Empower, Engage and Inspire

Thursday, March 17, 2022

တောင်ကိုရီးယား သမ္မတသစ်လက်ထက်တွင် ကိုရီးယားနိုင်ငံရေးလောကကြုံလာမည့် နိုင်ငံရေးတိုက်ပွဲ

နိုင်ငံရေးသိပ္ပံပညာရှင် Huntington က Democratic နှင့် Conservative အတွေးအခေါ်အကြား ပြိုင်ဆိုင်မူ့သည် ခေတ်သစ်နိုင်ငံတော်များတွင် ရှိလာမှာဖြစ်ကြောင်း‌ပြောကြားခဲ့သလို့၊ ၁၉၈၇ခုနှစ်ကနေ ဒီမိုကရေစီနိုင်ငံဖြစ်လာသော တောင်ကိုရီးယားနိုင်ငံတွင်လည်း ဒီမိုကရေစီစံနှုန်းစံညီက မွေးဖွားလာသော Democratic နှင့် Conservative အတွေးအခေါ်သည် နိုင်ငံသားများအကြား ဖြန့်ကျဲကာ နေရာယူထားတာကို ၂၀ကြိမ်မြှောက် တောင်ကိုရီးယားသမ္မတရွေးကောက် ရလဒ်ကို ကြည့်ခြင်းအားဖြင့် တွေ့ရှိရပါသည်။ ရွေး‌ကောက်ခံသမ္မတအကြား မဲရရှိမူ့ ၀.၇၄%သာ ကွာခြားချက်သည်  နိုင်ငံသားများအကြား နိုင်ငံရေးအတွေးအခေါ်နှစ်ခု ကြီးကြီးမားမားရှိနေခြင်းကို ဖော်ပြတာပါသည်။ ဒီအကြောင်းနဲ့ ပက်သက်ပီ University of North Korean Studies မှ Jung Kim ရေးသားထားသော "South Korea’s 2022 Presidential Election: A Vox Populi that is Evenly Divided" ထဲက အဓိကအချက်များကို ကောက်နုတ်ဘာသာပြန်လိုက်ပါတယ်။


မေလတွင် ကိုရီးယားသမ္မတ ဖြစ်လာမည့် မစ္စတာယွန်း

ညွန့်ပေါင်းအစိုးရ

သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက်အီ‌ဂျဲမြောင်ကို ၀.၇၃%ဖြင့် အနိုင်ရရှိကာ သမ္မတဖြစ်လာမည့် မစ္စတာယွန်းက အန်ချောလ်ဆူး၏ပါတီ ပြည်သူ ့ပါတီနှင့် သူ့ပါတီကိုပေါင်းစည်းပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းဖို့ ရွေးကောက်ပွဲမတိုင်ခင်မှာ သဘောတူခဲ့ပြီးဖြစ်သလို၊ ယခုအပတ်တွင် အန်ချောလ်ဆူးကိုလည်း Presidential Transition Committee Chairman အဖြစ်ခန့်အပ်ထားကြောင်း သတင်းတက်လာသည်။သမ္မတရွေးကောက်ပွဲတွင် မစ္စတာယွန်းကအနိုင်ရရှိခြင်းသည် ကိုရီးယားပြည်သူများ၏ မဲ၁၂ရာခိုင်နှုန်းရရှိခဲ့သော အန်ချောလ်ဆူးနှင့် မတ်လ ၃ရက်နေ့တွင် ပေါင်းစည်းမှုကြောင့်ဖြစ်သည်ဟု သုံးသပ်ချက်များ ပေါ်ထွက်လာပါသည်။ အန်ချောလ်ဆူးသည် သမ္မတရွေးကောက်မတိုင်ပွဲခင်တွင် ရွေးကောက်ခံမည့်ကိုယ်စားလှယ်များအနက် တတိယလူကြိုက်အများဆုံးဖြစ်ကြောင်း Kbs, Mbc, Gallup Korea များ၏ စစ်တမ်းများက ဖော်ပြထားပါသည်။ အဓိပ္ပါယ်ကတော့ အန်ချောလ်ဆူးကို မဲပေး‌သူများသည် မစ္စတာယွန်းကို မဲပေးကြခြင်းကြောင့် မစ္စတာယွန်းသည် သမ္မတဖြစ်လာတာ ဖြစ်ပါသည်။

လွှတ်တော်အတွင်းမှာ ဖြစ်လာမည့်တိုက်ပွဲ

လွှတ်တော်တွင် အမတ်(၃)ဦးရှိတဲ့ အန်ချောလ်ဆူး၏ ပြည်သူ ့ပါတီနှင့် လွှတ်တော်တွင်အမတ် (၁၀၆/၁၁၀)ဦးရှိသော မစ္စတာယွန်းပါတီ ပြည်သူ့အာဏာပါတီ ပေါင်းစပ်မှု သည် အမတ် ၁၇၂ (၅၈.၃%) ရှိသောဒီမိုကရက်တစ်နဲ့ ဘယ်အတိုင်းအတာထိ ပြိုင်ဆိုင်မှုရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါသည်။ ကိုရီးယားလွှတ်တော်တွင် အမတ် ၃၀၀ ဦးရှိရာ - ဒီမိုကရက်တစ်ပါတီမှ အတ်၁၇၂ဦး၊ ပြည်သူ့အာဏာပါတီနှင့် တခြားပါတီများမှအမတ် ၁၂၈ဦး ရှိပါသည်။ လွှတ်တော်ရွေးကောက်ပွဲသည် ၄နှစ်တစ်ကြိမ်ကျင်းပရာ နောက်ပါလီမန်ရွေးကောက်ပွဲသည် ၂၀၂၄နှစ်တွင် ကျင်းပမှာဖြစ်သောကြောင့် တက်လာမည့်သမ္မတ၏ ပါတီနှင့် ဒီမိုကရက်တစ်ပါတီအကြားမှာ လွှတ်တော်အတွင်း ပြိုင်ဆိုင်မှုသည် အရင်ကထက် အဆပေါင်းများစွာ ရှိလာနိုင်ပါသည််။ ဒီလိုမျိုးအခြေအနေများကြောင့် အရေးကြီးသော အစိုးရ၏ ဆုံးဖြတ်ချက်များကိုပင် နှစ်ဖက်သဘောတူညီဖို့ လိုအပ်လာနိုင်ပါသည်။

အဆိုပြုချက်များအကြား တိုက်ပွဲ

မစ္စတာယွန်းက ခန့်အပ်သော ဝန်ကြီးချုပ်နှင့် အစိုးရဝန်ကြီးများကို လွှတ်တော်က လက်ခံသဘောတူပေးဖို့လိုအပ်သလို၊ လွှတ်တော်၏ အရေးကြီးသောဆုံးဖြတ်ချက်များကိုလည်း သမ္မတ၏ လက်မှတ်ရေးထိုးဖို့လိုအပ်သောကြောင့်  ဒီမိုကရက်တစ်ပါတီနှင့် ရွေးကောက်ခံသမ္မတပါတီအကြား နားလည်သဘောတူညီမူ အတိုင်းအတာတစ်ခုထိ လိုအပ်မှာဖြစ်ပါသည်။

စီးပွားရေးတိုးတက်အောင်ပြုလုပ်ရန်နှင့် အလုပ်အကိုင်ဖန်တီးရေးအတွက် မစ္စတာယွန်းကို မဲပေးသူသည် ၂၉%၊ အီဂျဲမြောင်ကို မဲပေးသူ ၃၁% ဖြစ်သော‌ကြောင့် ဒီအဆိုအပေါ်တွင် လွှတ်တော်တွင် ပါတီနှစ်ခုအကြား သဘောထားကွဲလွဲမှု ကြီးကြီးမားမားရှိလာမှာ မဟုတ်သလို၊ အိမ်ခြံမြေရောင်းဝယ်ရေးနှင့် အိမ်စျေးနှုန်းမြင့်တက်မှုများ အဆိုတွင်လည်း မစ္စတာယွန်းက ၂၃% ရသလို၊ အီဂျဲမြောင်ကလည်း ၂၁% ရရှိသောကြောင့် ဆန့်ကျင်ဘက် အငြင်းအခုံတွင် ရှိလာနိုင်မှုက နည်းပါးမှာပါ။ သို့သော်လည်း ကျားမတန်းတူအခွင့်အရေးဌာနကို ဖျက်သိမ်းရေးကိစ္စများကမူ သမ္မတသစ်နှင့် ဒီမိုကရက်တစ်အကြားတွင် သဘောထားကွဲလွဲမှုရှိသောကြောင့် နှစ်ဖက်အကြားပြေလည်မှုများ လုပ်ဆောင်ရန် လိုအပ်ပါသည်။ 


အဲလိုဆိုရင် သမ္မတက ဘာလုပ်နိုင်လဲ?

ထိုကဲ့သို့သော အခြေအနေမျိုးရောက်လာလျှင် သမ္မတသည် ပြည်သူရှေ့မှာ သူ့အဆိုပြုချက်၊ သူ၏ ပေါ်လစီကို ထင်ထင်ပေါ်ပေါ်ချပြပြီး၊ ပြည်သူ့အသံဖြင့် လွှွတ်တော်ထဲမှာ သူ့အဆိုအောင်မြင်ရန်ကြိုးစားမှုတွေ ပြုလုပ်လာနိုင်ပါသည်၊ သို့ပေမယ့် အဲ့ဒီလိုလုပ်ရင်လည်း ၀.၇၈%သာ ကွာတဲ့ သမ္မတမဲရလာဒ်ကြောင့် ဒီမိုကရက်တစ်ကို မဲပေးသူ ပြည်သူများ၏ သဘောထားကို သူဆွဲဆောင်နိုင်မှာလားကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါသည်။

Share:

0 comments:

Post a Comment

Search

Blog Archive