Empower, Engage and Inspire

Monday, March 14, 2022

ကိုရီးယားလူမူ့အဖွဲ့အစည်းများမှ စစ်ကောင်စီဆန်ကျင့်လှုပ်ရှားမူ့ နှင့် မြန်မာ့ကျောင်းသားများ ကူညီမူ့ကို လေ့လာခြင်း

 (၁) ကိုရီးယားလူမူ့အဖွဲ့အစည်းများမှ စစ်ကောင်စီဆန်ကျင့်လှုပ်ရှားမူ့ 

အာဏာသိမ်းမူ့ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေ‌သော ကိုရီးယားလူမျိုးမျာ



မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမူ့ ဖြစ်ပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ  ၂ရက်နေ့တွင် ကိုရီးယားလူမူ့အဖွဲ့ အစည်း ၇၁ကျော်သည် မင်းအောင်လှိုင်ဏာသိမ်းမူ့ကို ဆန်ကျင့်ကာ ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်ပါဝါ ပြန်လည် လွှဲပြောင်းပေးဖို့ လက်မှတ်စုဆောင်းလှုပ်ရှားမူ့ “ Signature Campaign” ကို စတင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဒီအဖွဲ့အစည်းသည် အဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် အဖွဲဝင်များ တိုးပွားကာ ကိုရီးယားလူမူ့အဖွဲ့အစည်း ၁၀၄ ကျော်ဖြင့် “Korea Civil Society in support of Democracy in Myanmar” ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့အစည်းထဲတွင် ဘာသာရေး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာမဟာမိတ်အဖွဲ့အစည်းများ၊ ရိုဟင်ဂျာအားပေးထောက်ခံသော အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်ကြပြီး၊ အာဏာသိမ်းမူ့ဆန်ကျင့်ကြောင်းကို “Statement” များကို ထုတ်ပြန်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဒီအဖွဲ့အစည်းသည် အင်းအားကောင်းလာပြီး ကိုရီးယားအဖွဲ့အစည်း ၃၀၀ ကျော်အထိ ပါဝင်ပါသည်။


   ဒီအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်သည် (၃)မျိုးဖြင့် တွေ့နိုင်ပါသည်။ ပထမတစ်ချက်မှာ တရုတ်သံရုံး၊ မြန်မာသံရုံး၊ရုရှားသံရှားနှင့် အခြားလူစည်းကားရာ နေရာတွင်မှာ အာဏာသိမ်းမူ့ဆန်ကျင့် ဆန္ဒပြခြင်း ဖြစ်ပါသည်။ ဒုတိယချက်ကတော့ မြန်မာနိုင်ငံနိုင်ငံသားအတွက် အကူအညီလိုအပ်ချက်များကို ကောက်ခံကာ ထောက်ပံ့ခြင်း ဖြစ်ပါသည်။ တတိယချက်မှာ စစ်ကောင်စီကို ထောက်ပံ့နေသော ကိုရီးယား ကုမ္ပဏီကြီးတွေကို ရှုတ်ချပြီး၊ စစ်ကောင်စီ ထောက်ပံ့မူအား ရပ်စေ‌ရေး ဖြစ်ပါတယ်။ အဓိကအားဖြင့်

အာဏာသိမ်းမူ့ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေ‌သော ကိုရီးယားလူမျိုးများ

POSCO နှင့် KOGAS ကုမ္ပဏီများကို စစ်ကောင်စီကို မထောက်ပံ့ဘဲ မြန်မာပြည်သူများနဲ့ အတူရပ်တည်ရေးကို တောင်းဆိုနေကြပါ သည်။ ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်း၊ တောင်ကိုရီးယားဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း မြန်မာငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး အတွက် လှုပ်ရှားမူ့တွေ အတူတကွာ ပြုလုပ်လျက်ပါသည်။  ယနေ့အချိန်ထိ မြန်မာနိုင်ငံများအတွက် မနားမတမ်း ဆန္ဒတွေ ထုတ်ဖော်ပြသာလျက်ရှိပါသည်။

ယနေ့အချိန်ထိ Korea Civil Society in support of Democracy in Myanmar  ဦးဆောင်မူ့ဖြင့်
နေရာအသီးသီးတွင် တစ်ကိုယ်‌တော် ဆန္ဒထုတ်ဖော်ပြမူ့ ပြုလုပ်လျက်ရှိ။


(၂) ကိုရီးယားအဖွဲ့အစည်များမှ ကိုရီးယားရောက် မြန်မာကျောင်းသူ/ကျောင်သားများ ကူညီမူ့

   ကိုရီးယားမှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသားဘက်ကို ကြည့်မယ်ဆိုရင် ၂၀၂၀ ကိုရီယားနိုင်ငံ လဝကမှတ်တမ်းအရ ၂၀၂၀ ခုနှစ်မှာ ကိုရီးယားမှာ မြန်မာနိုင်ငံကျောင်းသား စုစုပေါင်း ၁,၀၄၃ဦး ရှိရာ ထိုအထဲမှာ အမျိုးသား ၃၆၁ ဦး နှင့် အမျိုးသမီး ၆၈၂ ရှိပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမူ့ ဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံး ဒေတာအရ ကျောင်းသားဦးရေ တိုးပွားကာ လက်ရှိအချိန်တွင် ကိုရီးယားမှာ ပညာသင်နေတဲ့ ကျောင်းသက်အရေအတွက်သည်လည်း  ၂၀၂၀ ထက် များမည်ဟု ခန့်မှန်းရပါသည်။ ဇယား ၁ အရ ကိုရီးယားနိုင်ငံသူ/ သားများသည် ကိုရီးယားရောက် မြန်မာနိုင်ငံသားများကို အပြုသဘောဆောင် လူသားချင်းစာနပြီ ကူညီတာကို တွေ့ရှိရပါသည်။

Share:

0 comments:

Post a Comment

Search

Blog Archive