာတွမ်တိုင်းတွင် ရုံးသုံးဘာသာစကား မတူညီကြပေ။ ဥပမာ Bern, Fribourg နှင့် Valaisတွင် ရုံးသုံးဘာသာစကားနှစ်မျိုးရှိပေမယ့်၊ Graubündenမှာမူ ရုံးသုံးဘာသာစကား (၃)မျိုး ရှိပါသည်။ ပြည်နယ်အဆင့်ရှိတဲ့ ကာတွမ် ၂၆ (Canton)ထဲတွင် ဒေသအဆင့်ရှိသော Commune ၂၁၃၁ခုကို ထပ်မံ ဖွဲ့စည်းကြ သည်။ Commune ရဲ့ လုပ်ငန်းများကတော့ ဒေသတည်ဆောက်ရေးကို အခြေခံသော ကျောင်၊မီးသတ်ရုံး၊ လူမူ့ဖုံလုံရေးဆိုင်ရာများဖြစ်ပါသည်။ ယင်းလိုမျိုး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရန် Commune ကို လွတ်တော်နှင့် လူထုညီလာခံများဖြင့် ထပ်မံဖွဲ့စည်းပါသည်။ တချို့လူဦးရေ နည်းပါးသော Communeများတွင်မူ တိုက်ရိုက် လူထုထောက်ခံချက် ကောက်ယူကာ ဆုံးဖြတ်ချက်များ ချမှတ်သော စနစ်များကိုလည်း ကျင့်သုံးကြပါသည်။ ဆွစ်ဇာလန်နိုင်ငံ၏ အကြီးဆုံးသော Commune သည် Zurich မြို့ ဖြစ်ပြီး၊ လူဦးရေ (၄)သိန်းကျော် ရှိပါသည်။ ဤကဲ့သိုသော စနစ်များကြောင့် ဆွစ်ဇာလန်၏ နိုင်ငံတော်ဖွဲ့စည်းပုံသည် ဖက်ဒရယ်ကောင်စီ၊ ကာတွမ်နှင့် Communeဟူသော နယ်မြေ (၃)ခုကို ပေါင်းစပ်ထားကြောင်းကို တွေ့ရှိရပါသည်။ ပိုမိုရှင်းပြရမည်ဆိုပါက Commune သည် Local အစိုးရဖြစ်သလို၊ Cantons အစိုးရသည်လည်း မြန်မာနိုင်ငံပုံစံနဲ့ ဘာသာပြန်မည်ဆိုပါက ပြည်/တိုင်း အစိုးရအဆင့်ဖြစ်ပါသည်။ ဖက်ဒရယ်အစိုးရမှာမူ ဗဟိုအစိုးရကို ဆိုလိုပါသည်။
![]() |
Canton နယ်နိမိတ်များနှင့် ဆွစ်ဇာလန်နိုင်ငံတော်မြေပုံ |
ဘဏ္ဍရေးခွဲဝေပုံ
ဆွစ်ဇာလန်နိုင်ငံ၏ နိုင်ငံတော် ဘဏ္ဍရေး ခွဲဝေရာတွင် တန်းတူညီတူ ခွဲဝေနိုင်ရေးသည် နိုင်ငံတော်အတွက် လွန်စွာ အရေးကြီးသော
အချက်ဖြစ်ပါသည်။ တန်းတူညီတူ ဖြစ်နိုင်ရန် အောက်ပါအချက်များဖြင့် ဘဏ္ဍရေးကို စီမံခန့်ခွဲနေကြောင်းကို
တွေ့ရှိရပါသည်။ ၁။ ဘဏ္ဍရေးအင်အားပိုရှိတောင့်တင်းသော
Canton မှ ပြည်ထောင်စုကို ပိုမိုထောက်ပံ့ရပြီး၊ ထိုထောက်ပံ့မူ့များသည် ဘဏ္ဍရေးအားနည်းနေသော
Canton များအတွက် ပြည်ထောင်စုမှတစ်ဆင့် ခွဲဝေပါသည်။ ဤစနစ်၏ ရည်မှန်းချက်သည်
ဆွစ်ဇာလန်နိုင်ငံတွင် Canton များအကြား မတူညီမူ့၊ ကွာခြားချက်များကို ပပျောက်ရန်
ရည်းမှန်းထားသော စနစ်ဖြစ်ပါသည်။ လက်တွေ့အားဖြင့် ပြောရမည်ဆိုပါက ဖက်ဒရယ်အစိုးရနှင့် Canton (၇)ခုသော အစိုးရများသည် တခြား Canton ၁၉များထံကို ဘဏ္ဍရေး မျှဝေပေးကမ်းနိုင်သော အစိုးရများ ဖြစ်ကြပါသည်။ Canton ၁၉ များမှာမူ ဖက်ဒရယ်အစိုးရနှင့် တခြားCanton
အစိုးရများထံမှ ဘဏ္ဍရေးမျှဝေမူ့အကျိုးကို
ခံစားရသော အစိုးရများ ဖြစ်ကြသည်ကို တွေ့ရှိရပါသည်။(ပိုမိုလေ့လာချင်ပါက www.ch-info.swiss တွင် လေ့လာနိုင်ပါသည်)
နိုင်ငံတော်အာဏာ ခွဲဝေမူ့
![]() |
၂၁၃၁ခုသော Commune ဖွဲ့စည်းပုံ |
● လူထုမှ ဥပဒေ ပြဌာန်းနိုင်ခွင့်။ ။ ရွေးကောက်ခံ မဟုတ်သော လူထုများမှ ဥပဒေပြဌာန်းပေး အဆိုတင်သွင်းလိုပါက လူထုထောက်ခံမူ့ကို သက်သေပြရန် လက်မှတ် ၁သိန်း လိုအပ်ပါသည်။ ထို လက်မှတ်(၁) သိန်းသည် ၁၈ လအတွင်းတွင် ကောက်ခံရရှိခဲံသော လက်မှတ်ဖြစ်ရမည်ဟူသောအချက် ပါရှိပါသည်။ ယင်းဥပဒေသည် ၁၈၉၁မှ စတင်ပြဌာန်းကာ လက်ရှိအချိန်ထိ အသုံးပြုလျက် ရှိပါသည်။
● ပြည်လုံးကျွတ်လူထုဆန္ဒခံယူရန် တောင်းဆိုခြင်း။ ။ မူအားဖြင့် ပြည်လုံးကျွတ်လူထုဆန္ဒခံယူရမည့် ဆုံးဖြတ်ချက်များသည် တာဝန်ပေးထားခြင်း ခံရသောသူ (ဝါ) လွတ်တော် ကဲ့သို့သော အဖွဲ့အစည်းမှ ဆင်းသက်လာရပါသည်။ သို့သော် ပြည်လုံးကျွတ်လူထုဆန္ဒခံယူရန် လိုအပ်သည်ဟု ပြည်သူများက ယူဆရပါက ရက် ၁၀၀ အတွင်းကောက်ခံရရှိသော လက်မှတ် ၅၀,၀၀၀ နှင့် ၈ Canton မှ ကိုယ်စားလှယ်များမှ ထောကခံမူ့ဖြင့် လွတ်တော်တွင် အဆိုတင်သွင်းရန် လိုအပ်။ ထို့သို တင်သွင်းမူ့ကို လွတ်တော်မှ လက်ခံပါက ပြည်လုံးကျွတ်လူထုဆန္ဒခံယူခွင့် ရှိမှာဖြစ်ပါသည်။
ရွေးကောက်ပွဲ
အပေါ်တွင် ဖော်ပြထားသော
လွတ်တော်နှစ်နေရာဖြစ်တဲ့ National Council နှင့် Council of the State အတွက် ရွေးကောက်ပုံ ရွေးကောက်နည်းသည်
မတူညီမူ့များစွာ ရှိပါသည်။
Canton အများစုတွင် National Council အတွက် အမတ် ရွေးချယ်ရာတွင် အချိုးကျစနစ် (PR)
ကို အသုံးပြုပါသည်။ သို့ပေမယ့် Council of the State အတွက် အမတ် ရွေးချက်ရာတွင်မူ
Canton မှ မိမိစိတ်ကြိုက် ရွေးကောင်ပွဲ ဥပဒေ ပြဌာန်းခွင့် ရှိပါသည်။ ဆိုလိုတာကတော့
မဲပေးသူအသက် သတ်မှတ်ချက်နှင့် ရွေးကောက်ပုံရွေးကောက်နည်းစနစ်များကို Cantonမှ မိမိစိတ်ကြိုက်
ရွေးကောက်ပွဲ
ဥပဒေပြဌာန်းခွင့်ရှိသည်ဟူသော အဓိပ္ပယ်ဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင်
Canton တော်တော်များများတွင် အမတ်ကို မဲအများဆုံးရမှ အနိုင်ပေးသောစနစ်
(Majority System)ဖြင့် ရွေးချယ်တင်မြှောက်ကြပါသည်။ တချို့သောCantonများတွင်မူ အချိုးကျစနစ် (PR) ကို အသုံးပြုထားသလို၊ အသက်သည် ၁၆နှစ်ကျော်မှ စတင်မဲပေးခွင့်ရှိသည်ဟူသော ဥပဒေကိုလည်း
သုံးစွဲကြပါသည်။ ဥပဒေ Canton တစ်ခုဖြစ်တဲ့ Glarus တွင် ၁၆နှစ်ပြည့်မှ မဲပေးခွင့်ရှိပါသည်။ အဓိပ္ပယ်ကတော့ Cantonသည် မိမိနယ်ပယ်အတွက်
ရွေးကောက်ဥပဒေ
ပြဌာန်းခွင့် ပိုင်ဆိုင်ကြောင်းကို ဆိုလိုတာဖြစ်ပါသည်။ အများအားဖြင့် ဆွစ်ဇာလန်တွင်
လွတ်တော်အသီးသီးနှင့် အစိုးရအသီးသီးတွင် ဆုံးဖြတ်ချက်များ ချမှတ်လျက်ရှိပေမယ့် ရန်ဖန်ရန်ခါတွင် မဲဆန္ဒရှင်များမှ
တောင်းဆိုချက်များ ထွက်ပေါ်ခွင့်ရှိသည်။ ဤကဲ့သို့သော တောင်းဆိုမူ့မျိုးကို ၂၀၁၉နှင့် ၂၀၂၃ ကြားတွင် တောင်းဆိုမူ အကြိမ်ရေ (၃၆) ကြိမ် ဖြစ်ခဲ့ဖူးပါသည်။ ယေဘုယျအားဖြင့်
ဖော်ပြရလျှင် လွတ်တော်သည် ဖက်ဒရယ်ကောင်စီ၊ ပြည်ထောင်စုတရားရုံးအဖွဲ့ဝင်များနှင့် ရှေ့နေချုပ်ကို ရွေးချယ်တင်မြှောက်ပါသည်။
နိုင်ငံရေးပါတီ
ဆွစ်ဇာလန်နိုင်ငံတွင် majority party or opposite party မရှိဘဲ မြောက်မြားစွာသော ပါတီများရှိကြပါသည်။ ဥပမာ ၂၀၂၃ခုနှစ် မှ ၂၀၂၇ခုနှစ်ထိ အနိုင်ရရှိသော ပါတီများသည် လွတ်တော်အတွက် National Council တွင် ၁၀ ပါတီ၊ Council of State တွင် ၇ ပါတီနှင့် Federal Council တွင် ၄ ပါတီမှ အသီးသီးများပါဝင်ပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင့် ဆွစ်ဇာလန်နိုင်ငံသည် တခြားနိုင်ငံများထက် ပါတီများပြားကြောင်းနှင့် ပါတီကြီးများကို မှီခိုခြင် မရှိကြောင်းကို လေ့လာတွေ့ရှိရပါသည်။
လွတ်တော်
လွတ်တော်သည် အစိုးရအဖွဲ့ကို ဦးဆောင်သော
ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုတရားရုံးအဖွဲ့ဝင်များနှင့် ရှေ့နေချုပ်ကို ရွေးချယ်တင်မြှောက်ခြင်း
တာဝန်ခံသလို၊ ပြည်ထောင်စု ဘဏ္ဍရေးများကိုလည်း တာဝန်ခံပါသည်။
လွတ်တော်တွင် National Council နှင့် Council of the State ဟူသော ကောင်စီနှစ်ခု ရှိကာ၊
National Council သည် ဆွစ်ဇာလန်နိုင်ငံသားများကို ကိုယ်စားပြုပြီး၊ Council of the
Stateမှာမူ ၂၆သော Canton များကို ကိုယ်စားပြုပါသည်။
ကောင်စီနှစ်ခု၏ အာဏာသည် ညီတူညီမျှရှိသလို၊ တချို့လုပ်ငန်းများအတွက် နှစ်ကောင်စီအတူတူ
ဥပဒေပြုရေးများကို ဆောင်ရွက်ကြပါသည်။ United Federal Asssembly သည် ယင်းကောင်စီနှစ်ခုမှ
ဖွဲ့စည်းတည်ထောင်တာ သော ကောင်စီဖြစ်ပါသည်။
(ပိုမိုလေ့လာရန် www.parliament.ch )
အစိုးရ
ဆွစ်ဇာလန်၏ ပြည်ထောင်စုအစိုးရကို ဦးဆောင်သူသည်
ဖက်ဒရယ်ကောင်စီဖြစ်ပါသည်။
ဖက်ဒရယ်ကောင်စီတွင် အမတ် (၇)ဦးရှိကာ၊ ကောင်စီ၏ခေါင်းဆောင်ကို တစ်နှစ်တစ်ခါ အလှည့်ကျစနစ်ဖြင့်
ရွေးချယ်ရပါသည်။ တနည်းပြောရလျှင် ထိုခေါင်းဆောင်သည် ဆွစ်ဇာလန်နိုင်ငံတော်၏ သမ္မတဖြစ်သလို
နိုင်ငံတော်၏ ကိုယ်စားလှယ်လည်း ဖြစ်ပါသည်။ ဖက်ဒရယ်ကောင်စီဝင်တွင် အဖွဲ့ဝင် (၇)ဦးရှိရာ၊
ထိုအဖွဲ့ဝင်များကို လွတ်တော်မှ ရွေးချယ်တင်မြောက်ကြပြီး၊ ၂၀၂၄ခုနှစ် မတ်လအထိတွင်
ဖက်ဒရယ်ကောင်စီတွင် (၄)ပါတီမှ ပါတီဝင်များ ပါဝင်ကြပါသည်။ ဂျာမန်ဘာသာစကားပြောဆိုသူမှ (၄)ဦး၊ ပြင်သစ်ဘာသာစကားပြောဆိုသူမှ
(၂)ဦးနှင့် အီတလီဘာသာ စကားပြောသူမှ (၁) ပါဝင်ပါသည်။ ပါတီမှ ဖက်ဒရယ်ကောင်စီအတွက် ကိုယ်စားလှယ် လွတ်ရာတွင်
၂-၂-၂-၁ ပုံသေနည်းကို သုံးလျက်ရှိပါသည်။ အဓိပ္ပာယ်ကတော့ အချိုးကျစနစ်ကနေတဆင့် ပါတီစုံရွေးကောက်ပွဲ
(၂၄၀ နေရာ)တွင် မဲအများဆုံးရတဲ့ (ပထမ၊ ဒုတိယနှင့်
တတိယ) ပါတီမှ ၂ဦးစီနှင့် ရွေးကောက်ပွဲတွင် စတုတ္တနေရာဖြင့် မဲအများဆုံးရသောပါတီမှ
(၁)ဦး ရွေးချယ်ရပါသည်။ သို့သော် ဆွစ်ဇာလန်နိုင်ငံတွင် သမ္မတကို ပြည်သူမှ ရွေးချယ်သင့်ကြောင့်
အဆိုပြချက်များ မကြာခဏ လွတ်တော်၌ တင်ပြဖူးကြပါသည်။ သို့သော် ယနေ့ချိန်ထိတွင်မူ အောင်မြင်မူ မရရှိသေးချေ။
![]() |
Federal Palace of Switzerland (Bundeshaus) |
အတိုချုပ်အားဖြင့် ဖော်ပြမည်ဆိုပါက ဖက်ဒရယ်ကောင်စီ၏ လုပ်ငန်းသည် (၅)မျိုးဖြင့် ခွဲခြားနိုင်ပါသည်။ ယင်းတို့မှာ (၁) အစိုးမှ အရေးကြီးသော အဆိုပြချက်များ (ဥပဒေပြင်ရန် စသည့်သဖြင့်) ကို လွတ်တော်၏ ဆုံးဖြတ်ချက်ရယူခြင်း၊ (၂) လွတ်တော်မှ ပြဌာန်းထားသော ဥပဒေများကို လက်ခံခြင်း/ ပယ်ဖျက်ခြင် (ဝါ) အကောင်ထည်ဖော်ခြင်း၊ (၃) ပြည်ထောင်စု၊ Canton နှင့် Commune အကြား သတင်းအချက်လက်၊ လုပ်ငန်းဆောင်ချက်များကို ချပြခြင်း (ဝါ) သတင်းပေးခြင်း၊ (၄) ဖက်ဒရယ်အစိုးရကို ဦးဆောင်ခြင်းနှင့် (၅) အနာဂတ်အတွက် စည်းမံကိန်းရေးဆွဲခြင်း ကဲ့သို့သော လုပ်ငန်းများကို အဓိကအားဖြင့် တာဝန်ယူတာဝန် ခံလျက်ရှိပါသည်။ ဖက်ဒရယ်ကောင်စီတွင် ဌာန (၇)ခုနှင့် Federal Chancellery ရှိကာ၊ ဌာန (၇)ခုကို ဖက်ဒရယ်ကောင်စီဝင်များမှ ဦးဆောင်ပါသည်။ ထိုဌာန (၇)ခုမှာ Federal Department of Foreign Affairs (FDFA), Federal Department of Home Affairs (FDHA), Federal Department of Justice and Police (FDJP), Federal Department of Defense, Civil Protection and Sport (DDCS ), Federal Department of Finance (FDF), Federal Department of Economic Affairs, Education and Research (EAER), and Federal Department of the Environment, Transport, Energy and Communications (DETEC) ဟူသော ဌာနများ ဖြစ်ကြပါသည်(ပိုမိုလေ့လာရန် www.admin.chတွင် လေ့လာနိုင်ပါသည်)
The
Judiciary (The Court)
တရားရေးရာတွင် တရားရုံး အမျိုးအစား (၄)မျိုးရှိပါသည်။ ယင်းတို့မှာ(
- The Federal Supreme Court - ဒီတရားရုံးတွင် နိုင်ငံသားများ၏ တရားဝင်မူဆိုင်ရာ၊ နိုင်ငံသားများနှင့် ပြည်နယ်များအကြား၊ ကာတွမ်၊လွတ်တော်နှင့် ဖက်ဒရယ်အစိုးရ၊ Communeများးအကြား အမူ/ပြသနာ များကို အဓိကထားကာ တရားစီရင်ပါသည်။ (ပိုမိုလေ့လာလိုပါက www.bger.ch ။)
- The Federal Criminal Court - ဒီတရားရုံးတွင် criminal နဲ့ ဆိုင်သောအမူများကို ကိုင်တွယ်ပါသည်။ (ပိုမိုလေ့လာလိုပါက www.bstger.ch )
- The Federal Administrative Court - ဒီတရားရုံးတွင် ဖက်ဒရယ်အစိုးရနှင့် ဒေသတွင်းအစိုးရများနှင့် သက်ဆိုင်သော အမူများကို ကိုင်တွယ်ပါသည်။ (ပိုမိုလေ့လာရန် www.bvger.ch
- The Federal Patent Court- ဒီတရားရုံးတွင် မူပိုင်ခွင်၊ မှတ်ပုံတင်ခွင့်ဆိုင်ရာများ patent နဲ့ ဆိုင်သောအမူများကို ကိုင်တွယ်ပါသည်။ (ပိုမိုလေ့လာလိုပါက www.bundespatentgerich.ch
- တရားရေးရာနဲ့ ပက်သက်၍
အပေါ်တွင်
ဖော်ပြချက်များကို ကောက်နုတ်မည်ဆိုပါက
ဆွစ်ဇာလန်နိုင်ငံတွင် တရားရေးရာတွင်လည်း အာဏာခွဲဝေမူ့နှင့် လုပ်ငန်းခွဲဝေမူ့များ ရှိကြောင်းကို
တွေ့ရှိရပါသည်။
________ The End_____________
ဆလိုင်းချန်ဘိခ့်ကျဲအို
၂၀၂၄ခုနှစ် မတ်လ ၂၉ရက်နေ့
ဆိုလ်းမြို့တော်၊
တောင်ကိုရီးယားနိုင်ငံ။
0 comments:
Post a Comment