၁။ ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်ပြတိုက် (The War Memorial of Korea)
 |
ဝင်ပေါက်နားက စစ်သည်တော်များ |
၁၉၉၄ကနေ စပြီ ဖွင့်လင့်ထားတဲ့ ပြတိုက်ဖြစ်တယ်။ စစ်ပွဲတုန်းက ဖြစ်ပျက်ခဲသမျှကို မှတ်တမ်းတင်ပြီး၊ ဓာတ်ပုံ၊ ဗိဒီယိုနှင့် အရုပ်လိုမျီုးနှင့် ကြည့်လိုရပါတယ်။ နှစ်စဉ် နိုင်ငံခြားခရီးသွားတွေ အမြဲတမ်းလာတဲ့နေရာ ဖြစ်ပါတယ်။ စစ်ပွဲတုန်းက အသုံးပြုခဲ့တဲ့ လေယာဉ်တွေ၊မော်တော်ကားတွေ၊ သေနတ်တွေနှင့် တခြားပစ္စည်းများကိုလည်း ကြည်ရှု့နိုင်ပါတယ်။ သမိုင်းထဲက ဖြစ်ပျက်ခဲသမျှကို ကိုယ့်တွေ့ လေ့လာလို့ရတဲ့နေရာမို့ အချိန်ရှိရင် သွားဖို့ မမေ့ကြပါနဲ့။
လိပ်စာ: War Memorial of Korea, 29 Itaewon-ro, Yongsan-gu, Seoul
၂။ ဘုန်းကဲလ်စာ ဘုန်းကြီးကျောင်း ( Bongeunsa Temple)
Seoul ရဲ့ မြို့သစ်လို့ လူများသိတဲ့ သူငှေးကြီးများနေထိုင်ရာ ကန်နမ်(Gangnam) မြို့ အလယ်မှာ တည်ထားတဲ့ ဘုန်ကြီးကျောင်းဖြစ်ပါတယ်။ ဒီဘုန်းကြီးကျောင်းဟာ ကိုရီးယားနိုင်ငံထဲမှာအကြီးဆုံးကျောင်းလို ဆိုကြတဲ့သူများလည်း ရှိတယ်။ လွန်ခဲသော အေဒီ ၇၉၄ (ရှီလား ခေတ်) မှာ တည်ထားတဲ့ ကျောင်းဖြစ်လို့၊ အဲဒီချိန်ခါရဲ့ ပညာနှင့် တည်ဆောက်ပုံ တွေ့နိုင်ပါတယ်။
လိပ်စာ: Bongeunsa, 531- Bongeunsa-ro, Gangnam-gu, Seoul
၃။ ချော်ကဲချော် ချောင်း (Cheong Gye Cheon Stream)
မြန်မာလို ဒီနေရာ နာမည်ကို အတော်လေး စဉ်စားရတယ် 😂😂. Cheong Gye Cheon က ချောင်းကလေး ဖြစ်ပါတယ်။ အရည်က ကီလိုမိတာ ၁၀.၉ဖြစ်ပြီ၊ ဆိုာလ်း မြို့တွင်း လူစည်းကားရာ နေရာက ချောင်းကလေး ဖြစ်တယ်။ ချောင်းရဲ့ ဘေးနှစ်ဘက်လူမှာ လူသွားလမ်းရှိပြီး၊ လမ်းလျှောက်လို့လည်းရပါတယ်။ နွေရာသီမှာ ဆိုရင် ဒီနေရာဟာ လူတွေ အသွားဆုံးနေရာ ဖြစ်ပါတယ်။
၎။ နမ်ဆန်း မျှော်စင် (Namsan (Seoul) Tower)
ဒီ မှော်စင်ကို ကျနော် ငါးကြိမ်လောက် ရောက်ဖူးပြီ။ တစ်ကယ်ကို မရိုးနိုင်တဲ့နေရာ ဖြစ်တယ်။ ၁၉၈၀ကျော်လောက်က ဖွင့်လှစ်တဲ့မျှော်စင် ဖြစ်ပြီ၊ နိုင်ငံခြားခရီးသွား တင်မကဘဲ ကိုရီယားနိုင်ငံသားများပါ အများကြီးလာကြတဲ့နေရာ ဖြစ်တယ်။ ဆိုလ်မြို့ရဲ့ လှပတဲ့ရှုခင်းကို မြင်နိုင်၊ ကြည်ရှုနိုင်ရုံတင်မကဘဲ စားစရာ၊ ကြည့်စရာတွေလည်း ရှိတယ်။
လိပ်စာ: Namsan, Hoehyeon-dong, Jung-gu, Seoul
၅။ ဟန်မြစ်ဘေးက ပန်းခြံ (Yeouido Hangang Park)
အဓိကအားဖြင့် နွေမှာ လူတွေ သွားကြတယ်။ ရှုခင်းက လှရုံတင်မကဘဲ၊ စက်ဘီးပါ ငှားစီးလို့ရပြီ ဟိုသွားဒီသွား ကြည့်လို့လေ ရတယ်။ ၄လပိုင်းမှာ ချယ်ရီတွေ အပြည့်ပွင့်တဲ့နေရာ ဖြစ်တယ်။ ဒီနေရာကတော့ လူတွေ သန်းပေါင်းများစွာ လာလေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။
ဒါအပြင်
ဧပြီလ ၃၊ ၂၀၁၇ မှာ ဖွင့်လှစ်ထားတဲ့ ကိုရီးယားမှာ အမြင့်ဆုံး မျှော်စင်ဖြစ်ပါတယ်။ ၁၂၃ထပ်ရှိပြီး၊ ခုတလော လူတွေ တအား သွားကြတဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာကတော့ ဝင်ကြေးပေးရပါတယ်
လိပ်စာ: 300 Olympic-ro, Jamsil 6(yuk)-dong, Songpa-gu, Seoul