This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Cahmai Media In Kan i Don

Laica a thancho nakhnga le Laica in ca tampi mipi sin aphakter khotu siding aa zuammi Online media kan si.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 25, 2023

တောင်ကိုရီးယားနိုင်ငံ၏ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မူ ဥပဒေ

ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသားဦးရေ တိုးလာတာနဲ့အညီ မြန်မာနိုင်ငံသား အမျိုးသမီးလူဦးရေလည်း တိုးပွားလျက်ရှိပါသည်။တချို့အမျိုးသမီးများမှာ  မိသားစုများနဲ့ နေထိုင်သောကြောင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမူ့ 성희롱 (Sexual Harassment)နည်းပါးပေ့မယ့် တစ်ချိူ့ ဆွေးမျိုးအရင်းချာမရှိဘဲ တစ်ယောက်တည်းဘဝကို ရုန်းကန်း‌နေကြသော အမျိုးသမီးများမှာမူ အနည်းအများ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မူများ ခံနေရကြောင်းကို သိရှိရပါသည်။ ဤကဲ့သို့သော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မူနဲ့ ပက်သက်ပြီး တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိကျင့်သုံးနေသော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမူ့ ပြဌာန်းထားသော သတ်မှတ်ချက်စံနှုန်းနှင့် ဒဏ်ငွေများကို ဖော်ပြလိုပါတယ်။



၁။ အဓိပ္ပယ်နဲ့ ဆိုလိုရင်း။

က။ "လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု" ဆိုသည်မှာ ဝန်ထမ်း၊ အလုပ်ရှင် သို့မဟုတ် တစ်ဦးဦးက အလုပ်၊ ရာထူး သို့မဟုတ် အခြားသော ဆက်ဆံရေးနှင့် ဆက်နွှယ်နေသည့်အရာများကို အခွင့်ကောင်းယူကာ တစ်ခြားသူထံ လိင်ပိုင်းဆိုင်ရာ အပြုအမူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အရှက်ရစေခြင်း သို့မဟုတ် ရွံရှာဖွယ်ဖြစ်စေသည့် လုပ်ရပ် ကျုံးလွန်သည်ကို ခေါ်သည် (အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် ၃)။

ခ။ “လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း" ဆိုသည်မှာ အလုပ်ရှင်၊ အထက်အရာရှိ သို့မဟုတ် အလုပ်သမားတစ်ဦး
သည် လုပ်ငန်းခွင်တွင် ၎င်း၏ရာထူးကို အခွင့်ကောင်းယူကာ အခြားအလုပ်သမားတစ်ဦးအား အလုပ်နှင့်စပ်လျဉ်း၍ လိင်ပိုင်းဆိုင်ရာ အရှက်ကွဲစေခြင်း သို့မဟုတ် အလုပ်တွင် လိင်ပိုင်းဆိုင်ရာအပြုအမူများဖြင့် ပြစ်ဒဏ်ပေးခြင်းတို့ကို ဆိုလိုသည် (ကျား-မ အလုပ်အကိုင် တန်းတူညီမျှမှုနှင့် အလုပ်-မိသားစု သဟဇာတဖြစ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုဥပဒေ ပုဒ်မ ၂၊ အပိုဒ် ၂၊)

ဂ။ "လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု" သည် အလုပ်၊ ရုံး သို့မဟုတ် အခြားသော ဆက်ဆံရေးနှင့် စပ်လျဉ်း၍ နိုင်ငံ့အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အစိုးရများ၊ ကျောင်းများနှင့် အစိုးရရုံးဆိုင်ရာ အဖွဲ့အစည်းများ၏ ဝန်ထမ်းများ၊ အလုပ်ရှင်များ သို့မဟုတ် ဝန်ထမ်းများမှ ကျူးလွန်သော အောက်ပါ လုပ်ရပ်များထဲမှ တစ်ခုခုကို ရည်ညွှန်းပါသည်။

    • အခွင့်ကောင်းယူပြီး အခြားသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အရှက်ရစေခြင်း သို့မဟုတ် အသုံးချခြင်း။
    • လိင်ပိုင်းဆိုင်ရာ အပြုအမူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ တောင်းဆိုချက်များကို လိုက်နာခြင်းမရှိသည့်အတွက် တစ်ဖက်သားအား         ပြစ်ဒဏ်ပေးခြင်း သို့မဟုတ် အခြားပါတီအတွက် အကျိုးခံစားခွင့်များပေးရန် ရည်ရွယ်ချက်ဖြင့် လိင်ပိုင်းဆိုင်ရာ အပြုအမူ              ပြုလုပ်စေခြင်း။  

(ကျားမတန်းတူညီမျှမှုဆိုင်ရာ အခြေခံဥပဒေ ပုဒ်မ ၃(၂) နှင့် ကျားမတန်းတူညီမျှမှုဆိုင်ရာ အခြေခံဥပဒေ အပိုဒ် ၂၊)

၂။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မူ သက်ရောက်သည့် အပြုအမူ (၃)မျိုး

တောင်ကိုရီးယားနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာအပြုအမူကို အောက်ပါအချက် (၃) ချက်ဖြင့် ပြဌာန်းလျက်ရှိပါတယ်။
 

က ရုပ်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်းအပြုအမူ

  • အတင်းအဓမ္မနှမ်းခြင်း၊ ခနွကိုယ်ကို တနည်းနည်းဖြင့် ဖက်ခြင်း။ 
  • တင်းနှင့် ရင်းသားကို ထိခြင်း။
  • နှိပ်နယ်ခိုင်းခြင်း သို့မဟုတ် ဂရုစိုက်ပေးရန် အတင်းအဓမ္ခံခိုင်းခြင်း။

ခ။ နှုတ်အားဖြင့် နှောင့်ယှက်ခြင်းအပြုအမူ

  • လိင်ပိုင်းဆိုင်ကိစ္စနဲ့ ပက်သက်ပြီး ဖုန်း (သို့မဟုတ်) လူချင်းတွေ ‌ပြောဆိုခြင်း။
  • လိင်ပိုင်းဆိုင်ရာ သရုပ်ဖော်ပုံများ ပြုလုပ်ခြင်း။
  • လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင်ခြင်း။
  • ညစာစားပွဲ (သို့) စားပွဲတစ်ခုခုတွင် တစ်ယောက်ယောက်ကို အတင်းထိုင်ခိုင်းပြီး အရက်ထည့်ခိုင်းခြင်း။

(ဂ) ဗီဇိုလ်ဆိုင်ရာ (Visual Acts) နှောင့်ယှက်ခြင်း အပြုအမူ။

  • ညစ်ညမ်းသောဓာတ်ပုံ၊ ပုံ (drawings)၊ ဂရပ်ဖစ်တီ (graffiti) စသည်တို့ကို အွန်လိုင်းတွင်တင်ခြင်း သို့မဟုတ် ပို့ခြင်း။
  • လိင်ပိုင်းဆိုင်ရာနှင့်သက်ဆိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ဖော်ပြခြင်း။

(၃) ပြစ်ဒဏ်ပေးပုံ။

  • ရုပ်ပိုင်းဆိုင်ရာနဲ့  ညစ်ညမ်းသောလုပ်ရပ် ကျု့းလွန်သူကို ရာဇဝတ်မှုဥပဒေ  ပုဒ်မ ၂၄၂ ဖြင့် ထောင်ဒဏ် ၁နှစ် နှင့် ဒဏ်ငွေ သိန်း ၁၅၀ အထက်။
  • ညစ်ညမ်းသောဓာတ်ပုံ (အပြာဓာတ်ပုံ) ဖြန့်ဝေ (သို့ ) ပုံနှိပ်ထုတ်လျှင် ရာဇဝတ်မှုဥပဒေ ပုဒ်မ ၂၄၃နှင့် ပုဒ်မ၂၄၄ ဖြင့် ထောင်ဒဏ်၁နှစ်နှင့် ဒဏ်ငွေသိန်း ၅၀။
  • ညစ်ညမ်းသောဓာတ်ပုံ (အပြာဓာတ်ပုံ) ပြပွဲ (သို့) ပြခန်းလုပ်လျှင် ရာဇဝတ်မူ့ ဥပဒေ ပုဒ်မ ၂၄၅ဖြင့် ထောင်ဒဏ် ၁နှစ်၊ ဒဏ်ငွေသိန်း ၅၀နှင့် တစ်ခြားအရေးယူမူ။


(၄) ဘယ်လို တိုင်ကြားမလဲ?

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မူ ဖြစ်ပွားပါက အောက်ပါ ဖုန်းနံပါတ်များကို ခေါ်ဆိုကာ အကူအညီ တောင်းယူနိုင်ပါတယ်။

o    အမျိုးသားရဲအေဂျင်စီ  - 112

o    အစိုးရရှေ့နေရုံး - 1301

o    အရေးပေါ် အမျိုးသမီးကူညီရေး အေဂျင်စီ - 82+ Area Code + 1366 နှင့်တစ်ခြားသော အမျိုးသားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများတွင် အကူအညီ တောင်းယူနိုင်ပါသည်။

* လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူ့နဲ့ ဆိုင်သော ဥပဒေကို ဆက်လက်ဖော်ပြပေးပါမည်။

 

References

o    찾기위운 생활 법령정부. 성희롱의 개념: https://easylaw.go.kr/CSP/CnpClsMain.laf?popMenu=ov&csmSeq=279&ccfNo=1&cciNo=1&cnpClsNo=1&search_put=

o    국가인권위원회법
https://www.law.go.kr/LSW/LsiJoLinkP.do?lsNm=%EA%B5%AD%EA%B0%80%EC%9D%B8%EA%B6%8C%EC%9C%84%EC%9B%90%ED%9A%8C%EB%B2%95&paras=1&docType=JO&languageType=KO&joNo=000200000#

Anti- Corruption & Civil Rights Commission :  https://www.epeople.go.kr/