စစ်အာဏာသိမ်းမူဆိုသည်မှာ
Political Scientist
Samuel Huntington က စစ်အာဏာသိမ်းမူ့ကို သုံးမျိုး ခွဲထားသည်။ ၁> Guardian Coup : စစ်တပ်အကြီးအကဲ
ဗိုလ်ချုပ်ကြီးတွေက အစိုးရက အကျင့်ယုတ်ပြီး၊ နိုင်ငံတော်မှာ မတည်မငြီမ် ဖြစ်စေတဲ့အချိန်မှာ
အာဏာသိမ်းခြင်း။ ၂> Breakthrough
Coup ကတော့ အငယ်တမ်း စစ်ခေါင်းဆောင်တွေ (Junior Officer) က အထက်စစ်ဗိုလ်ကြီးတွေကို
ပြည်သူနဲ့ ပေါင်းပြီး အာဏာသိမ်းခြင်း။ 3> Veto Coup
d’état ကတော့ ပြည်သူ့တပ်မတော်ရဲ့
Interestတွေကို အစိုးရက ပြည်သူတွေအတွက် မငှဲ့တဲ့ အချိန်မှာ စစ်တပ်က အာဏာသိမ်းခြင်း။
အာဏာသိမ်းပြီးရင် ၄ မျိုးသော ရလဒ်ထွက်လာပါသည်။ ၁။ Failed
Coup: အာဏာသိမ်းပေမယ့် အစိုးရမဖွဲ့နိုင်ဘဲ ပြန်ရှုံးခြင်း။ ၂။ အုပ်ချုပ်ရေးပိုင်းအပြောင်းအလဲလုပ်ပြီ
နိုင်ငံတော်ကို အုပ်ချုပ်ခြင်း။ ၃။ Democratization
Coup: အာဏာသိမ်းပြီး ဒီမိုကရေစီဘက် မောင်းထိန်းခြင်း။ ၄။ နိုင်ငံတော်
ခေါင်းဆောင်တွေ ဖယ်ရှားပေ့မယ်၊ အုပ်ချုပ်ရေးစနစ် မပြောင်းလဲခြင်း။ Eric Nordlinger က စစ်တပ်အမျိုးအစားကို
၃မျိုးခွဲပြီး တင်ပြထားပါတယ်။ Moderator Military,
Guardian Military and Ruler Military ဖြစ်ပါတယ်။ MM က အရေးပေါ်အခြေအနေ ရောက်ထဲအချိန်မှာ
အစိုးရထဲကို ဗီတိုသုံးနိုင်သော တပ်မတော်၊ GM ကတော့
လူတစ်စု သို့မဟုတ် အစိုးရက တိုင်းပြည်အာဏာကို မတာရား သိမ်းချင်သောအခါမျိုးမှာ ကယ်တင်နိုင်သော
တပ်မတော်။ RM ကတော့ နိုင်ငံတော်အာဏာကို စစ်တပ်က
ဆိုပ်ကိုင်ထားတာဆိုလိုတာ ဖြစ်ပါသည်။
__
စစ်တပ်အာဏာသိမ်းမူ ဖြစ်ပွားနှုန်။
Statista ဒေသအရ
ကမ္ဘာပေါ်မှာ ၂၀၁၁နှစ် ကနေ ၂၀၁၆အကြားမှာ အာဏာသိမ်းမူ ၂၆ကြိမ် ဖြစ်ပြီး အာဏာသိမ်းနိုင်မူက
၆ကြိမ် ဖြစ်တဲ့အချိန်မှာ အာဏာမသိမ်းနိုင်မူက ၂၀ ကြိမ် ဖြစ်ပါသည်။ တခြားနည်းနဲ့ ပြောရရင်
၂၀ကြိမ်သည် အာဏာသိမ်းရန် ကြိုးစားမူ/ အာဏာသိမ်းပြီဟု ကြေညာပေမယ့် ပြည်သူတွေကြောင့်
မသိမ်းနိုင်တာကို ဆိုလိုသည်။ ဥပမာ_ ၂၀၁၆မှာ
တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတယ်လို ကြေညာထားပေ့မယ် ပြည်သူတွေကြောင့် မသိမ်းနိုင်ခြင်း။
၆ကြိမ်ကတော့ နိုင်ငံတော်အာဏာ ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်နိုင်ခြင်းကို ဆိုလိုတာဖြစ်ပါသည်။
ဥပမာ_ ၂၀၁၂ခုနှစ် မတ်လ ၂၂မှာ အိဂျစ်နိုင်ငံက
အာဏာသိမ်မူ့၊ ၂၀၁၄ခုနှစ် မေ ၂၂နေ့ က ထိုင်းနိုင်ငံက အာဏာသိမ်းမူ။ အာဏာသိမ်းမူ အကြိမ်
၂၆ကို ကြည့်မယ်ဆိုရင် အများဆုံးက အာဖရိကတိုက်တွင် ဖြစ်ပါသည်။ ဒီအချက်တွေကြောင့် အာဏာသိမ်းမူသည်
လူနေမူ တိုးတက်ရေး၊ စိပွားရေးတိုးတက်မူနဲ့ ဘယ်လို ပက်သက်သလဲဆိုတာ စဥ်းစားစရာ ဖြစ်လာပါသည်။
ဘာကြောင့်၊ ဘယ်လိုနိုင်ငံမျိုးမှာ အာဏာသိမ်းမူ ဖြစ်ရတာလဲ ဆိုတာနဲ့ပက်သက်ပြီ သုတေသီ
Erik Meyerrson က ၁၉၅၀ ကနေ ၂၀၁၃
အကြား ဖြစ်ပျက်သော အာဏာသိမ်း ၂၃၂ကြိမ်ကို လေ့လာပြီ တွေ့ရှိချက်တစ်ခု ဖော်ထုတ်ခဲ့သည်။
သူတွေ့ရှိချက်အရ အာဏာသိမ်းမူ တောတောများများဟာ မတိုးတက်သောနိုင်ငံများနှင့် တိုးတက်ဆဲနိုင်ငံများမှာ
ဖြစ်ပေါ်နှုန်း များသည်ဟူသော တွေ့ရှိချက် ဖြစ်ပါသည်။ သူရဲ့တွေ့ရှိချက်အရ အာဖရိကတိုက်
(၃၇%)၊ လက်တင်အမေရိကန် (၃၂%)၊ အာရှတိုက် (၁၆%)၊ Middle
East (၁၃%)၊ ဥရောပနှင့် တခြားနိုင်ငံများ (၂.၆%) ဖြစ်ပါသည်။ စိတ်ဝင်စားစရာကောင်းတာက
မြောက်အမေရိကတိုက်မှာ စစ်အာဏာသိမ်းမူ မရှိခြင်းပဲ ဖြစ်ပါသည်။
___
စစ်အာဏာသိမ်းမူ့အပေါ် အမြင်အမျိုးမျိုး
ဒီမိုကရေစီနဲ့ ဆန်ကျင်သည်
Political Scientist တွေဖြစ်တဲ့
Joseph Schumpeter, Robert Dahl, Samuel
Huntington, Juan Linz and Alfred Stepan ကဲ့သိုသော ပညာရှင်တွေက စစ်အာဏာသိမ်းမူ့သည်
ဒီမိုကရေစီကို တိုက်ခိုက်သော လုပ်ရပ်/ဖြစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီ သီအိုရီမှာ အာဏာသိမ်းမူအတွက်
နေရာမရှိဘူးလို့ တညီတညွတ် ဆိုထားကြပါသည်။ အာဏာသိမ်းအစိုးရက ကျင်းပပြုလုပ်သော ရွေးကောက်ပွဲသည်လည်း
ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမူ လုံးဝမရှိကြောင်း ဆိုထားကြပါသည်။
ဒီမိုကရေဖြစ်ပေါ်စေသည်။
Political Scientist တွေဖြစ်တဲ့
Daniel Pipesm Ozan O. Varol , Erix
Meyersson, John J. Chin ကဲ့သိုသော ပညာရှင်တွေကတော့ အာဏာသိမ်းမူ ဖြစ်ပြီနောက်ပိုင်းမှာ
ပိုကောင်းသော ဒီမိုကရေစီပေါ်ပေါက်နိုင်သည်ဟု ဆိုကြပါသည်။ ၁၉၇၄တုန်းက ပေါ်တူကီနိုင်ငံမှာ
စစ်တပ်က အာဏာသိမ်းမူကြောင့် (Carnation
Revolution) ဖြစ်ပေါ်သော ဒီမိုကရေစီ ပြောင်းလဲမူကို သာဓကအဖြစ် အသုံးပြုကြသည်။
နိုင်ငံတကာဥပဒေနှင့် အာဏာသိမ်းမူ့
သုတေသီ Müge Kınacıoğlu က UN နှင့် အနောက်နိုင်ငံများရဲ့ စစ်အာဏာသိမ်းမူအပေါ်
ရပ်တည်ချက်ကို ထောက်ပြသွားတာ ရှိပါသည်။ UNGS and UNSC သည် အာဏာသိမ်းမူကို
ဝေဖန်မူ၊ ရှုတ်ချမူတွေ လုပ်လေ့လုပ်ထရှိပေမယ့် လက်တွေမှာ အဓိက ဖြေရှင်းရမယ့်နေရာမျိုးမှာ
အားနည်းချက်ရှိသည်ဟု ၂၀၁၆ခုနှစ် တူရကီနိုင်ငံက အာဏာသိမ်းမူအပေါ် UN ရဲ့ ရပ်တည်မူကို ထောက်ပြသွားပါသည်။
Eric Meyersson ကလည်း အနောက်
ဒီမိုကရေစီနိုင်ငံများဟာ အာဏာသိမ်းမူကို သူတို့ရဲ့ Interest တွေအတွက်
ထောက်ခံခဲ့တဲ့ အချိန်မျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။ ထိုကြောင့် အာဏာသိမ်းမူမှာ နိုင်ငံတကာပါဝင်မူ/
ဝင်ရောက်ဖြေရှင်းပေးမူက အားရစမရာမကောင်းသေးဘူးဆိုရမှာပါ။
___
The Chan
5/3/2021
0 comments:
Post a Comment