Empower, Engage and Inspire

Friday, March 04, 2022

မင်းအောင်လှိုင်အာဏာသိမ်းမူ့ နှင့် ပက်သက်ပြီး ကိုရီးယားအစိုးရနှင့် လွတ်တော်တုံ့ပြန်မူ့ကိုလေ့လာခြင်း

    ဤစာတမ်းတွင် မြန်မာနိုင်ငံ၏ စစ်တပ်အာဏာသိမ်းမူ့ နှင့် အကြမ်းဖက်လှုပ်ရှားမူ့အပေါ် ကိုရီးယားအစိုးရနှင့် ကိုရီးယားလွှတ်တော်၏ တုံပြန်မူ့ အခန်းကဏ္ဍကို လေ့လာတင်ပြထားပါသည်။ ဘယ်အတိုင်းအထားထိ ကိုရီးယား အစိုးရက မြန်မာပြည်သူများနှင့် ရပ်တည်ပီ၊ ပြတ်သားမူတွေ ပြလုပ်ခဲ့သလဲ? သု‌တေသနပြုလုပ်နည်းကတော့ မီဒီယာများဖော်ပြထားသော ဒေတာများနှင့် အစိုးရ၏ ကြေညာချက်များကို စုစည်းကာ သုံးသပ်ထားပါသည်။ ဤစာတမ်းတိုတွင် ကိုရီးယားအစိုးရနှင့် ကိုရီးယားလွှတ်တော်၏ လှုပ်ရှားမူကို လေ့လာတွေ့ ရှိနိုင်ပါသည်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းနှင့် မြန်မာနိုင်ငံတော်၏ အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်


    NUG အစိုးရကို ထောက်ခံပြီး စစ်ကောင်စီကို ပယ်ချရန် လူပေါင်း ၂၆၈,၄၂၈ဦး လက်မှတ်ရေးထိုးသည့် တောင်းဆိုချက်ကို တောင်ကိုရီးယားသမ္မတရုံးက ကိုရီးယားအစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အနီးကပ်ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည် ထိန်းသိမ်းရေးကို ဆက်လက်ထောက်ခံပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်းမည်ဟု ဖြေကြားကြော ငြာခဲ့ပါသည်[1] မွန်ဂျေးအင်းအစိုးရ၏ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှာလည်း မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို အစိုးရက ထောက်ခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာရန် တောင်းဆိုခဲ့ပါတယ်။ တောင်ကိုရီး ယား အစိုးရသည် အမေရိကန်ပြည်ထောင်စု၊ အာဆီယံကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ မိတ် ဖက်နိုင်ငံများ နှင့် အနီးကပ် တိုင်ပင်ဆွေးနွေးပြီး မြန်မာနိုင်ငံရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် ဆက်လက် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ခဲ့ ပါသည်။ စစ်လက်နက်ပစ္စည်းများ တင်ပို့ခွင့်ကို ခွင့်ပြုရန် အစီအစဉ်မရှိသလို စက်မှုဗျူဟာမြောက် ပစ္စည်းများ အတွက် တင်ပို့ခွင့်လိုင်စင်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန် စီစဉ်ထားပါသည်ကြောင်းလည်း ထုတ် ပြန်ခဲ့ပါသည်[2]။ ကိုရီးယားရောက်နေသော မြန်မာနိုင်ငံသားများ ကိုရီယားမှာ နေထိုင်ခွင့်အတွက်လည်း အကူအညီပေးသွားမည်ဟု ကတိပြုကာ နေထိုင်ခွင့်ဗိဇာများကို မွန်ဂျေးအင်းအစိုးရ၏ နိုင်ငံခြားရေးရာဝန်ကြီး ဌာန်မှ ပေးခဲ့ပါသည်။ ၂၀၂၁ခုနှစ် မတ်လ ၁၂ရက်နေ့ တွင် ၂၀၂၁ ခုနှစ် မတ်လ ၁၅ရက်နေ့တွင် မတ် ၁၅ရက်မှစပြီး မြန်မာနိုင်ငံရဲ့ ဒေသတွင်း အခြေအနေတွေ တည်ငြိမ်လာတဲ့အထိ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား တွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထူးအစီအမံတွေကို ကြိုတင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြေ ညာခဲ့ပါတယ်[3]

   သို့သော်လည်း တစ်ဖက်တွင် မြန်မာနိုင်ငံရှိ တောင်ကိုရီးယားသံရုံးသည် စစ်ကောင်စီအရာရှိများနှင့် Samsung, LG တို့၏ လုပ်ငန်းခွဲများ အပါအဝင် တောင်ကိုရီးယားကုမ္ပဏီများအကြား အဆင့်မြင့်ဆွေးနွေးပွဲတခုကို ၂၀၂၁ခုနှစ် နိုဝင်ဘာလက ကျင်းပပေးခဲ့ကြောင်း Financial Times က ရေးသားခဲ့ပါသည်။ လူ့အခွင့်အရေး ရှေ့နေတဦးဖြစ်သော သမ္မတမွန်ဂျေအင်း အစိုးရက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို နောက်ဆက်တွဲ အကြမ်းဖက်မှုများအား ပြစ်တင်ရှုတ်ချနေစေကာမူ ထိုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်[4]  တခြား ကိုရီးယးကုမ္ပကြီးဖြစ်တဲ့ POSCO Int'l သည်လည်း စစ်တပ်နဲ့ အဆက်အသွယ်မပြတ် စီးပွားရေးတွေ လုပ်ကိုင်လျက်ရှိပါသည်။  POSCO Int'l လုပ်ငန်းတွင် ကိုရီးယားအစိုးရ ဦးစီသော Korea  Gas Corporation (KOGAS) လည်း ပါဝင်ခဲ့ပါသည်။ POSCO Int'l သည် အာဏာသိမ်းပြီးပြီးနောက် စစ်ကောင်စီကို ထောက်ပံ့ငွေတွေ အများအပြား ပေးပို့သည်ဟု ၂၀၂၁ခုနှစ် မေလတွင် ကိုရီးယားပြည်သူ ၁၀,၀၀၀ကျော်က စစ်တပ်နဲ့ စီပွားရေး မလုပ်ဖို့ ဆန္ဒပြကာ တောင်ဆိုးခဲပေ့မယ် ၂၀၂၂ ဇန်နဝါရလအထိ တစ်စုံတရာတုံ့ပြန့်ချက် မရှိသေးပြီး လုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်နေပါ သည်။ တစ်ခြားကိုရီးယားကုမ္ပဏီတွေလည်း အာဏာသိမ်းစစ်တပ်နဲ့ စီးပွား‌ရေး လုပ်နေသေးတာကို တွေ့ရပါသည်။

   ဒီအကြောင်းနဲ့ ပက်သက် ကိုရီးယားလူမျိုး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဟန်ကရယ်သတင်း စာတွင် "INNO Group ကုမ္ပကြီးသည် စစ်ကောင်စီနဲ့အတူ ရန်ကုန်မြို့တွင် အကြီးစား ဇိမ်ခံတိုက်ခန်းများ ဆောက် လုပ်လျက်ရှိကြောင်းရှိကြောင်းနှင့် ကိုရီးယားစက်ရုံတစ်ချို့များသည် အလုပ်သမားတွေကိုအခြေခံလစာ တောင် မပေးကြောင်း ရေးသားဖော်ပြခဲ့ပါ သည် [5] ဒီလို ကိုရီးယားအစိုးရ၏ လက်တွေ့ မဆန်သော လုပ်ရပ်တွေ ကြောင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများသည် စိတ်မသက်သာဖြစ်နေကြောင်း ပက်သက်ပြီး ကိုရီးယားနိုင်ငံမှာ ပညာ သင်ကြားလျက်ရှိသော မြန်မာနိုင်ငံသား ချင်းလူမျိုး တစ်ဦးကလည်း“ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ၊ ချင်းလူမျိုးတွေကို သတ်ဖြတ်နေသော လူသတ်သမား မင်းအောင်လှိုင်စစ်တပ်နှင့် ကိုးရီးယားကုမ္ပဏီ POSCOတို့ လက်တွဲလုပ်ဆောင်နေသော စီးပွားရေးများအား ကိုရီးယားအစိုးရအနေဖြင့် ပိတ်ဆို့အရေးယူမူ့များ မပြုလုပ် ခြင်းကို ချင်းလူမျိုးတစ်ဦးအနေနဲ့ရော မြန်မာနိုင်ငံအနေနဲ့ရော ဝမ်းနည်းခံစားရကြောင်း ရေးသားခဲ့ပါသည်“ [6]

  ကိုရီးယားလွှတ်တော်မှာဆိုလည်း ၂၀၂၁ခုနှစ် ဇွန်လ ၉ရက်နေ့တွင် အာဏာရပါတီနှင့် အတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၆၀က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်  ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် လွှတ်တော်ကိုယ်စား၏လှယ်များ အစည်းအဝေးပြုလုပ်ကာ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ထူထောင်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး ပူးတွဲခေါင်းဆောင်များအဖြစ် အနိုင်ရပါတီ ကိုရီးယားဒီမိုကရက်တစ်ပါတီမှ 
Seolhoon၊ ပြည်သူ့အာဏာပါတီမှ Ha Tae-kyung  နှင့် တရားမျှတရေးပါတီမှ Shim Sang-jeong တို့မှ တာဝန်ယူထား ပါသည်။ အဖွဲ့ဝင်များမှာ ကိုရီးယားဒီမိုကရက်တစ်ပါတီမှ ၄၈ဦး၊ ပြည်သူ့အာဏာပါတီမှ ၄ဦး၊ တရားမျှ တရေးပါတီမှ ၂ဦး နှင့် ပြည်သူ့ပါတီမှ ၁ဦး ပါဝင်ကြပါသည်။ ဒီလွှတ်တော် ကိုယ်စားလှယ်များ၏ ရည်ရွယ်ချက် ကတော့ အာဏာသိမ်းအဖွဲ့အစည်းကို ဆန့်ကျင်ပြီ၊ မြန်မာနိုင်ငံမှာ  ဒီမိုကရေစီပြန်လည် ထူထောင်ရေးနှင့် လူသားချင်းစာနာမူ အကူအညီတွေ ပေးရေး ဖြစ်ပါသည်[7]။ 

    ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်း ဒီ လွှတ်တော်ကိုယ်စားလှယ်မျာအဖွဲ့ ဦးဆောင်မူ့ဖြင့် မြန်မာဒီမိုကရေစီ ရရှိရေးနှင့် ငြိမ်းချမ်းရေးအတွက် သတင်းစာရှင်းပွဲ ကျင်းပကာ ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ အထွေအထွေ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက် ခြင်း ခံရသော အနိုင်ရသူများကို ထောက်ခံကြောင်း၊ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်း လွှတ်ပေးရေး၊မတရား အာဏာသိမ်းမူ့ကို ရှုတ်ချခြင်း ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို ထုတ်ပြန်ချက်ထဲတွင် အမျိုးသား ညီညွှတ်ရေးအစိုးရနှင့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကူအညီပေးသွားမည်ဟု ကတိပြုပြောဆိုခဲ့ကြသည်[8]။ ထူးခြားချက်တစ်ခုမှာ ၂၀၂၁ခုနှစ် ဇွန်လ ၉ ရက်နေ့တွင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအဖွဲ့မှာ အာဏာရနှင့် အတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်မှာ ၆၀ သာ ပါဝင်ခဲ့ပေမယ့် နိုဝင်ဘာလ ၈ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်ဦးရေ တိုးကာ ၈၁ဦး ရှိပါသည်။ ဒီအပြောင်း အလဲသည် လွှတ်တော်အတွင်းမှာ မြန်မာဒီမိုကရေစီနှင့် ငြိမ်းချမ်း‌ရေးအတွက် လှုပ်ရှားနှုန်း တိုးပွားမူ့ရှိကြောင်း သက်သေဖြစ်ပါသည်။ 

 

2021ခုနှစ် 6 လ 9ရက်နေ့တွင် ကျင်းပ‌သော အနိုင်ရ နိုင်ငံရေးပါတီအမတ်များမှ
စစ်တပ်အာဏာသိမ်းမူ့ ဆန်ကျင်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြလုပ်နေစ်

   တောင်ကိုရီးယားနိုင်ငံအစိုးရ၏ အခန်းကဏ္ဍကို လေ့လာမယ်ဆိုရင် တောင်ကီုးရီးယာအစိုးရသည် လမ်းနှစ်ခု သုံးကာ မြန်မာနိုင်ငံအရေးကို ထိတွေ့လျက်ပါသည်။ သို့ပေမယ့် တောင်ကိုရီးယားအစိုးရ၏ လမ်းစဥ်နှစ်ခု စလုံးသည် တစ်လမ်းနှင့် တစ်လမ်းသည် ဆန်ကျင်ဘက်အနေအထားဖြစ်နေတာကို ဤစာတမ်းတွင် တွေ့နိုင်ပါသည်။ ပထမလမ်းကတော့ မြန်မာနိုင်ငံသားတွေနှင့် အမျိုးသားညီညွတ်ရေးကို ထောက်ခံကြောင်း၊ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ထောက်ပံ့ရေးများပါသော အချက်ပင်ဖြစ်ပါသည်။ ထိုထဲတွင် ကိုရီးယားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများက အမျိုးသားညီညွတ်ရေးအစိုးရ အသိအမှတ်ပြု‌ရေး လက်မှတ်ရေးထိုးကာ တောင်းဆိုမူ့ကို ကိုရီးယားအစိုးရက အမျိုးသားညီညွှတ်ရေးအစိုးရနှင့် ထိတွေ့မူ့ရှိပြီ၊ မြန်မာဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကူညီသွားမည်ဟု တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ အတိုချုပ်ဖော်််ပြရရင် ကိုရီးယားအစိုးရသည် မြန်မစစ်တပ်အာဏာသိမ်းမူ့၌ ပက်သက်ပြီး ထိရောက်သောလှုပ်ရှားမူ့တွေမလုပ်ဘဲ အပေါ်ယံလှုပ်ရှားမူ့မျိုးသာ လုပ်ဆောင်လျက်ရှိ ကြောင်းကို တွေ့ရှိရပါသည်။

   ဒုတိယချက်မှာ ကိုရီးယားအစိုးရနှင့် ကိုးရီးယားလွှတ်တော်သည် စစ်တပ်အာဏာသိမ်းမူ့ကို ဆန့်ကျင်ကြောင်း တရားဝင် ကြေညာမူ့တွေ ပြုလုပ်ခဲ့ပေ့မယ့် တစ်ချို့နေရာတွင် သူတို့လုပ်ရပ်သည် မြန်မာနိုင်ငံသားများနှင့် ဒီမိုကရေစီ အင်းအားစုများအတွက် စိတ်မသက်သာစရာ ကိစ္စတွေ ရှိပါသည်။ အဓိကအားဖြင့် ကိုရီးယားသမ္မတသည် မြန်မာစစ်တပ်သည်ကို ဒီမိုကရေစီအင်းအားစုများအတွက် စီပွားရေး ပိတ်ဆို့မူတွေ့ ပြုလုပ်မည်ဟု ကြေညာထားပေ့မယ့် မြန်မာနိုင်ငံတွင် ကိုရီးယားကုမ္ပကြီးများသည် စစ်တပ်နဲ့ လက်တွဲကာ စီပွားရေးတွေ လုပ်ဆောင်နေသည်ဟု တွေ့နိုင်ပါသည်။ အဆိုးဆုံးကတော့ ဒီကုမ္ပဏီထဲတွေ ကိုရီးယားအစိုးရကုမ္ပဏီဖြစ်တဲ့ Korea  Gas Corporation (KOGAS) သည် ယနေ့အချိန်ထိ POSCO နဲ့အတူ မြန်မာပြည်သူများကို အကြမ်းဖက်ကာ သတ်ဖြတ်နေသော စစ်တပ်၏ အကျိုးစီပွားရေးအတွက် သန်းပေါင်းများစွာ ပိုက်ဆံတွေ ထောက်ပံ့နေလျက် ရှိပါသည်။ ဤကဲ့သို့သော ကိုရီးယားကုမ္ပဏီကြီးများ၏ လူသားမဆန်သော လုပ်ရပ်များကို ရပ်တန့်ပြီး စစ်တပ်နှင့် လုပ်ဆောင်နေသော စီပွားရေးတွင် ရပ်ဆန်းစွာ ကိုရီးယားလူမျိုးများက ၁နှစ် နီးပါး တောင်းဆိုခဲ့ကြပေမယ် ပြင်သစ်နိုင်ငံ ကုမ္ပဏီကြီး TOTAL လိုမျိုး စီပွားရေး ရပ်စေးတာမရှိသေးတာကို တွေ့ရပါသည်။ 


[1] https://burma.irrawaddy.com/news/2021/08/29/245576.html

[2] https://www.mofa.go.kr/www/brd/m_4080/view.do?seq=371001

[3] https://www.immigration.go.kr/bbs/immigration/214/544857/artclView.do

[4] https://burma.irrawaddy.com/business/2021/12/18/248219.html

[5] https://h21.hani.co.kr/arti/world/world_general/51143.html

[6] https://h21.hani.co.kr/arti/world/world_general/51182.html

[7] https://www.yna.co.kr/view/AKR20210609091500001

[8] http://www.nwtnews.co.kr/news/articleView.html?idxno=85226

 

Share:

0 comments:

Post a Comment

Search

Blog Archive