ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗြိတိသျှအစိုးထံကနေ ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၄)ရက်မှာ လွတ်လပ်ရေးရသော နိုင်ငံတော် ဖြစ်ပါသည်။ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ချင်း၊ကချင်၊ရှမ်းနှင့် ဗမာလူမျိုးများသည် ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရယူဖို့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ ပင်လုံစာချုပ်သည် လူမျိုးတိုင်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံသော ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်
တည်ထောင်ရေးအတွက် စာချုပ်ဖြစ်သော်လည်းလဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်အကြီးအကဲများကို ၁၉၄၇ ဇွန်လ ၁၉ ရက်နေ့တွင် အသတ်ခံရမူ့နောက်၊ ၁၉၄၇ခုနှစ် စက်တင်ဘာလပိုင်း ရှေ့နေ ဦးချန်ထွန်းက ပင်လုံစာချုပ်ကို ဆန့်ကျင်ကာ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲခဲ့ပါသည်။ ဒီလို ဖွဲ့စည်းပုံအပြောင်းအလဲ၌ ပက်သက်ပြီး မြန်မာနိုင်ငံရေးပညာရှင်နှင့် လက်ရှိအမျိုးသား ညီညွှတ်ရေးအစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက “မြန်မာနိုင်ငံ၏ လူမျိုးကြား (တိုင်းရင်းသား) ပြသနာသည် ပင်လုံစာချုပ်ကို လျစ်လှူရှုကာ ၁၉၄၇ စက်တင်ဘာလမှာ ရေးဆွဲသော ဦးချမ်းထွန်းဖွဲ့စည်းပုံကနေ အစပြုသည်ဟု” မှတ်ချက်ပေးခဲ့ပါသည်[1]။
၁၉၈၈မှာ ရက် ၃၀ကြာ မြန်မာနိုင်ငံသမ္မတဖြစ်ဖူးသော မြန်မာ့သမိုင်းပညာရှင် ဒေါက်တာမောင်မောင်က လွတ်
လပ်ရေးမတိုင်ခင် မြန်မာနိုင်ငံရေးခေါင်းဆောင်များအကြား နိုင်ငံတော်တည်ထောင်ရေးနှင့် ပက်သက်၍
ခေါင်းဆောင်များအကြား အမြင်မတူမူ့ ကို အောက်ပါအတိုင်းရေးသားခဲ့ပါသည်။
ဒေါက်တာမောင်မောင်က
ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး ရည်မှန်းချက်သည် လူမျိုးကို အခြေခံသောပြည်နယ်မှာ
ပြည်နယ်ဖွဲ့စည်းပုံကို အခြေခံပြီး ကိုယ်ပိုင်အုပ်ချုပ်ရှိစေရေးဖြစ်ပေမယ့် ဒီ နိုင်ငံရေးရည်မှန်းချက်သည်
တစ်ခြားသော
မြန်မာ့ခေါင်းဆောင်များက ဆန်ကျင့်ကြပါသည်[2] ဟု
မှတ်ချက်ပြုပါသည်။
ဒီလို နိုင်ငံတော်တည်ထောင်ရေးဆိုင်ရာ အတွေးအခေါ် မတူညီမူ့နဲ့အတူ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရယူ
ပြီနောက် ကွန်မြူနစ်ပြသနာ၊ လူမျိုးအကြားပြသနာ၊ နိုင်ငံရေးပြသနာများကို ဆက်လက်ခံစားခဲ့ပါသည်။
အဆိုးဆုံးမှာ ၁၉၄၉ခုနှစ် အစပိုင်းမှာ ဦးနုအစိုးရသည် နိုင်ငံတော်၏ ၇၅ ရာခိုင်းနှုန်းကို ကိုယ်ပိုင်ပြဌာန်းခွင့်
အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကွန်မြုနစ်လက်နက်ကိုင်များထံ ဆုံးရှုံးခဲပြီ၊
နိုင်ငံပါဝါကို ဆုံးရှုံးလို့ နီးပါးဖြစ်ခဲ့ပါသည်[3]။ ဒီစစ်ပွဲဖြစ်ပြီးနောက်မှာလည်း တိုင်းရင်းသားပြသနာ၊
ရှမ်းပြည်နယ်မှာ တရုတ်ကူမင်တန်တပ်များ အခြေချမူ့ပြသနာနှင့် ပါတီတွင်း ပြသနာများ ဆက်လက်ဖြစ်ပွားခဲ့
ရာ ဝန်ကြီးချုပ်ဦးနုသည် နိုင်ငံရေးပြသနာကို မလွဲမသွေဖြေရှင်းဖို့ လိုအပ်သောကြောင့် ၁၉၆၂မှာ
တိုင်းရင်းသားခေါင်းဆောင်များနဲ့အတူ ဖယ်ဒရယ် စင်မိနာကို ကျင်းပကာ နိုင်ငံတော် ပြသနာကို ဖြေရှင်းရန်
ကြိုပမ်းခဲ့ပါသည်။ သိုသော်လည်း ကံမကောင်းစွာဖြင့် စင်မိနာမပြီးခင် ၁၉၆၂ခုနှစ် မတ်လ ၂ရက်မှာ ဗိုလ်ချုပ်
နေဝင်းသည်
“ဖယ်ဒရယ်သည် မြန်မာနိုင်ငံကို ဖျက်စီးလိမ့်မည်ဟု ဆိုကာ” နိုင်ငံတော်၏ အာဏာကို
သိမ်းပိုက်ခဲ့ပါသည်။
စစ်အာဏာရှင်နေဝင်း လက်အောက်ကို မြန်မာနိုင်ငံရောက်ပြီးတဲ့နောက် မြန်မာနိုင်ငံရေး တစ်မျိုးတခြား
ပြောင်းလဲလာခဲ့ရာ လူအခွင့်အရေး ချိုးဖောက်မူ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အရေအတွက်တိုး
ပွားမူ့၊ စီးပွားရေးကျဆင်းမူ့ ဒဏ်မျာကို ခံစားနေရပါသည်။ ၁၉၈၈ခုနှစ်တွင် ဒေါ်အောင် ဆန်စုကြည် ခေါင်း
ဆောင်မူ့ကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေလှုပ်ရှားမူ့ အရှိန်ကောင်းလာခဲ့ပေမယ့် စစ်အာ ဏာရှင်များသည်
နိုင်ငံတော်ပါဝါကို ပြည်သူများထံပေးဖို့ ဆန္ဒမရှိဘဲ တိုက်ပွဲတွေ ဆက်လက်အရှိန် မြှင့်တင်ခဲ့ကာ လူ့အခွင့်ချိုး
ဖောက်မူ့၊ ပြည်သူကို သတ်ဖြတ်မူ့တွေ အမျိုးအမျိုး ကျူံးလွန်းသောကြောင့် ပြည်သူတစ်ချို များ သည် ချစ်လှ
စွာသော အမိမြေကိုစွန့်ခွာကာ တခြားနိုင်ငံများသို စစ်ပြေးဒုက္ခသည် အဖြစ် ပြောင်းရွှေ့ခဲ့ရပါသည်။ ၂၀၁၀ ခု
နှစ်မှာ မြန်မာနိုင်ငံရေးတခါးသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဦးတည်လျက် စတင်ခဲ့ပေမယ့် စစ်
အာဏာရှင်များသည် သူတို့ စီစဥ်တဲ့လမ်းစဥ်အတိုင်း[4] မဖြစ်မြှောက်သောကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ
(၁)ရက်တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲခိုးယူကြောင်းကို
အကြောင်းပြကာ မတရားအာဏာသိမ်းခဲ့ပါသည်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူများသည် အာဏာသိမ်းမင်းအောင်လှိုင်ကို ဆန်ကျင့်
ကာ တိုက်ပွဲဝင်နေကြပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်
ရေး အသင်း (AAPP)၏ စစ်တမ်းများအရ ပြည်သူ ၁,၄၈၃ဦး ကျော်သည် အကြမ်းဖက်မင်းအောင်လှိုင်၏
သတ်ဖြတ် မူ့ကို ခံနေရပါသည်။ ဤကဲ့သို့သောနိုင်ငံရေးပြသနာများကြောင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကို
မဖြစ်မနေ လိုအပ်ပါသည်။ အနှစ် (၇၀)ကြာ မငြိမ်ချမ်းမူ့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာအလယ်မှာ အဆင်းရဲ့
ဆုံးနိုင်ငံဖြစ်ရုံ တင်မကာဘဲ လူဦးရေးတိုးပွားနှုန်းသည်လည်း အနည်းဆုံးနိုင်ငံပါ ဖြစ်ခဲ့ရပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာ အစသည် အကျဉ်းချုပ်အားဖြင့် အောက်ပါ ပုံ ၁ အတိုင်း (၃) မျိုးဖြင့် ခွဲ့ခြား
လေ့လာနိုင်ပါသည်။ ဤစာတမ်း သည် ၂၀၂၁ခုနှစ် အာဏာသိမ်းမူ့ ဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်း ပြည်
သူများ အကြမ်းဖက်ခံရမူ့ကို ပထမဆုံး တင်ပြပါသည်။ ဒုတိယချက်အနေနဲ့ လက်ရှိမြန်မာနိုင်ငံကို ပြည်သူမျာ
အကြမ်းခံရမူ့နနဲ့ ပက်သက်ပြီး နိုင်ငံတာကာ၏ တုံပြန်မူ့က မြန်မာ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းအခန်းအခန်းကဏ္ဍ
ကို ဖော်ပြပါသည်။ တတိယချက် ကတော့ အာဏာသိမ်းမူ့ နှင့် အကြမ်းဖက်လှုပ်ရှားမူ့အပေါ် ကိုရီးယားအစိုးရ
နှင့် ကိုရီးယားပြည်သူများ၏ တုံ ပြန်မူ့ အခန်းကဏ္ဍကို လေ့လာတင်ပြပါကာ နိဂုံးချုပ်ပါသည်။ သုတေသန
စာတမ်းကို အင်တာနက်ပေါ်က အချက်လက်များ၊ NUG ရဲ့ ဒေတာများနှင့် တိုက်ရိုက်မေးခွန်းများကို အခြေခံ
ကာ ရေးထားပြုစုတာ ဖြစ်ပါသည်။
|
|
|
|
အာဏာသိမ်းမူ့ပြသနာ |
(၃) ကြိမ် အာဏာသိမ်းမူ့ကြောင့် နိုင်ငံတော်တည်ထောင်ရေးမှာ
ယုံကြည်မူ့ အားနည်းစေ ခြင်း။ |
ဖွဲ့စည်းပုံပြသနာ |
ရှင် အယူဝါဒကို အခြေခံသောကြောင့်
ပြည်သူများအကြား ပြသနာ ဖြစ်ပေါ်စေသည်။ |
ပုံ (၁) မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာ
(၃)မျိုး
၂။
၂၀၂၁ခုနှစ် အာဏာသိမ်းမူ့ဖြစ်ပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေ
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့သည် မြန်မာနိုင်ငံသားများအတွက် မျော်လင့်ချက်များ အသစ်တစ်ဖန်
ရိုက်ချိုးခံနေရသော နေ့ရက်ဖြစ်ပါသည်။ အကြောင်းမူကား ၂၀၁၀ခုနှစ်ကနေ နိုင်ငံရေးလမ်းကြောင်း ပွင့်လာ မူ့
ကြောင့် ပြည်သူများသည် ဖယ်ဒရယ်ဒီမိုကရေစီရရှိပြီး တိုးတက်သောနိုင်ငံတော်တည်ထောင်ရေးအတွက်
စိတ်အားတက်သန်နေသောအချိန်တွင် စစ်တပ်က ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေအထွေ ရွေး
ကောက်ပွဲမှာ မဲလိမ်မူ့ ရှိကြောင်း အကြောင်းပြကာ အာဏာသိမ်းယူသောကြောင်း ဖြစ်ပါသည်။ စစ်တပ်သည်
အာဏာသိမ်းကြောင်းကို ပြည်သူများထံ စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ကြေညာပြီ နာရီပိုင်းအတွင်းတွင်
နိုင်ငံတော်၏ အချက်အချာကြသော အဆောက်အအုံများကို ထိန်းချုပ်ထားသလို တခြားသောဘဏ်၊ ATM၊
နိုင်ငံခြားလေကြောင်းလိုင်း၊ အင်တာနက်များကိုပါ အပိုင်စီးလိုက်ပါတော့သည်။ အာဏာသိမ်း ခေါင်းဆောင်
မင်းအောင်လှိုင်သည် ၂၀၂၁ခုနှစ် ဖေဖေါဝါရီလ ၂ရက်နေ့တွင် ၉/၂၀၂၁ စာအမှတ်ဖြင့် စစ်ကေင်စီ နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာကာ အာဏာသိမ်းမင်းအောင်လှိုင်သည် သူ့ကိုယ် သူ နိုင်ငံ
ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ရွေးကောက်ပွဲကို ၁ နှစ်ကုန်မှာ ၂၀၂၂မှာ ကျင်းပမည်ဟု သတင်းထုတ်
ပြန်ခဲ့ပါသည်။ သိုသော်လည်း ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် ရွေးကောက်ပွဲကို ၃နှစ် ရွေ့ပြီး ၂၀၂၃ခုနှစ်
ဩဂုတ်လ ၁ မှာ ကျင်းပပြုလုပ်မည်ဟု မိန်းခွန်းပြောကြားခဲ့ပါသည်[5]။ သိုသော်လည်း စစ်ကောင်စီပြန် ကြား
ရေးဌာနက သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ခြင်းသည် ပြည်သူများ၏ လုပ်ရပ်
အပေါ် သက်ဆိုင်မူ့ ရှိမည်ဟု ပြောဆိုထားပါသည်။ အာဏာသိမ်းပြီး ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်မှာ ပြလုပ်
မည်ဆိုသော စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုနှင့် ဒီမိုကရေစီ အင်း
အားစုနိုင်ငံများက လက်မခံဘဲ ဆန့်ကျင်ဝေဖန်ကြပါသည်[6]။
အာဏာသိမ်းမူ့ဖြစ်ပြီးနောက်
လွှတ်မြောက်သွားသော ၂၀၂၀ခုနှစ်ရွေးကောက်ပွဲ အနိုင်ရပါတီကိုယ်စားလှယ်
များ နှင့် ဒီမိုကရေအင်အားစုများသည် ၂၀၂၁ခုနှစ် ဖေဖေါရီ ၈ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချ
ရန်အတွက် ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းကာ စစ်တပ်ရေးဆွဲခဲ့သော
၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး CRPH Federal Charter ကို ထုတ်ပြန် ငြဌာန်းခဲ့ပါသည်။
CRPHသည် မြန်မာပြည်အနှံ အာဏာသိမ်းမူ့ကိုဆန်ကျင်သော ပြည်သူများနှင့် စည်းစည်းလုံးလုံး ရပ်တည်
ရုံတင်မကဘဲ Civil Disobedience Movement မှာ ပါဝင်ကြသော ပြည်သူများကို အသိအမှတ်ပြုကာ ထော
က်ပံမူ့တွေ ပြုလုပ်ပါသည်။
CRPH ၏ ဒီမိုကရေစီနှင့် ဖယ်ဒရယ်ရည်မှန်းချက်များ ကြောင့် တချို့တိုင်းရင်းသားလက်နိုက်ကိုင် အဖွဲ့
အစည်းများသည် CRPH နဲ့အတူ အာဏာသိမ်းကောင်စီကို ဆန့်ကျင်လာကြပါသည်။ CRPH သည် ၂၀၂၁ခုနှစ်
ဧပြီလ ၁၆ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းကြောင်းကို တရားဝင်ကြေညာခဲ့ပြီး[7]၊ ယခင်
အစိုးရ အမျိုးသားဒီမိုကရေစီနဲ့ ဆန့်ကျင်စွာ နှစ်ရှည်ခွဲ့ခြားဆက်ဆံခြင်း ခံရသောရိုဟင်ဂျာကို နိုင်ငံသားအဖြစ်
အသိအ မှတ်ပြုမည်ဟု ဇွန်လ ၃ရက်နေ့မှာ ကျင်းပသောအမျိုးသားညီညွတ်ရေးအစိုးရ၏ ပထမဆုံးသတင်းစာ
ရှင်းလင်း ပွဲတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်[8]။ အမျိုးသားညီညွတ်ရေးအစိုးရမှာ တိုင်းရင်းသားခေါင်းများ၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တစ်ခြား
ခေါင်းဆောင်များ ပါဝင်မူ့ကို ထူးခြားစွာတွေ့နိုင်ပါသည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့အထိ အမျိုးသား
ညီညွတ်ရေးအစိုးရမှာ ဝန်ကြီးဌာနပေါင်း ၁၇ ခု၊ အမျိုးသားညီညွှတ်ရေးအစိုးရုံးနှင့် CRPH ရုံးဆိုပြီး အစိုးရရုံး
တွေ စုစုပေါင်း ၁၉ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်တာကို တွေ့နိုင်ပါသည်[9]။ ဒါသည် မြန်မာသမိုင်းတွင် မရှိဖူး
သော အောင်မြင်ဖြစ်ပါသည်။
အာဏာသိမ်းပြီးနောက်
ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများသည် လက် သုံးချောင်းလေးကို ထောင်
ကာ ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ တနိုင်ငံလုံးအတိုင်းအတာဖြင့်
ဆန္ဒတွေ ဖော်ထုတ်ခဲ့ကြပါသည်။ ဒီလို လူထုအုံကြွမူ့ကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေ
စီ လိုလား ချက်များကို ပေါ်ပေါ်တင်တင် ထင်းရှားကျော်ကြားစေခဲ့ပါသည်[10]။ ပုံ ၂ မှာ ဖော်ပြချက်အတိုင်း
စစ်တပ်သည် အာဏာသိမ်းမူ့ဖြစ်ပြီးနောက် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့အထိ ပြည်သူ စုစုပေါင်း
၁,၄၈၄ဦးကို အကြမ်း ဖက်သတ်ဖြတ်ခံရပါသည်။ သတ်ဖြတ်ခံရသူများထဲတွင် ၁၈နှစ်အောက် ကလေးများ
အပါအဝင် ၇၅နှစ်ကျော် ပြည်သူများလည်း ပါဝင်သည်။ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူစုစုပေါင်းသည်လည်း
၈,၆၈၇ ဦး၊ ဖမ်းဆီးချုပ်နှောင် ခံရပြီးမှ တရားဆွဲကာ ထောင်ချခံရသူ ၆၂၇ ဦး၊ သေဒဏ်ချမှတ်ခံရသူ ၈၀ဦး၊
ဖမ်းဝရမ်းထုတ်ခံရသူ ၁,၉၆၆ဦးနှင့် အသက်ရှင်လျက်မီးရှို့ခံရသူ ၅၂ ဦး ရှိပါသည်။ ဒီ မီးရှိုးသတ်ဖြတ်ခံရသူများ
သည် စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့ နယ်မှာ ဒီဇင်ဘာလ ၇ရက်နေ မှာ ၁၁ဦး[11]၊ ဒီဇင်လာ ၂၇ရက်နေ့မှာ
ချင်းပြည်နယ် မင်းတပ်မြို့နယ်
မှာ ၂ ဦး [12]နှင့်
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ၃၉ ဦး[13]
ဖြစ်ပါသည်။
ပုံ ၂ - အာဏာသိမ်းမူ့ပြီနောက် ၃၅၄ရက်မြောက်၊ ဇန်နဝါရီလ (၂၀)ရက်အထိ အကြမ်းဖက်ခံရသူ စုစုပေါင်း[14]
စစ်တပ်သည် မြန်မာပြည်သူများကို အကြမ်းဖက်မူတွေ ဆက်တိုက်ကျုးလွန်လာတဲ့အတွက် အပြစ်မဲ့ ပြည်သူ
များသည် အမေရိကန် သမ္မတဟောင်း John F, Kennedy ရဲ့ တော်လှန်ရေးမှတ်ချက်စကားဖြစ်တဲ့ “အကြမ်း မ
ဖက် တော်လှန်ရေးသည် အလုပ်မဖြစ်တော့တဲအခါ လူတွေသည် အကြမ်းဖက်နည်း တော်လှန်ရေးလမ်းစဥ်ကို မ
လွှဲ မသာ ရွေးချယ်ခဲ့ကြသည်”ဟု ဆိုသလိုမျိုး မြန်မာပြည်သူများသည် တရားမဝင် အာဏာသိမ်းယူတင်မက
ပြည် သူများကို ရက်စက်ကြမ်းကြုတ်စွာ အပြစ်ကျုံးလွန်သူ မင်းအောင်လှိုင်နှင့် အဖွဲ့တပ်မတော်၏ သတ်ဖြတ်မူ
မှ ကင်းလွှတ်ရန် မိမိကိုမိမိကာကွယ်ပိုင်ခွင့်နှင့်အညီ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ များ ဖွဲ့စည်းတည်ထောင်ကာ
အ ကြမ်းဖက်အဖွဲ့အစည်းကို ရရာလက်နက် ကိုင်စွဲကာ ဗြိတိသျှာကို မြန်မာနိုင်ငံကို တိုက်ခိုက်စဥ်ကလိုမျိုး
တိုက် ခိုက်ကြပါသည်။ တစ်ဖက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်ရှည် လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်
သော တိုင်းရင်းသားလက်နက်ကိုင်များသည်လည်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်လာကာ မြန်မာနိုင်ငံတွင်
စစ်ပွဲများသည် တစ်နေ့ထက် တနေ့ တိုးပွားလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီနှင့်
တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့အစည်းအကြား တိုက်ပွဲ၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြား
တိုက်ပွဲ နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲများ (PDF/CDF/LDF/KNDF)နှင့် အကြမ်းဖက်စစ်ကောင်စီအကြား
တိုက်ပွဲ ဟူ၍ သုံးမျိုးသုံးစာဖြစ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။
ပုံ - ၃, တိုက်ခိုက်မူအမျိုးအစားနှင့် တိုက်ခိုက်မူ အရေအတွက်
၂၀၂၁ခုနှစ် ဇူလိုင် ၁ ရက်နေ့မှ ဒီဇင်လာလ ၁၆ရက်အတွင်း အများဆုံးတိုက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်
(EAOs) နှင့် အကြမ်းဖက်စစ်ကောင်စီများအကြားတိုက်ပွဲ ၁,၁၅၇ကြိမ်၊ ဒုတိယ အများဆုံးတိုက်ပွဲမှာ ဒေသခံ
ကာကွယ်ရေး တပ် ဖွဲ့များ (PDF/CDF/LDF/KNDF)နှင့် အကြမ်းဖက်စစ်ကောင်စီအကြား တိုက်ပွဲ ၃၃၆ကြိမ် နှင့်
တိုင်းရင်းလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲ (ရှမ်းပြည်တိုးတက်ရေးပါတီ နှင့် သျှမ်းပြည် ပြန်လည်
ထူထောင်ရေးကောင်စီ အကြားတိုက်ပွဲ) ၁၆ကြိမ်နှင့် ရှိပါသည်[15]။ ဒီလိုမျိုး တိုက်ပွဲအရှိန်တိုးဖြစ်ပွားမူ့ ကြောင့်
မြန်မာနိုင်ငံတွင် စစ်ရှောင်ဒုက္ခသည် (IDPs) အရေအတွဥ်သည် တစ်နေ့ထက်တနေ တိုးလာကြောင့် Institute
for Strategy and Policy- Myanmar ကို အောက်ပါအတိုင်း ဖော်ပြပါသည်။ အာဏာသိမ်းမူ့ဖြစ် ပွားပြီး
ဒီဇင်ဘာလ ၁၈ရက်နေ့ထိ စစ်တမ်းအရ ကယားပြည်နယ်တွင် အများဆုံးဖြင့် ၁၁၀,၂၀၀ +၊ စစ်ကိုင်းတိုင်းတွင်
၉၇,၂၅၀+၊ ကရင်ပြည်နယ်တွင် ၆၄,၈၅၀၊ချင်းပြည်နယ်တွင် ၃၄,၂၉၁၊ရှမ်းပြည်နယ်တွင် ၃၄,၂၉၁+၊ မကွေးတိုင်း
တွင် ၂၀,၉၀၀၊ ကချင်ပြည်နယ်တွင် ၁၂,၄၅၀၊ ဧရာဝတီတိုင်းတွင် ၂၀၀၀+နှင့် တနသရီတိုင်းတွင် ၁,၅၀၆ ဖြင့်
စုစုပေါင်း ၄သိန်းနီးပါးရှိပါသည်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနယ်စပ်ရှိ ဒုကခသည်အရေအတွက်သည်
၉၇၂,၀၀၀+ ဖြစ်ပြီ၊ ယခင်ရှိထားသော စစ်ပြေးဒုက္ခသည်အရေအတွက် ၄၉၇, ၂၀၀ နှင့် ပေါင်းလိုက်ရင်
၁,၈၅၃,၉၂၇+ ရှိပါသည်[16]။ လက်ရှိမြန်မာနိုင်ငံ အခြေအနေအရ နိုင်ငံအတွင်း လုံခြုံမူ မရှိတော့ကြောင့် ဒေတာ
ကောက်ယူမူ့အပိုင်းမှာလည်း အာနည်းချက်ရှိလို့ စစ်ပြေးဒုက္ခသည် ဦးရေ ဒီပမာဏာထက် များနိုင်ကြောင်း
ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။
၃။ နိုင်ငံတကာနှင် အမျိုးသားညီညွတ်ရေအစိုးရဆက်ဆံရေး
ASEAN သည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့အထိ
သမိုင်းက ASEAN မျိုးမဟုတ်တော့ဘဲ စစ်တပ်ကို
နိုင်ငံရေးအရ အခက်တွေ့အောင် လှုပ်ရှားနေတာတွေ ရှိပါသည်။ အထူးသဖြင်း ဘရူနိုင်းနိုင်ငံ ဦးဆောင်စဥ်
၂၀၂၁ခုနှစ်ကို ချုံးငုံကာ လေ့လာမယ်ဆိုရင် ASEAN သည် အကြမ်းဖက်ကောင်စီကို ASEAN အစည်းအဝေး
ကို မတက်ရောက်နိုင်အောင် ချန်လှပ်ခဲ့ပါသည်။ ဒါသည် ASEAN က တောင်းဆိုသော အချက် (၅) ချက်ကို
စစ်ကောင်စီက မလိုက်နိုင်သောကြောင့် ဖြစ်သည်ဟု သတင်းများက ဖော်ပြထားပါသည်။ တဖက်မှာASEAN
သည် မင်းအောင်လှိုင်၏ လုပ်ရပ်များကို မကျေနပ်သောကြောင့် ဖြစ်သည်ဟု ဖော်ပြတဲ့ သတင်းတွေလည်း ရှိ
ပါသည်။ ဒီအကြောင်းနှင့် ပက်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးရာဝန်ကြီးက ဒေါ်ဇင်မာ
အောင်က အောက်ပါအတိုင်း စစ်တပ်နဲ့ နိုင်ငံတကာ ပက်သက်ပုံကို ဇရာဝတီနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့
ပါသည်။
စစ်ကောင်စီသည် ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံ၏ အစိုးရအဖြင့် လက်ခံခြင်းမရှိဘူး။ ကမ္ဘာနိုင်ငံအားလုံး
ကစစ်ကောင်စီ၏ လုပ်ရပ်များကို ရှုတ်ချနေပါတယ်။ ASEAN ၏ လုပ်ရပ်သည်လည်း သူတို့က စစ်
ကောင်စီကို မထောက်ခံသောကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေး ဖြေကြားခဲပါသည်။
UNတွင် မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ မျှော်မှန်းချက်နဲ့ ပက်သက်ပြီး Radio NUG နဲ့ တွေံဆုံမေးမြန်း
မူ တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်လာမာအောင်က "ဦးကျော်မင်းထွန်း
ကို UN မှာ ဆက်လက် နေရာရရေးနှင့် UNမှာ NUGကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ထောက်ခံရေး
သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ မျှော်မှန်းချက်ဖြစ်ကြောင်း အထိအလင်းပြောကြားခဲ့ပါသည်။ UN
နေရာ ရထားရေးမှာလည်း စစ်ကောင်စီထက် NUG က အသာရနေသည်ကို တွေ့နိုင်ပါသည်[17]။ NUG နှင့်
အမေ ရိကန်အစိုးရနဲ့ (၃) ကြိမ်တွေ့ဆုံရာ အမေရိကန်အစိုးရက မြန်မာဒီမိုကရေစီအရေးကို အလေးအနက်
ထောက်ခံ ကြောင်းနှင့် မြန်မာ့ဒီမိုကရေစီ ထောက်ခံသူများနှင့် NUG နှင့်အတူအမြဲ ရှိနေမည်ဟု ပြောကြားခဲ့ပါသည်[18]။
ပြင်သစ်အထက်လွှတ်တော်ကလည်း NUGကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် တရားဝင်အသိအမှတ်
ပြုကြောင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ အစပိုင်းတွင် ဆုံးဖြတ်ချက်ချခဲ့ပါသည်[19]။ ဒါပေမယ့် ဘယ်
အတိုင်း အတာထိ အသိအမှတ်ပြုတာလဲကို ထုတ်ဖော်ပြခြင်းမရှိသသေးပါ။ ဒီလို ဆုံးဖြတ်ချက်ချပြီး
ရက်ပိုင်းအကြာ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြုလုပ်တဲ့ ဥရောပသမဂ္ဂအီးယူရဲ့ ဥရောပပါလီမန်
အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး resolution ဆုံးဖြတ်ချက်တစ်ရပ်ကို ဥရောပလီမန်အမတ်
တွေက မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်က
အာဏာသိမ်းပြီးတဲ့နောက်၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မိမိကိုယ်ကိုယ် ဝန်ကြီးချုပ်
အဖြစ် ခန့်အပ်ပြီး၊ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ အရေးပေါ် အခြေအနေ ကြေညာထားတာ တရားမဝင်
ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့
သာလျှင် မြန်မာပြည်သူတွေရဲ့ ဆန္ဒအရ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သောအစိုးရ ဖြစ်တယ်
လို့ ဖော်ပြထားပါတယ် ။
နိုင်ငံ နှင့် အဖွဲ့အစည်း |
တုံ့ပြန်မူများ |
ဖိလစ်ပိုင် |
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က “မရှိမဖြစ်” ဖြစ်သလို၊ လက်ရှိတွင် သူမကို ပြစ်ဒဏ်ချမှတ်ထားသော်ငြားလည်း၊ ငြိမ်းချမ်းရေးဆွေးနွေးမူ့ မှန်သမျှတွင် သူမ မဖြစ်မနေ ပါဝင်ရမည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမှ ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားလိုက်ပါသည်။ |
ထိုင်း |
မြန်မာနိုင်ငံ၌ လက်ရှိပဠိပက္ခကြောင့် ဖြစ်ပေါ်လာသော စာနာမူဆိုင်ရာ အခက်အခဲများ ပြေလည်ရေး အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်ဆောင်ရွက်ရန် ဝန်ကြီးချုပ် Proyut Chan-o-chan က သံဓိဌာန်ပြုလိုက်သည်။ |
စင်ကာပူ |
အာဆီယံဥက္ကဋ္ဌသည် မြန်မာ့အကျပ်တည်းမှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုကြောင်းနှင့် ၂၀၂၁ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သော မြန်မာအရေး လမ်းပြမြေပုံ အကောင် အထည်ဖော်ရေးတွင် သိသာ သော တိုးတက်မူမရှိကြောင်း စင်ကာပူဝန်ကြိးချုပ် မစ္စတာ လီရှန်လွန်က ဇန်နဝါရီလ ၁၄ရက်နေ့ တွင် အလေးထား ပြောကြားလိုက်သည်။ |
နော်ဝေ |
ကယားပြည်နယ်တွင် စစ်ပြေးဒုက္ခသည်များ ခိုလှုံရာစခန်းကို
စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့ သည့်အပေါ် နော်ဝေဒုက္ခသည်များကောင်စီက အပြစ်တင်ရှုတ်ချလိုက်ပြီး အရပ်သား များအား ပစ်မှတ်ထား တိုက်ခိုက်မူအပေါ် စိုးရိမ်းကြောင်း နော်ဝေဒုက္ခသည်များကောင်စီ အတွင်းရေးမှူးချုပ် Jan Egeland က ဇန်နဝါရီလ၁၈ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါသည်[20]။ |
ပြင်သစ် |
ပြင်သစ်အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကိုကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း အောက်တိုဘာလ အစောပိုင်းတွင် ဆုံးဖြတ်ချက်ချ ကြေညာခဲ့ပါသည်။ |
အမေရိကန် |
အမေရိကန်အစိုးရသည် မြန်မာဒီမိုကရေစီအရေးကို
အလေးအနက်ထောက်ခံကြောင်းနှင့် မြန်မာ့ဒီမိုကရေစီ ထောက်ခံသူများနှင့် NUG နှင့်အတူအမြဲ ရှိနေမည်ဟု
ပြောကြားခဲ့ပါသည်။ “ထိုင်ဝမ်ရေလက်ကြား တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေးလိုမျိုး ဒေသဆိုင် တည်ငြိမ်ရေးအတွက် အရေးပါတဲ့ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီပြန်လည် ရရှိအောင် တပ်မတော်ကို ဖိအားပေးဖို့ ကျွန်တော်တို့ ဆောင်ရွက်နေကြတာဆိုတော့ ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်ရေးဟာ မြန်မာအရေး ချည်းကပ်မှုကို ပူးပေါင်းလုပ်ဆောင်ရာမှာ အထူးသဖြင့် အရေးကြီးပါတယ်” ဟု အမေရိကန်သမ္မတ ဂျိုးဘို်င်ဒန်က ပြောကြားသည်[21]။ |
|
|
အာဆီယံ |
အာဆီယံသည် မြန်မာကိစ္စတစ်ခုတည်း၏ ဓားစာခံ
မဖြစ်သင့်ကြောင်းနှင့် မြန်မာအကျပ်အတည်း သည် |
ကမ္ဘာ့ကုလသမဂ္ဂ |
ဦးကျော်မင်းထွန်းကို UN မှာ ဆက်လက်ခန့်ထားပြီး စစ်ကောင်စီလုပ်ရပ်များကို ရှုတ်ချ။ စစ်တပ်၏
ပြည်သူ |
ဥရောပပါလီမန် |
ဥရောပသမဂ္ဂအီးယူက
ဥရောပပါလီမန်အစည်းအဝေးမှာ အာဏာသိမ်း စစ်တမ်၏ လုပ်ရပ်သည် တရားမဝင်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ
NUG နဲ့ ပြည်ထောင်စု
လွှတ်တော် ကိုယ်စား ပြုကော်မတီ CRPH တို့သာလျှင် ဒီမိုကရေစီနည်းကျ
ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့အစည်း တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ် |
ပုံ ၅ - မြန်မာ့ အာဏာသိမ်းမူ့နှင့် ဒီမိုကရေစီနဲ့ ပက်သက်ပြီး နိုင်ငံတကာ၏
တုံ့ပြန်မူ အတိုချုပ်
ဒီလိုမျိုး အကြမ်းဖက်ကောင်စီကို ဆန်ကျင်ကာ NUG ကို ထောက်ခံမူ့ကြောင့် ပြင်သစ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ TOTAL Energies သည် မြန်မာနိုင်ငံအတွင်း စီပွားရေးတွေ ရပ်ကာ
မြန်မာနိုင်ငံမှ ပြည်လည် ထွက်ခွာသွားမည်ဟု က ၂၀၂၂ခုနှဏ် ဇန်နဝါရီလ ၂၁နေ့တွင် ကြေညာခဲ့ပါသည်။
TOTAL ကုမ္ပဏီ ၏ ရတနာသဘာဝ ဓာတ်ငွေ့လုပ်ကွက်သည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း
၁ နှစ်တာအတွင်း စစ်တပ်အတွက် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခွဲခန့် ပေးဆောင်ခဲ့ရပါသည်။ TOTAL သည် ၁၉၉၂ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင်
နှစ်ပေါင်း ၃၀ နီးပါး ရင်းနှီးမြှုပ်နှံမူတွေ ပြုလုပ်ခဲ့သောကုမ္ပဏီ ဖြစ်ပါသည်[23]။
နိုင်ငံတကာ၏ တုံပြန့်မူ့နဲ့ ပက်သက်ပြီး
အမျိုးသားညီညွတ်ရေးအစိုး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာဆာက စစ်ကောင်စီသည်
သူတို့၏ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်တွေကြောင့်
ဘယ်နိုင်ငံ၊ဘယ်နိုင်ငံတကာအဖွဲ့အစည်းမှ ထောက်ခံခြင်းမရှိကြောင်းနှင့်၊ ဒီလိုဖြစ်ခြင်းသည်
အရေးတော်ပုံအောင်မြင်နေကြောင်း သိသာစေတာ ဖြစ်ကြောင်းကို CRPH Support
Group, Norway နဲ့ တွေ့ဆုံမေးမြန်းပွဲမှာ ဖြေကြားခဲ့ပါသည်။
တစ်ဖက်တွင် ပုံ - ၆မှာ
ဖော်ပြချက်အတိုင်း Nikkei Asia က အမျိုးသားညီညွှတ်ရေးအစိုးရသည် အမေရိကန်နိုင်ငံ၊ ဗြိတိသျှနိုင်ငံ၊
ပြင်သစ်နိုင်ငံ၊ ချက်နိုင်ငံ၊ ကိုရီးယားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံ မှာ
ကိုယ်စားလှယ်ရုံး ဖွင့်နိုင်ကြောင်းကို ၂၀၂၁ခုနှစ်မှာ စက်တင်ဘာလ ၂၁ နေ့မှာ
ဖော်ပြခဲ့ပါသည်[24]။
ဒီအချက်နဲ
ပက်သက်ပြီး ကိုရီးယားဆိုင်ရာ အမျိုးသားညီညွတ်ရေး ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ရုံးမဖွင်နိုင်သေးတဲ့
နိုင်ငံ တွေမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရရုံး ဖွင့်လင့်နိုင်ရန်
ကိုယ်စားလှယ်ရွေးကာ ကြိုစားနေမူရှိကြောင်း၊ သိပ်မကြာမီမှာ ကမ္ဘာနိုင်ငံများထဲမှာ
အဓိကနိုင်ငံကြီးများမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စာလှယ်ရုံးဖွင့်နိုင်ရန်
အလားလားရှိကြောင်း ပြောဆိုခဲ့ပါသည်။
ပုံ ၆ - နိုင်ငံတကာမှာ NUG ရုံးဖွင့်နိုင်သည့် နိုင်ငံနှင့် ဝက်ဆိုဒ်လိပ်စာ
စဥ် |
ရုံးဖွင့်သည့်နိုင်ငံ |
ရုံးဖွင့်သည့်နေ့စွဲ |
ရုံးဝက်ဆိုဒ်လိပ်စာ |
၁။ |
ကိုရီးယားနိုင်ငံ |
၂၀၂၁ခုနှစ် စက်တင်ဘာလ |
https://www.facebook.com/NUGRepresentativeforKorea |
၂။ |
ဗြိတိသျှနိုင်ငံ |
၂၀၂၁ခုနှစ် စက်တင်ဘာလ |
https://www.facebook.com/NUGRepresentativeUK |
၃။ |
ပြင်သစ်နိုင်ငံ |
၂၀၂၁ခုနှစ် စက်တင်ဘာလ |
|
၄။ |
သြစတြေးလျနိုင်ငံ |
၂၀၂၁ခုနှစ် စက်တင်ဘာလ |
https://www.facebook.com/NUGrepresentativeAU |
၅။ |
ချက်နိုင်ငံ |
၂၀၂၁ခုနှစ် မေလ |
https://www.facebook.com/NUGRepresentativeofficeofficial |
၆။ |
အမေရိကန်နိုင်ငံ |
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ |
https://www.facebook.com/crph.ir.office |
ရ။ |
နော်ဝေနိုင်ငံ |
၂၀၂၁ခုနှစ် ဒီဇင်ဘာ ၈ရက် |
https://www.facebook.com/NUGrepresentativeNorway |
၄။ ကိုရီးယားအစိုးရနှင့် ကိုရီးယားနိုင်ငံသားများ မြန်မာဒီမိုကရေစီအရေး ပါဝင်မူ့
(က) ကိုရီးယားအစိုးရနှင့်
လွတ်တော်၏ အခန်းကဏ္ဍ
NUG အစိုးရကို ထောက်ခံပြီး စစ်ကောင်စီကို ပယ်ချရန် လူပေါင်း
၂၆၈,၄၂၈ဦး လက်မှတ်ရေးထိုးသည့် တောင်းဆိုချက်ကို တောင်ကိုရီးယားသမ္မတရုံးက ကိုရီးယားအစိုးရက
နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတွင်
ဒီမိုကရေစီပြန်လည် ထိန်းသိမ်းရေးကို ဆက်လက်ထောက်ခံပြီး အမျိုးသားညီညွတ်ရေး အစိုးရ
(NUG) နှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်းမည်ဟု
ဖြေကြားကြောငြာခဲ့ပါသည်။ [25]။ မွန်ဂျေးအင်းအစိုးရ၏
နိုင်ငံခြားရေးရာဝန်ကြီးဌာနမှာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့်
ပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို အစိုးရက ထောက်ခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး
ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာရန် တောင်းဆိုခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရသည် အမေရိကန်ပြည်ထောင်စု၊
အာဆီယံကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်နိုင်ငံများ နှင့် အနီးကပ် တိုင်ပင်ဆွေးနွေးပြီး
မြန်မာနိုင်ငံရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး
လုပ်ငန်းစဉ်တွင် ဆက်လက် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။
စစ်လက်နက်ပစ္စည်းများ တင်ပို့ခွင့်ကို ခွင့်ပြုရန် အစီအစဉ်မရှိသလို စက်မှုဗျူဟာမြောက်ပစ္စည်းများအတွက်
တင်ပို့ခွင့်လိုင်စင်ကို တင်းတင်းကျပ်ကျပ်
စစ်ဆေးရန် စီစဉ်ထားပါသည်ကြောင်းလည်း ထုတ်ပြန်[26]ခဲ့ပါသည်။
ကိုရီးယားရောက်နေသော မြန်မာနိုင်ငံသားများ ကိုရီယားမှာ နေထိုင်ခွင့်အတွက်လည်း အကူအညီပေးသွားမည်ဟု
ကတိပြုကာ နေထိုင်ခွင့်ဗိဇာများကို မွန်ဂျေးအင်းအစိုးရ၏
နိုင်ငံခြားရေးရာဝန်ကြီးဌာန်မှ ပေးခဲ့ပါသည်။ ၂၀၂၁ခုနှစ် မတ်လ ၁၂ရက်နေ့ တွင် ၂၀၂၁ ခုနှစ်
မတ်လ ၁၅ရက်နေ့တွင် မတ် ၁၅ရက်မှစပြီး မြန်မာနိုင်ငံရဲ့ ဒေသတွင်း အခြေအနေတွေ တည်ငြိမ်လာတဲ့အထိ
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ
အထူးအစီအမံတွေကို ကြိုတင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြေညာခဲ့ပါတယ်[27]။
သို့သော်လည်း
တစ်ဖက်တွင် မြန်မာနိုင်ငံရှိ
တောင်ကိုရီးယားသံရုံးသည် စစ်ကောင်စီအရာရှိများနှင့် Samsung, LG တို့၏ လုပ်ငန်းခွဲများ အပါအဝင်
တောင်ကိုရီးယားကုမ္ပဏီများအကြား အဆင့်မြင့်ဆွေးနွေးပွဲတခုကို ၂၀၂၁ခုနှစ် နိုဝင်ဘာလက
ကျင်းပပေးခဲ့ကြောင်း Financial Times က ရေးသားခဲ့ပါသည်။ လူ့အခွင့်အရေး ရှေ့နေတဦးဖြစ်သော သမ္မတ မွန်ဂျေအင်း
အစိုးရက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို နောက်ဆက်တွဲ အကြမ်းဖက်မှုများ
အား ပြစ်တင်ရှုတ်ချနေစေကာမူ ထိုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်[28]။ တခြား ကိုရီးယးကုမ္ပကြီးဖြစ်တဲ့ POSCO Int'l သည်လည်း စစ်တပ်နဲ့
အဆက်အသွယ်မပြတ် စီးပွားရေးတွေ လုပ်ကိုင်လျက်ရှိပါသည်။ POSCO Int'l လုပ်ငန်းတွင် ကိုရီးယားအစိုးရ ဦးစီသော Korea Gas Corporation (KOGAS) လည်း ပါဝင်ခဲ့ပါသည်။ POSCO Int'l သည် အာဏာသိမ်းပြီးပြီးနောက်
စစ်ကောင်စီကို ထောက်ပံ့ငွေတွေ အများအပြား ပေးပို့သည်ဟု ၂၀၂၁ခုနှစ် မေလတွင် ကိုရီးယားပြည်သူ
၁၀,၀၀၀ကျော်က စစ်တပ်နဲ့
စီပွားရေး မလုပ်ဖို့ ဆန္ဒပြကာ တောင်ဆိုးခဲပေ့မယ် ၂၀၂၂ ဇန်နဝါရလအထိ တစ်စုံတရာတုံ့ပြန့်ချက်
မရှိသေးပြီး လုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်နေပါ သည်။ တစ်ခြားကိုရီးယားကုမ္ပဏီတွေလည်း
အာဏာသိမ်းစစ်တပ်နဲ့ စီးပွားရေး လုပ်နေသေးတာကို တွေ့ရပါသည်။
ဒီအကြောင်းနဲ့ ပက်သက် ကိုရီးယားလူမျိုး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက
ဟန်ကရယ်သတင်း စာတွင် "INNO Group ကုမ္ပကြီးသည် စစ်ကောင်စီနဲ့အတူ
ရန်ကုန်မြို့တွင် အကြီးစား ဇိမ်ခံတိုက်ခန်းများ ဆောက် လုပ်လျက်ရှိကြောင်းရှိကြောင်းနှင့်
ကိုရီးယားစက်ရုံတစ်ချို့များသည် အလုပ်သမားတွေကိုအခြေခံလစာ တောင် မပေးကြောင်း ရေးသားဖော်ပြခဲ့ပါ
သည်[29]။ ဒီလို
ကိုရီးယားအစိုးရ၏ လက်တွေ့ မဆန်သော လုပ်ရပ်တွေ ကြောင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများသည်
စိတ်မသက်သာဖြစ်နေကြောင်း ပက်သက်ပြီး ကိုရီးယားနိုင်ငံမှာ ပညာ သင်ကြားလျက်ရှိသော
မြန်မာနိုင်ငံသား ချင်းလူမျိုး ချန်ဘိခ့်ကျဲအိုက, “ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ၊
ချင်းလူမျိုးတွေကို သတ်ဖြတ်နေသော လူသတ်သမား မင်းအောင်လှိုင်စစ်တပ်နှင့် ကိုးရီးယားကုမ္ပဏီ
POSCOတို့ လက်တွဲလုပ်ဆောင်နေသော
စီးပွားရေးများအား ကိုရီးယားအစိုးရအနေဖြင့် ပိတ်ဆို့အရေးယူမူ့များ မပြုလုပ် ခြင်းကို
ချင်းလူမျိုးတစ်ဦးအနေနဲ့ရော မြန်မာနိုင်ငံအနေနဲ့ရော ဝမ်းနည်းခံစားရကြောင်း ရေးသားခဲ့ပါသည်။
“ [30]။
ကိုရီးယားလွှတ်တော်မှာဆိုလည်း ၂၀၂၁ခုနှစ်
ဇွန်လ ၉ရက်နေ့တွင် အာဏာရပါတီနှင့် အတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၆၀က မြန်မာနိုင်ငံ
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက်
လွှတ်တော်ကိုယ်စား၏လှယ်များ အစည်းအဝေးပြုလုပ်ကာ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ထူထောင်ရေး
အဖွဲ့ကို ဖွဲ့စည်းပြီး ပူးတွဲခေါင်းဆောင်များအဖြစ် အနိုင်ရပါတီ ကိုရီးယားဒီမိုကရက်တစ်ပါတီမှ
Seolhoon၊ ပြည်သူ့အာဏာပါတီမှ
Ha Tae-kyung နှင့် တရားမျှတရေးပါတီမှ Shim
Sang-jeong တို့မှ တာဝန်ယူထား
ပါသည်။ အဖွဲ့ဝင်များမှာ ကိုရီးယားဒီမိုကရက်တစ်ပါတီမှ ၄၈ဦး၊ ပြည်သူ့အာဏာပါတီမှ ၄ဦး၊
တရားမျှ တရေးပါတီမှ ၂ဦး နှင့် ပြည်သူ့ပါတီမှ
၁ဦး ပါဝင်ကြပါသည်။ ဒီလွှတ်တော် ကိုယ်စားလှယ်များ၏ ရည်ရွယ်ချက် ကတော့ အာဏာသိမ်းအဖွဲ့အစည်းကို
ဆန့်ကျင်ပြီ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် ထူထောင်ရေးနှင့်
လူသားချင်းစာနာမူ အကူအညီတွေ ပေးရေး ဖြစ်ပါသည်[31]။ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်း
ဒီ လွှတ်တော်ကိုယ်စားလှယ်မျာအဖွဲ့ ဦးဆောင်မူ့ဖြင့် မြန်မာဒီမိုကရေစီ ရရှိရေးနှင့် ငြိမ်းချမ်းရေးအတွက်
သတင်းစာရှင်းပွဲ ကျင်းပကာ ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ အထွေအထွေ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်
ခြင်း ခံရသော အနိုင်ရသူများကို ထောက်ခံကြောင်း၊ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်း လွှတ်ပေးရေး၊မတရား
အာဏာသိမ်းမူ့ကို ရှုတ်ချခြင်း ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို
ထုတ်ပြန်ချက်ထဲတွင် အမျိုးသား ညီညွှတ်ရေးအစိုးရနှင့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအရေး
လှုပ်ရှားသူများကို အကူအညီပေးသွားမည်ဟု ကတိပြုပြောဆိုခဲ့ကြသည်[32]။ ထူးခြားချက်တစ်ခုမှာ
၂၀၂၁ခုနှစ် ဇွန်လ ၉ ရက်နေ့တွင့်
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအဖွဲ့မှာ အာဏာရနှင့် အတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်မှာ
၆၀ သာ ပါဝင်ခဲ့ပေမယ့် နိုဝင်ဘာလ ၈ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်ဦးရေ တိုးကာ ၈၁ဦး ရှိပါသည်။
ဒီအပြောင်းအလဲသည် လွှတ်တော်အတွင်းမှာ မြန်မာဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနှုန်း တိုးပွားမူ့ရှိကြောင်း
သက်သေဖြစ်ပါသည်။
(ခ) ကိုရီးယားလူမူ့အဖွဲ့အစည်းများမှ
စစ်ကောင်စီဆန်ကျင့်လှုပ်ရှားမူ့
မြန်မာနိုင်ငံတွင်
စစ်အာဏာသိမ်းမူ့ ဖြစ်ပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် ကိုရီးယားလူမူ့အဖွဲ့ အစည်း
၇၁ကျော်သည် အာဏာသိမ်းမူ့ကို ဆန်ကျင့်ကာ ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်ပါဝါ
ပြန်လည် လွှဲပြောင်းပေးဖို့ လက်မှတ်စုဆောင်းလှုပ်ရှားမူ့ “ Signature Campaign” ကို စတင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဒီ
အဖွဲ့အစည်းသည် အဖွဲ့ဝင်အဖွဲ့အစည်းများ တိုးပွားကာ ကိုရီးယားလူမူ့အဖွဲ့အစည်း ၁၀၄
ကျော်ဖြင့် “Korea Civil Society in support of Democracy in Myanmar” ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့အစည်းထဲတွင် ဘာသာရေး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး
အဖွဲ့အစည်းများ၊ နိုင်ငံတကာမဟာမိတ်အဖွဲ့အစည်းများ၊ ရိုဟင်ဂျာအားပေး ထောက်ခံသော
အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်ပြီး၊
အာဏာသိမ်းမူ့ဆန်ကျင့်ကြောင်းကို “Statement” ထုတ်ခဲ့ပါသည်။
နောက်ပိုင်းတွင် ဒီအဖွဲ့အစည်းသည် အင်းအားကောင်းလာပြီး ကိုရီးယားအဖွဲ့အစည်း ၃၀၀
ကျော်အထိ ပါဝင်ပါသည်။
ဒီအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်သည် (၃)မျိုးဖြင့်
တွေ့နိုင်ပါသည်။ ပထမတစ်ချက်မှာ တရုတ်သံရုံး၊ မြန်မာသံရုံး၊ရုရှားသံရှားနှင့်
အခြားလူစည်းကားရာ နေရာတွင်မှာ အာဏာသိမ်းမူ့ဆန်ကျင့် ဆန္ဒပြခြင်း ဖြစ်ပါသည်။
ဒုတိယချက်ကတော့ မြန်မာနိုင်ငံနိုင်ငံသားအတွက် အကူအညီလိုအပ်ချက်များကို ကောက်ခံကာ ထောက်ပံ့ခြင်း
ဖြစ်ပါသည်။ တတိယချက်မှာ စစ်ကောင်စီကို ထောက်ပံ့နေသော ကိုရီးယား ကုမ္ပဏီကြီးတွေကို
ရှုတ်ချပြီး၊ စစ်ကောင်စီ ထောက်ပံ့မူအား ရပ်စေရေး ဖြစ်ပါတယ်။ အဓိကအားဖြင့် POSCO နှင့် KOGAS ကုမ္ပဏီများကို စစ်ကောင်စီကို မထောက်ပံ့ဘဲ
မြန်မာပြည်သူများနဲ့ အတူရပ်တည်ရေးကို တောင်းဆိုနေကြပါ သည်။ ကိုရီးယားရောက်
မြန်မာအသိုင်းအဝိုင်း၊ တောင်ကိုရီးယားဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း
မြန်မာငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး အတွက် လှုပ်ရှားမူ့တွေ
အတူတကွာ ပြုလုပ်လျက်ပါသည်။
(ဂ)
ကိုရီးယားအဖွဲ့အစည်များမှ ကိုရီးယားရောက် မြန်မာကျောင်းသူ/ကျောင်သားများ ကူညီမူ့
ကိုရီးယားမှာ
ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသားဘက်ကို ကြည့်မယ်ဆိုရင် ၂၀၂၀ ကိုရီယားနိုင်ငံ
လဝကမှတ်တမ်းအရ ၂၀၂၀ ခုနှစ်မှာ ကိုရီးယားမှာ မြန်မာနိုင်ငံကျောင်းသား စုစုပေါင်း ၁,၀၄၃ဦး ရှိရာ ထိုအထဲမှာ အမျိုးသား ၃၆၁ ဦး နှင့် အမျိုးသမီး ၆၈၂ ရှိပါသည်။ ၂၀၂၁
ခုနှစ် အာဏာသိမ်းမူ့ ဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံး ဒေတာအရ
ကျောင်းသားဦးရေ တိုးပွားကာ လက်ရှိအချိန်တွင် ကိုရီးယားမှာ ပညာသင်နေတဲ့ ကျောင်းသက်အရေအတွက်သည်လည်း ၂၀၂၀ ထက် များမည်ဟု ခန့်မှန်းရပါသည်။ ဇယား ၁ အရ
ကိုရီးယားနိုင်ငံသူ/ သားများသည် ကိုရီးယားရောက် မြန်မာနိုင်ငံသားများကို
အပြုသဘောဆောင် လူသားချင်းစာနပြီ ကူညီတာကု တွေ့နိုင်ပါသည်။
စဥ် |
ထောက်ပံ့ပေးသော အဖွဲ့အစည်း |
ထောက်ပံ့ကြေး ရရှိသူ စုစုပေါင်း |
ထောက်ပံ့သည့် ပုံစံ |
တစ်ဦးရရှိငွေ |
ထောက်ပံ့ချိန် |
စတင်ထောက်ပံ့တဲ့ နေစွဲ |
၁။ |
ဘိက္ခုနီအသင်း |
(၄၂)ဦး |
သိန်း (၄၂၀) |
ဝမ်(၁၀)သိန်း |
တစ်လ |
|
၂။ |
|
၈၄၅ ယောက် |
၂၅၃၅ သိန်း |
ဝမ် (၃) သိန်း |
၈ လ |
မေလ- ဇွန်လ
|
၉၁၁ ယောက် |
၂၇၃၃ သိန်း |
ဝမ် (၃) သိန်း |
၈ လ |
ဇူလိုင်လ |
||
၉၃၈ ယောက် |
၂၈၁၄ သိန်း |
ဝမ် (၃) သိန်း |
၈ လ |
သြဂုတ်လ |
||
၉၁၆ ယောက်
|
၂၇၄၈ သိန်း |
ဝမ် (၃) သိန်း |
၈ လ |
စက်တင်ဘာလ |
||
၉၀၈ ယောက်
|
၂၇၂၄ သိန်း |
ဝမ် (၃) သိန်း |
၈ လ |
အောက်တိုဘာလ |
||
၈၉၄ ယောက် |
၂၆၈၂ သိန်း |
ဝမ် (၃) သိန်း |
၈ လ |
နိုဝင်ဘာလ |
||
- |
- |
- |
- |
ဒီဇင်ဘာလ |
||
၃။ |
화강문화재단 |
၆ ယောက် |
၃၀ သိန်း |
|
|
ဒီဇင်ဘာလ |
၄။ |
부산 부경대 |
어학 연수 |
ကျောင်းလခ ကင်း လွတ်ခွင့် |
|
ပထမပညာ |
|
학부생 |
ပထမပညာသင်ကာလ ကျောင်းလခ ကင်းလွတ်ခွင့် + ၁၀ သိန်း |
၁၀ သိန်း |
ပထမပညာ |
|
||
대학원생 |
- |
၇ သိန်း |
တစ်လ |
- |
||
၅။ |
계명대 |
၁၀ဦး |
၁၀၀ သိန်း |
၁၀သိန်း |
တစ်လ |
- |
၆။ |
명지대 |
၂၀ |
၁၀၀ သိန်း |
၅သိန်း |
တစ်လ |
- |
ရ။ |
인하대학 |
၁၀ |
၁၀၀ သိန်း |
၁၀ သိန်း |
တစ်လ |
ဇူလိုင်လ |
၈။ |
국회의원 62명 |
လူမျိုး (၈)မျိုး |
၃၀၀ သိန်း |
- |
တစ်လ |
စက်တင်ဘာလ |
ဇယား ၁ - အချက်အလက်များသည် စာတမ်းပြုစုသူ၏ ရရှိသောဒေတာအချက်အလက်ပေါ်မှာ ရေးဆွဲထားတာ ဖြစ်သောကြောင့်
ဒီပမာဏထက်
အဆပေါင်းများစွာ ထောက်ပံ့မူ့သည် များနိုင်ပါသည်။
၅။ နိဂုံး
မြန်မာနိုင်ငံ၏ (၃)ကြိမ်မြှောက် အာဏာသိမ်းမူသည် တစ်နှစ်နည်းပါးရှိလာပြီး
စစ်ပြေးဒုက္ခသည်ဦးရေလည်း တဟုန်းထိုး တိုးလာကာ လက်ရှိအချိန်ထိ ၁၈ သိန်းကျော်သော
အပြစ်မဲ့ပြည်သူများသည် စစ်ပြေးဒုက္ခသည် အဖြစ် နေရပ်ကို စွန့်ခွာကာ ထွက်ပြေးနေကြပါသည်။
တဖက်တွေ ပြည်သူများသည် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မူ့ကို ကာကွယ်ရန် ကိုယ့်ကိုကိုယ်
ကာကွယ်ပိုင်ခွင့်နဲ့အညီ ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းခဲ့ ကြပါသည်။ တစ်ဖက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်
နှစ်ရှည် တော်လှန်ရေးဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင်များသည်လည်း
ပြည်သူများကို မိဘအရင်းချာချာ ကာကွယ်ကာ အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ ပူပေါင်းက အကြမ်းဖက်စစ်တပ်
ဆန့်ကျင်မူတွေ လုပ်ဆောင်လျက်ရှိပါသည်။ သိုပေမယ့် အကြမ်းဖက်စစ်တပ် သည်
ပြည်သူများကို ခြေလျှင်စစ်ကြောင်းသာမကာ လေကြောင်းများအထိ အသုံးပြုကာ ပြည်သူများကို
ထိုးစစ်တွေ ဆင်လျက်ပါသည်။ ဒီလိုမျိုးအခြေအနေများကြောင့် မြန်မာနိုင်ငံတွင်
မြှောက်မြားစွာသော ပြည်သူများသည် အသက်ဆုံးရှံးလျက်ရှိကြောင်းကို ဤစာတမ်း အခန်း
(၂)တွင် ဖော်ပြပါသည်။
နိုင်ငံတကာ၏ တုံ့ပြန်မူသည် မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူတောင်ရေးအခန်း ကဏ္ဍမှာ သက်ရောက်မူ့
ထူးထူးခြား မရှိသေးတာကို တွေ့ရပါသည်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်နှင့်
အစည်းအဝေးများသည် မြန်မာနိုင်ငံတွင် လူသားများအကြမ်းဖက် သတ်ဖြတ်မူ့ကို ကာကွယ်ရာ
ပျက်ကွက်ကြောင်း ဒီစာတမ်းမှာ တွေ့နိုင်ပါသည်။ ဥပမာ ၂၀၂၂ခုနှစ် ဇန်နဝါရီလအထိ၊
အကြမ်းဖက်ကောင်စီသည် စစ်ပွဲများဖန်တီးကာ
ပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြည်သူ့အိမ်းများကို မီရှို့ခြင်းကဲ့သို့သော လူမျိုးတုံးသတ်ဖြတ်မူ့၊
လူသားမျိုးနွယ်အပေါ် ကျိုးလွန်သောရာဇဝတ်မူ့၊ လူအခွင့်အရေး ချိုးဖောက်မူ့များကို
ကျိုးလွန်းခဲ့ပေမယ့် နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံသားများ၏
ငိုကြွေးသံကို ဘောလုံးပွဲ ကြည့်သလိုမျိုးသာ ကြည့်ကြတာကို တွေ့နိုင်ပါသည်။
တောင်ကိုရီးယားနိုင်ငံ၏
အခန်းကဏ္ဍကို လေ့လာမယ်ဆိုရင် တောင်ကီုးရီးယာအစိုးရသည် လမ်းနှစ်ခု သုံးကာ
မြန်မာနိုင်ငံအရေးကို ထိတွေ့လျက်ပါသည်။ သို့ပေမယ့် တောင်ကိုရီးယားအစိုးရ၏
လမ်းစဥ်နှစ်ခု စလုံးသည် တစ်လမ်းနှင့် တစ်လမ်းသည် ဆန်ကျင်ဘက်အနေအထားဖြစ်နေတာကို
ဤစာတမ်းတွင် တွေ့နိုင်ပါသည်။ ပထမလမ်းကတော့ မြန်မာနိုင်ငံသားတွေနှင့်
အမျိုးသားညီညွတ်ရေးကို ထောက်ခံကြောင်း၊ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ
ထောက်ပံ့ရေးများပါသော အချက်ပင်ဖြစ်ပါသည်။ ထိုထဲတွင် ကိုရီးယားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများက
အမျိုးသားညီညွတ်ရေးအစိုးရ အသိအမှတ်ပြုရေး လက်မှတ်ရေးထိုးကာ တောင်းဆိုမူ့ကို
ကိုရီးယားအစိုးရက အမျိုးသားညီညွှတ်ရေးအစိုးရနှင့် ထိတွေ့မူ့ရှိပြီ၊
မြန်မာဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကူညီသွားမည်ဟု တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အချုပ်အားဖြင့် ပြောရရင် ကိုရီးယားအစိုးရသည် မြန်မ အာဏာ သိမ်းမူ့၌ ပက်သက်ပြီး ထိရောက်သောလှုပ်ရှားမူ့တွေမလုပ်ဘဲ
အပေါ်ယံလှုပ်ရှားမူ့မျိုးသာ လုပ်ဆောင်လျက် ရှိကြောင်းကို တွေ့နိုင်ပါသည်။
ဒုတိယချက်ကတော့ ကိုရီးယားအစိုးရနှင့် ကိုးရီးယားလွှတ်တော်သည် စစ်တပ်အာဏာသိမ်းမူ့ကို ဆန့်ကျင်ကြောင်း တရားဝင် ကြေညာမူ့တွေ ပြုလုပ်ခဲ့ပေ့မယ့် တစ်ချို့နေရာတွင် သူတို့လုပ်ရပ်သည် မြန်မာနိုင်ငံသားများနှင့် ဒီမိုကရေစီ အင်းအားစုများအတွက် စိတ်မသက်သာစရာ ကိစ္စတွေ ရှိပါသည်။ အဓိကအားဖြင့် ကိုရီးယားသမ္မတသည် မြန်မာစစ်တပ်သည်ကို ဒီမိုကရေစီအင်းအားစုများအတွက် စီပွားရေး ပိတ်ဆို့မူတွေ့ ပြုလုပ်မည်ဟု ကြေညာထားပေ့မယ့် မြန်မာနိုင်ငံတွင် ကိုရီးယားကုမ္ပကြီးများသည် စစ်တပ်နဲ့ လက်တွဲကာ စီပွားရေးတွေ လုပ်ဆောင်နေသည်ဟု တွေ့နိုင်ပါသည်။ အဆိုးဆုံးကတော့ ဒီကုမ္ပဏီထဲတွေ အစိုးရကုမ္ပဏီဖြစ်တဲ့ Korea Gas Corporation (KOGAS) သည် ယနေ့အချိန်ထိ POSCO နဲ့အတူ မြန်မာပြည်သူများကို အကြမ်းဖက်ကာ သတ်ဖြတ်နေသော စစ်တပ်၏ အကျိုးစီပွားရေးအတွက် သန်းပေါင်းများစွာ ပိုက်ဆံတွေ ထောက်ပံ့နေလျက် ရှိပါသည်။ ဒီလိုမျိုး ကိုရီးယား ကုမ္ပဏီကြီးများ၏ လူသားမဆန်သော လုပ်ရပ်များကို ရပ်တန့်ပြီး စစ်တပ်နှင့် လုပ်ဆောင်နေသော စီပွားရေးတွင် ရပ်ဆန်းစွာ ကိုရီးယားလူမျိုးများက ၁နှစ် နီးပါး တောင်းဆိုခဲ့ကြပေမယ် ပြင်သစ်နိုင်ငံ ကုမ္ပဏီကြီး TOTAL လိုမျိုး စီပွားရေး ရပ်စေးတာမရှိသေးတာကို တွေ့နိုင်ပါသည်။
ဒိလိုမျိုးသော အခြေအနေမျိုးကြောင်း ဒီစာတမ်းတွင် အာဏာသိမ်းမူ့နှင့် ပက်သက်ပြီး နိုင်ငံတကာ၏ လှုပ်ရှားမူသည် များစွာရှိခဲ့ပေမယ့် စစ်တပ်ကို ပြိုလဲစေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ယူဆောင်ပေ
နိုင်လောက်သော လှုပ်ရှားမူ့ မရှိကြောင့် တွေ့နိုင်ပါသည်။ တချို့နိုင်ငံများက အမျိုးသားညီညွတ်ရေးအစိုးရကို
ထောက်ခံကြောင်း ကြေညာပြောဆိုပေမယ့် ကြေညာပြီး လုပ်ငန်းအပိုင်း အားနည်းချက်များစွာ ရှိသည်ကို
လည်း တွေ့နိုင်ပါသည်။ ဤကဲ့သို့အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိပြီး
ခေတ်မီဖွ့ဖြိုးသောနိုင်ငံတော် တည်ထောင်ဖို့ရန်ဆိုရင် နိုင်ငံတကာ၏ အခန်းကဏ္ဍ်သည် ပိုမိုကျယ်ပြန့်ပြီး
လက်တွေ့ဆန်သော ကူညီမူ့မျိုးလိုအပ်ကြောင်းကို တွေ့ရပါသည်။
[1]
Sakhong. (2013). Ending Ethnic Armed Conflict in Burma, 9
[2] Aung
San, Burma’s Challenge (Rangoon, 1947), reprinted in Josef Silverstein, The
Political Legacy of Aung San (New York: Cornell University Press, 1993), cited
in Maung Maung, Burma’s Constitution (The Hague, 1959), p.169.
[3] Marry
P. Callahan. (2003). Making Enemies: War and State Building in Burma.
[4] စစ်အာဏာရှင်များ၏ ၂၀၁၀ နိုင်ငံရေးလမ်းကြောင်း မဖွင့်မီ မူလရည်မှန်းချက်သည်
၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူနှင် နိုင်ငံရေးပါတီများ လက်ခံစေရေး ဖြစ်ပါသည်။
[5]https://www.bbc.com/burmese/burma-59197465
[6] https://burma.irrawaddy.com/news/2021/08/03/244826.html
[7] https://www.irrawaddy.com/news/burma/whos-myanmars-national-unity-government.html
[8] https://www.myanmar-now.org/en/news/nug-releases-statement-recognising-rohingyas-right-to-citizenship
[9] https://www.nugmyanmar.org/en/
[11] https://www.rfa.org/burmese/news/myanmar-soldiers-setfire-killed-11-men-in-salingyi-12072021071737.html
[12] https://www.myanmar-now.org/mm/news/9890
[13] http://burmese.dvb.no/archives/508681
[14] https://aappb.org/?p=19774
[15] https://www.ispmyanmar.com/burmese/category/what-matters/
[17] https://www.youtube.com/watch?v=WWWQVAune-g
[18] https://www.irrawaddy.com/in-person/interview/myanmar-junta-losing-diplomatic-battles-nug-foreign-minister.html
[19] https://burmese.voanews.com/a/france-senate-voted-to-recognize-nug/6260238.html
[20] Rehmonnya
Institute for Civic Engagement - RICE
[21] https://news-eleven.com/article/208882
[22] https://burma.irrawaddy.com/news/2021/08/29/245576.html
[23] https://www.reuters.com/business/energy/french-company-totalenergies-withdraws-myanmar-2022-01-21/
[24] https://asia.nikkei.com/Spotlight/Myanmar-Crisis/Myanmar-shadow-government-sets-up-office-in-South-Korea
[27] https://www.immigration.go.kr/bbs/immigration/214/544857/artclView.do
[29] https://h21.hani.co.kr/arti/world/world_general/51143.html
[30] https://h21.hani.co.kr/arti/world/world_general/51182.html
[32] http://www.nwtnews.co.kr/news/articleView.html?idxno=85226