Party: People
Power Party
DOB: December
18, 1960 (61yrs)
Political
Ideology: Conservative
Education: LLM
(Seoul National University)
Previous
Office: Prosecutor General of South Korea
(2019 -2021), Public Prosecutor (1994 -2019)
၁။ ၂၀ကြိမ်မြောက်
သမ္မတရွေးကောက်ပွဲတွင် ဘယ်သူတွေ မဲပေးနိုင်သလဲ?
၂၀ကြိမ်မြောက်
တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ကိုရီးယားနိုင်ငံသား အသက် ၁၈နှစ်နှင့်အထက်များကမဲပေးပိုင်ခွင့်ရှိပြီး၊ မဲပေးသူ စုစုပေါင်းဦးရေမှာ ၄၄သန်း ကျော်ရှိပါသည်။ ထိုထဲတွင် ကြိုတင်မဲပေးသူ
၁၆သန်း ၊ နိုင်ငံခြားရောက်မဲပေးသူ ဦးရေမှာ ၁၆၁,၈၂၀ ဖြစ်ပါသည်။ မတ်လ ၁၀ရက်နေ့ နံနက် ၄နာရီကျော်တွင် ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်ကာ People Power
Party မှ မစ္စတာယွန်းက ဒီမိုကရက်တစ်ပါတီမှ အီဂျယ်မြောင်ကို ၄၈.၄%၊ ၄၇.၈%ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်
မစ္စတာယွန်းသည် ၂၀၂၂ ခုနှစ် မေလတွင် တောင်ကိုရီးယားနိုင်ငံသမ္မတ ဖြစ်လာမှာဖြစ်ပါသည်။
MBC၏ စစ်တမ်းကောက်ယူချက်အရ
သမ္မတရွေးကောက်ပွဲကို မဲပေးဖို့စိတ်ဝင်စားမူ့ ဖြစ်စေသည့်အချက်များမှာ နိုင်ငံခြားရေးရာနှင့်
ကာကွယ်ရေးဆိုင်ရာ ပေါ်လစီကြောင့် (၇၄.၇%)၊ မွန်းဂျေးအင်းအစိုးရ၏
လုပ်ဆောင်ချက်များကြောင့် (73.5%), ရွေးကောက်ပွဲဝင် သမ္မတလောင်းများ၏
TV Debate ကြောင့် (71.7%), အိမ်ခြံမြေ
အကျိုးဆောင်မူလုပ်ငန်း များကြောင့် (71.6%), ရွေးကောက်ပွဲဝင်
သမ္မတလောင်းများကို စိတ်ဝင်စားသောကြောင့် (70.6%) နှင့် Gender Issue (54.4%)[1] တို့ကြောင့် ဖြစ်သည်။
၂။ Primary Election ကျော်ဖြတ်လာပုံ
၂၀၂၁ ဇူလိုင်လ ၁၂ရက်နေ့တွင် တစ်သီးပုဂ္ဂလ သမ္မလောင်းအဖြစ် National Election Commission ထံ မှတ်ပုံတင်ခဲ့သော်လည်း ဇူလိုင်လ၃၀ တွင် People Power Party၏ သမ္မတလောင်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခဲ့ပါသည်။ မစ္စတာယွန်းသည် မိန်းခွန်း (သို့) စကားပြောရာတွင် အမှားများသူဖြစ်သည်ဟု ဝေဖန်ခြင်းခံရသူ တစ်ဦးဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဘူဆန်မှာကျင်းပသော People Power Party အစည်းအဝေးတွင် မစ္စတာယွန်းမှ တောင်ကိုရီးယားနိုင်ငံတွင် ဒုတိယအကြိမ် အာဏာသိမ်းဖူးသူ စစ်တပ်ခေါင်းဆောင်ဟောင်း Chun Doo- hwan ကို ချီးမွမ်းစကားပြောဆိုခဲ့သောကြောင့် ပြည်သူများ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။ ထိုကဲ့သို့သော အပြုအမူများကြောင့် နေက်ပိုင်းတွင် မစ္စတာယွန်းက ပြန်လည်တောင်းပန်ခဲ့သော်လည်း တောင်းပန်ပြီး ရက်အနည်းငယ်တွင် မစ္စယွန်းက သူ့အင်စတာဂရမ်အကောင့်မှာ သူ့အိမ်မွေးခွေးကိုပန်းသီးတစ်လုံး ကျွေးပြီး ရိုက်ထားသည့်ဓာတ်ပုံကို "사과" လို ရေးတင်လိုက်ပါသည်။사과 သည် မြန်မာလို ပန်သီး (သို့) တောင်းပန်ခြင်း အဓိပ္ပယ်ဖြစ်သောကြောင့် သူ၏ အပြုအမူနဲ့ ပက်သက်ပြီး ကြီးကြီးကျယ်ကျယ် ဝေဖန်မူ့ ခံခဲ့ရပြန်သည်။ ထို့ကဲ့သို့သော အပြုအမူသည် Chun Doo- hwanအား ချီးမွမ်းသည်ကို စိတ်ရင်းနဲ့ တောင်းပန်တာမဟုတ်ကြောင်း ပြသတာဖြစ်သည်ဟု ဝေဖန်ခြင်းခံရဖူးပါသည်။ ဤကဲ့သို့သော ပြည်သူများ၏ ဝေဖန်မူ့ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့တွင် ဂွမ်းဂျူးမြို့ရှိ May 18th National Cemetery ၌ မစ္စတာယွန်းက ပြန်လည်တောင်းပန်ခဲ့ပါသည်။ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့တွင် မစ္စတာယွန်းသည် ပြည်သူ့အာဏာပါတီမှ သမ္မတကိုယ်စားလှယ်အဖြစ် ရွေးချယ်ပွဲတွင် ပါတီတွင်းပြိုင်ဘက် Hong Joon-pyo ကို ၄၇.၈၅% vs ၄၁.၅၀% ဖြင့် အနိုင်ရရှိကာ ပါတီ၏ တစ်ဦးတည်းသော တရားဝင်သမ္မတလောင်း ဖြစ်လာသည် ။
မစ္စတာယွန်း၏ နိုင်ငံရေးအတွေးအခေါ်နဲ့ ပက်သက်ပြီး နာမည်ကြီး
နိုင်ငံရေးသမားများ၏ မှတ်ချက်
မစ္စတာယွန်းကတော့ သူ့ကိုယ်သူ Conservative, right-wing populist ပါလို့ ပြောဆိုခဲ့ကြပေမယ့် တရားမျှတရေးပါတီမှ အမျိုးသမီးသမ္မတရွေးကောက်ပွဲဝင် Sim Sang-jung ကမူ မစ္စတာယွန်းသည် far right တစ်ဦးဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း Kim Dong-yeong (centrist) ကတော့ မစ္စတာယွန်းသည် populist ပါလို့ပြောကြားခဲ့ပါသည်။ သို့သော်လည်း Kim Dong-yeong၏ ပြောဆိုမူ့ကို မစ္စတာယွန်းက ဆန့်ကျင်ငြင်းဆန်ခဲ့သည်။ မစ္စတာယွန်း၏ မိတ်ဆွေတစ်ဦးဖြစ်သူ Chin Jung Kwon ကမူ မစ္စတာယွန်းသည် Libertarianism ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ဒီမိုကရက်တစ်ပါတီဘက်မှ စာရေးဆရာတော်တော် များကမူ “South Korea Donald Trump” ဟု ပြောဆိုခဲ့ကြပါသည်။
၃။
နိုင်ငံခြားရေးရာ မူဝါဒနဲ့ သက်ဆိုင်သော လှုပ်ရှားမှု (သို့) မှတ်ချက်ပေးမှု
မြောက်ကိုရီးယားအရေး
မစ္စတာယွန်းသည် မြောက်ကိုရီးယား၏ ရန်လိုမူ့ကို တုံ့ပြန်ရန်အတွက် ပိုမိုအားကောင်းသော အမေရိကန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများ၏ အင်အားကို လိုအပ်ကြောင်း ပြောကြားဖူးသည်။ အကယ်၍ မြောက်ကိုရီးယားက ရန်စမူများ ပြလုပ်လာရင် တွန့်ဆုတ်မူမရှိဘဲ တုန့်ပြန့်မူ့ပြုလုပ်သွားမည်ဟု ပြောကြားဖူးသည်။ TV debate တစ်ခုတွင် မြောက်ကိုရီးယားကို “Principle Enemy”လို့ ခေါ်ခဲ့သလို၊ စစ်ပွဲသည် ရန်သူထက် မိမိတွင် အင်အားကောင်းသော ပါဝါရှိမှ ရှောင်နိုင်မှာဖြစ်ကြောင်း ပြောကြားဖူးသည်[2]။ ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံခြားရေးရာပေါ်လစီနဲ့ ပက်သက်ပီ မစ္စတယွန်းက "နိုင်ငံတကာဆက်ဆံရေးအတွက် အမြဲတခါးကို ဖွင့်ထားပါ့မယ်။ အင်အားကောင်းသော စစ်တပ်တည်ဆောက်ပြီး၊ ငြိမ်းချမ်းရေးကို ဦးဆောင်သွားပါ့မယ်။ အင်အားကောင်းသောစစ်တပ်ကို တည်ဆောက်ပြီး နိုင်ငံတော်၊ နိုင်ငံသားများနှင့် နိုင်ငံတော်နယ်နိမိတ်များကို အပြည်အဝကာကွယ်သွားမယ်”ဟု ပြောကြားဖူးပါသည်။ ထိုကဲ့သို့သော သူ၏ မဲဆွယ်မူ့နဲ့ပက်သက်ပီ ကိုရီးယားလူမျိုး သုတေသီချောင်က “မစ္စတာယွန်း သမ္မတဖြစ်ရင် Cold War ခေတ်ခါတုန်းက မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ဆက်ဆံရေးမျိုး အခြေအနေကို ကိုရီးယားကျွန်ဆွယ်တွင် ပြန်လည် ရောက်ရှိလာနိုင်ကြောင်း" သုံးသပ်ရပါသည်။
ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးမူဝါဒများနှင့် ပတ်သက်၍ မစ္စတာယွန်းက “မြောက်ကိုရီးယားနျူကလီးယားကင်းစင်ရေးနှင့် ကိုရီးယားနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေးသည် ကိုရီးယားပြည်သူများ၏ နှစ်ရှည်ကာလများကတည်းက လိုလားတောင့်တသော ဆန္ဒနှင့် ခေတ်၏ တာဝန်ဖြစ်ပြီး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယား-အမေရိကန်-ဂျပန် လုံခြုံရေးမဟာမိတ်သည် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများ ဖြစ်တယ်။ ကိုရီးယားနှစ်နိုင်ငံကြား တစ်သားတည်း
ပြန်လည်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးထူထောင်ရန် တက်ကြွစွာ အကောင်အထည် ဖော်ရမည်ဖြစ်”
ဟု ပြောကြားခဲ့သည်။
·
အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယားဆက်ဆံရေး
တောင်ကိုရီးယားသမ္မတသည် အမေရိကန်နိုင်ငံနှင့်တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် အရေးပါသော သမ္မတဖြစ်ပါသည်။ တောင်ကိုရီယားနိုင်ငံသည်
လုံခြုံရေးဘက်မှာ အမေရိကန်ကို အခြေပြုပြီး ရပ်တည်သလို၊ စီပွားရေးဘက်မှာလည်း တရုတ်နိုင်ငံကို
အခြေပြုပြီး နှစ်ရှည်ကြာရပ်တည်လျက်ရှိပေမယ့် Sogang University က သုတေသီ Kim Jiyeon ကတောာ မစ္စတာယွန်း၏ မဲဆွယ်စဥ်အပြောအဆိုများကြောင့် "ဒီတစ်ခါတော့ အဓိကကုန်သွယ်ဖက်တရုတ်နှင့်
ကုန်သွယ်ရေးကို အဆုံးသတ်ဖို့ အလားလား ရှိတယ်"
လို့ သုံးသပ်ခဲ့သည်။ ရွေးကောက်ခံသမ္မတ မစ္စတာယွန်းက "တောင်ကိုရီးယားသည် အမေရိကန်နှင့် အတူတကွ သမိုင်းတလျှောက်တွင် စစ်အာဏာရှင်နှင် ကွန်ုမြူနှစ်များကို
လူသားများ၏ လွတ်လပ်ခွင့်အတွက် အသက်ပေးကာ တိုက်ခိုက်ကာကွယ်ခဲသလိုမျိုး၊ အင်အားပိုကောင်းသော
ကာကွယ်ရေးစစ်တပ်ကို တည်ဆောက်ပြီး တောင်ကိုရီးယားနိုင်ငံတော်ကို ပြည်လည်တည်ဆောက်သွားမည်”ဟု
၂၀၂၂ခုနှစ်ဇန်နဝါရီလတွင် ပြောကြားခဲ့ပါသည်။ ထို့သိုပြောဆိုမူ့များကြောင့် တရုတ်နှင့်
ဆက်ဆံရေးက ယနေ့ထက် ပိုမိုဆိုးရွားတဲ့ အနေအထားရောက်နိုင်ကြောင်း သုံးသပ်တဲ့သူလည်း ရှိပါသည်[3]။
မစ္စတာယွန်းက ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့တွင် နျူကလီးယားလက်နက်များ
ပြန်လည်အသုံးပြုရန် တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၁၉၉၀ အစောပိုင်းတွင် ဆိုဗီယက်နှင့် အမေရိကန် နှစ်နိုင်ငံအကြား သဘောတူညီမှုရပြီး မြောက်ကိုရီးယားနှင့်
တောင်ကိုရီးယားကြား တင်းမာမှုများဖြေလျှော့ရန် တောင်ကိုးရီးယားတွင် အမေရိကန်က နျူကလီးယားလက်နက်များ
ဖြန့်ကျက်ချထားခြင်းမရှိပေ။ U.S. Deputy Assistant
Secretary of State for Japan and Korea Mark
Lambert က မစ္စတာယွန်း၏ ပြောဆိုမှုကို အမေရိကန်၏မူဝါဒကို ဆန့်ကျင်ကြောင်း
တုံ့ပြန့်ပြောကြားခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ကလည်း မစ္စတာယွန်း ၏ ထုတ်ပြန်ချက်သည် “တာဝန်မဲ့ခြင်း”ဟု ဝေဖန်ခဲ့သည်[4]။
၂၀၂၁ခုနှစ် နိုဝင်လာလ ၁၂ရက်နေ့တွင်လည်း မစ္စတာယွန်းက
ပိုမိုများပြားသော THAAD (Terminal High Altitude Area Defense) ဒုံးခွင်းဒုံးစနစ်ကို
တပ်ဆင်လိုကြောင်း ပြောကြားဖူးပါသည်။ ၂၀၁၆ခုနှစ်တွင် တောင်ကိုရီးယားမှာ တောင်ကိုရီးယားနှင့်အမေရိကန်
မဟာမိတ်များက မြောက်ကိုရီးယားရန်ကို ကာကွယ်ရန် "Terminal High Altitude
Area Defense (THAAD)" ကို တပ်ဆင်ခဲ့ခြင်းကြောင့်
တရုတ်နှင့် တောင်ကိုရီးယားအကြား ဆက်ဆံရေး တင်းမာခဲဖူးပါသည်[5]။
·
ဂျပန်
မစ္စတာယွန်းက ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကို အတိတ်၏ "လွန်းပြန်သံတမန်ဆက်ဆံရေး" ကို ပြန်လည်တည်ဆောက်မည်ဟု မဲဆွယ်စဉ်ကာလတွင် ပြောကြားဖူးပါသည်။ ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ရောက်ခဲ့စဥ်တွင် လိင်ကျေးကျွန်အဖြစ် အတင်းအကျပ်ခိုင်းစေခံရသော တောင်ကိုရီးယားအမျိုးသမီးများ (Comfort Girl)အား သက်သာရာရစေသည့်ကိစ္စနှင့်ပတ်သက်၍ 2015 ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့နှင့် ဂျပန်နှင့်ကိုရီးယားအကြား သမိုင်းဝင်သဘောတူညီချက်တစ်ခုအတွက် Kishida က ကြားခံကူညီမူ့များပြုလုပ်ဖူးသော အတွေ့အကြုံရှိကြောင်း မစ္စတာယွန်းက မှတ်ချက်ပေး ပြောကြားခဲ့သည်။ ထို့ကဲ့သို့သော မှတ်ချက်ပေးပြောဆိုမူ့ကြောင့် ဂျပန်နှင့် ကိုရီးယားနှစ်နိုင်ငံအကြားတွင် ပိုမိုကောင်းမွန်သော ဆက်ဆံရေးမျိုး ပြန်လည်တည်ဆောက်နိုင်မည်ဟု နိုင်ငံရေးပညာရှင်များက သုံးသပ်ခဲ့ပါသည်[6]။
၄။ ကိုရီးယားပြည်တွင်းအရေး
·
Covid and Gender
Issue
မစ္စတာယွန်းက ကိုရိုနာဗိုင်းရပ်ကြောင့် အခက်အခဲရောက်နေသော အသေးစား စီးပွားရေးလုပ်ငန်းရှင် များကို အပြုသဘောဆောင်သော ကူညီထောက်ပံ့မူများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်[7]။ လူအခွင့် အရေးနဲ့ပက်သက်၍ မစ္စတာယွန်းသည် သူ့ကိုသူ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူဟု ပြောကြားဖူးပေမယ့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကမူ မစ္စတာယွန်း၏ ပြောဆိုမူများသည် လိမ်လည်ပြောဆိုပြီး မဲဆွယ်ခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့ကြပါသည်။ အထူးသဖြင့် မစ္စတာယွန်းက ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင် ကျားမတန်းတူရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းပြီးမည်ဟု သူ၏ ဖေ့ဘုတ်အကောင့်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထို့ကဲ့သို့သောရေးသားမူ့နဲ့ပက်သက်ပီ မစ္စတာယွန်းက ကျား-မ အခြေပြု ကွဲပြားခြင်းသည် အားနည်းသူများအတွက် ပြသနာများကို မလွှဲမရှောင်သာ ဖန်တီးပေးတာဖြစ်ပြီး ဖြေရှင်းရန် ပိုမိုခက်ခဲစေသည်။ ထို့ကြောင့် ကျားမရေးရာပြဿနာများကို အုပ်စုဖွဲ့ခြင်းထက် လူတစ်ဦးချင်းစီ၏ ပြဿနာများကို ဖြေရှင်းနိုင်သော နည်းလမ်းသည် ပိုမိုလိုအပ်သည်ဟု ပြောကြားဖူးပါသည်[8]။ ထိုပြင် ၂၀၂၁ခုနှစ် ဩဂုတ်လတွင် မစ္စတာယွန်းက အမျိုးသမီးဝါဒီလှုပ်ရှားမှုသည် နိုင်ငံ၏ ကလေးမွေးဖွားနှုန်းနိမ့်ကျမှု ပြဿနာအတွက် အရေးပါသောအချက်တစ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်ရဲ့ ကလေးမွေးဖွားမှုနဲ့ ကလေးထိန်းတာဝန်ယူဖို့က နိုင်ငံတော်ရဲ့ ပကတိတာဝန်တစ်ရပ်ပဲ” လို့ ပြောခဲ့သလို၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့သည်[9]။
·
LGBT
ရွေးကောက်ခံသမ္မတ မစ္စတာယွန်းက "ဘက်စုံခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဥပဒေ၊ ကျန်းမာသောမိသားစုများဆိုင်ရာ မူဘောင်ဥပဒေနှင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်သူ့ဆန္ဒသဘောထားသည် အရေးကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ LGBT တွေ ရဲ့ လူ့အခွင့်အရေးကို လေးစား ကာကွယ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။” ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုရီးယားနိုင်ငံရှိ ကက်သလစ်ခရစ်ယာန်အသင်းတော်၏ ကက်သလစ်ဘုန်းတော်ကြီးများညီလာခံမှ မေးခွန်းတစ်ခုတွင် ရွေးကောက်ခံသမ္မတယွန်းက "လူတစ်ဦးတစ်ယောက်၏ လိင်စိတ်ခံယူမှုကို ရွေးချယ်နိုင်သော်လည်း၊ ဇီဝဗေဒဆိုင်ရာ လိင်ကွဲပြားမှုကို ငြင်းဆိုခြင်းသည် အိမ်ထောင်ရေးစနစ်အပါအဝင် လူ့အဖွဲ့အစည်းအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်" ဟုပြောဆိုခဲ့ပါသည်။ ဇန်နဝါရီလတွင် ကိုရီးယား ခရစ်ယာန်ဘုရားကျောင်းအဖွဲ့ချုပ်နှင့် စကားပြောဆိုရာတွင်လည်း “ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဒီမိုကရက်တစ်ပါတီအမတ်တွေ ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်က အဆိုပြုတဲ့ တန်းတူညီမျှရေးအက်ဥပဒေမှာ အကြီးမားဆုံးပြဿနာက ခွဲခြားဆက်ဆံခြင်းဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ လူများစုကို ဆန့်ကျင်ပြီး လူနည်းစုကို ခွဲခြားဆက်ဆံခြင်း မပြုရဟု” ပြောဆိုခဲ့ပါသည်။
·
အထွေထွေ
Social Issue နဲ့ ပက်သက်ပြီး မစ္စတာယွန်းက “လက်ရှိလှူဒါန်းမှုဥပဒေ၊ စည်းမျဥ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များ၊ အကျိုးခံစားခွင့်များနှင့် စနစ်အမျိုးမျိုးတို့ကဲ့သို့သော စည်းမျဥ်းစည်းကမ်းများ စသည်တို့ကို အတူတကွ ပြန်လည်ဆွေးနွေးသုံးသပ်သင့်ကြောင်း ပြောဆိုခဲ့ပါသည်။ သို့သော် Eui-yeon အဖြစ်အပျက်တွင် ဖော်ပြထားသည့်အတိုင်း ကိုရီးယားလူမျိုးများ မလှူဒါန်းရခြင်း၏ အကြီးမားဆုံးအကြောင်းရင်းမှာ အလှူအသုံးပြုသည့်နေရာက ပွင့်လင်းမြင်သာမှု မရှိဟု ထင်မြင်ချက်ရှိသောကြောင့်ဖြစ်သည်ဟု ထောက်ပြခဲ့သလို၊ “အရပ်ဘက်အဖွဲ့စည်းများ၏ တရားမဝင်သော အကျိုးအမြတ်အားလုံးကို ပြန်လည်ရယူရန်” ကတိပြုခဲ့သည်[10]။ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့တွင် မစ္စတာယွန်းမှ သမ္မတအဖြစ် ရွေးကောက်ခံရပါက အကျင့်ပျက်ခြစားမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသော သမ္မတဟောင်း Lee Myung-bak နှင့် Park Geun-hye ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် (Park Geun-hye ကို နောက်ပိုင်းတွင် သမ္မတ Moon Jae- မှ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၄ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်)[11]။ အလုပ်သမားကိစ္စ ပက်သက်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် မစ္စတာယွန်းက သူသမ္မတဖြစ်လာပါက တစ်ပတ် အလုပ်ချိန် ၅၂ နာရီနှင့် အနည်းဆုံးလုပ်ခလစာကိုဖျက်သိမ်းမည်ဟုပြောကြား[12]ခဲ့သလို၊ သမ္မတမွန်းဂျေးအင်း၏ တစ်ပတ် ၅၂ နာရီ အလုပ်ချိန် မူဝါဒကို ချမှတ်စဉ်တွင် မစ္စတာယွန်းသည် ၅၂နာရီထက် ၁၂၀နာရီ က ပိုမိုဖြစ်သင့်ကြောင့် ထောက်ပြပြောဆိုဖူးသူ တစ်ဦးဖြစ်ပါသည်[13]။
၅။ ရွေးကောက်ပွဲ မဲအနိုင်ရမူ့ စမ်းစစ်ခြင်း
၂၀ကြိမ် သမ္မတာရွေးကောက်ပွဲ၏ မဲရလဒ်သည် ထူးခြားစွာကြီးကြီးမားမား
ကွာဟမူ့ မရှိကြောင်းကို ပုံ -၂ အရတွေ့ရပါသည်။ ဒီမိုကရက်တစ်ပါတီသည် လက်ရှိသမ္မတမွန်းဂျေးအင်း၏
ယခင်ပါတီဖြစ်ပြီး၊ ပါတီ၏ နိုင်ငံအတွင်းပါဝါရှိမူအရ အမတ် ၃၀၀ရှိ တောင်ကိုရီးယား လွတ်တော်ကို
ဦးဆောင်လျက်ရှိသော ပါတီဖြစ်ပါသည်။ မွန်ဂျေးအင်း၏ အုပ်ချုပ်မူကို ပြည်သူထောက်ခံနှုန်း ကျဆင်းပြီ၊ ၂၀ကြိမ် သမ္မတရွေးကောက်ပွဲ မတိုင်ခင်တွင် ၂၀% သာ ရှိခဲ့ပါသည်။
Gallup ၏ စစ်တမ်းအရ လက်ရှိသမ္မတပါတီ ဒီမိုကရက်တစ်ပါတီ မဟုတ်သော တစ်ခြားပါတီကို
မဲပေးသင့်ကြောင်း၊ ပါတီပြောင်းသင့်ကြောင် ပြောဆိုသူလည်း တိုးပွားခဲ့ပါသည်။ ဤကဲ့သို့သော
အခြေအနေများကြောင့် ပြည်သူအာဏာပါတီနှင့် ဒီမိုကရက်တစ်တီနှစ်ခုအကြား
ပြိုင်ဆိုင်မူ့တွင် ပြည်သူအာဏာပါတီကို အခြေအနေ သာကြောင်းကို လေ့လာ တွေ့ရှိပါသည်။
Figure
1, မစ္စတာအီနှင့် မစ္စတယွန်း၏ မူဝါဒ နှိုင်းယဉ်မှု[16]
သမ္မတလောင်းများ၏ မူဝါဒနှင့် ပက်သက်ပြီး ရှင်းရှင်းလင်းလင်းမြင်သာတာကတော့
အမျိုးသမီးများ၏ မဲပေးမှုတွင် အီဂျေမြောင်က အများဆုံးရရှိခဲ့သည်။ အကြောင်းအရင်းမှာ
မစ္စတာ ယွန်း၏ ကျား/မတန်းတူအခွင့်အရေးဌာနကို ဖျက်သိမ်းမည်ဟု ပြောဆိုမူကြောင့်နှင့်
ဒီဂျေမြောင်၏ အမျိုးသမီးများ တန်းတူအခွင့်အရေးသည်
နိုင်ငံတော်၏ အရေးကြီးသောအရာဖြစ်ကြောင်း ပြောဆိုမူနဲ့ သက်ဆိုင်မူ့ရှိကြောင်း သုံးသပ်ကြပါသည်။
တဖက်မှာ တောင်ကိုရီးယားအမျိုးသားများ၏ မဲပေးနှုန်းကို လေ့လာလျှင်
အီဂျေမြောင်ထက် မစ္စတာယွန်းက မဲအသာရနေတာကို တွေ့ရပါသည်။ အထူးသဖြင့် အသက် ၂၀ကျော် အမျိုးသားများ၏
မစ္စတာယွန်းကို မဲပေးနှုန်းသည် ၅၈.၇%နှင့်
အသက် ၆၀ ကျော်အမျိုးသားများ၏ မဲပေးနှုန်းကို လေ့လာမည်ဆိုပါက ၆၆.၈% ထိ ပြတ်ပြတ်သားသား
ပြိုင်ဘက်ကို အနိုင်ရရှိကြောင်း တွေ့ရပါသည်။ ထို့ရလဒ်ထွက်ပေါ်ရခြင်းသည် အမျိုးသား
Figure 2 အသက်အရွယ်အလိုက် မဲပေးမှု17]
ကာကွယ်ရေးဝါဒနှင့် သက်ဆိုင်မူရှိနိုင်ကြောင်း သုံးသပ်သူတွေ
များပြားခဲ့ပါသည်။ အထူးသဖြင့် မြောက်ကိုရီးယားကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဒီမိုကရက်တီ သမ္မတမွန်ဂျေးအင်းအစိုးရ၏
ကြိုးစားမူသည် ၂၀၁၈ခုနှစ်အစောပိုင်း ကိုရီးယားပြည်သူများကို ကျေနပ်မူ့များ ပေးခဲ့သော်လည်း
နောက်ပိုင်းတွင် ကိုရီးယားကျွန်းဆွယ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အွန်းက
ဒုံးကျည်ပစ်ခတ်မူ့များ ဆက်တိုက်ပြလုပ်ခဲ့သောကြောင့် အီဂျေမြောင်၏ မဲဆွယ်စဥ် "Peace
Mediator ဖြစ်မယ်" ဆိုသော အချက်ထက် မစ္စတာယွန်း၏ စစ်တပ်အင်းအားကောင်းမှ
ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကို ငါတို့ ဦးဆောင်နိုင်မည်။ လိုအပ်လျှင် ငါတို့က
ပစ်ခတ်ရဲရမည်ဆိုသော မှတ်ချက်စကားနဲ့ သက်ဆိုင်မူရှိနိုင်ကြောင်း ဖော်ပြသူများ
ရှိပါသည်။
Figure 3, ကိုရီးယားတနိုင်ငံလုံး အတိုင်းအတာဖြင့် မဲရရှိမှု
**************** The End ************
References
[2] https://www.nytimes.com/live/2022/03/08/world/korean-election
[3] https://www.christiantoday.co.kr/news/346121
[4] https://www.mfa.gov.cn/
[5] https://www.scmp.com/week-asia/politics/article/3155903/risking-chinas-wrath-south-korean-presidential-front-runner-yoon
[6] https://www.washingtonpost.com/world/2022/03/07/south-korea-presidential-election-candidates/
[7]
https://www.latimes.com/world-nation/story/2022-03-08/what-know-about-south-korea-presidential-election
[8] https://www.washingtonpost.com/world/2022/03/08/south-korea-presidential-elections-yoon-feminist/
[9] https://www.theguardian.com/world/2022/mar/11/south-korea-gender-equality-anti-feminist-president-yoon-suk-yeol
[11] https://www.nytimes.com/2021/12/23/world/asia/south-korea-park-geun-hye-pardon.html
[12] https://www.hankyung.com/politics/article/202112016614i
[15] https://www.wilsoncenter.org/article/what-can-we-expect-new-south-korean-president
0 comments:
Post a Comment