Empower, Engage and Inspire

Nation Building Kong Iruah Tinak

Nation building le state building hi aa lo ngaimi le cawh a foi ngaimi an si. Nation building timi cu holh le ca tuanbia le biaknak ah zapi ihrawmmi si lo ah zaran ihrawmmi “common identity” siloah “national identity”...

၂၂ကြိမ်မြောက် တောင်ကိုရီးယားနိုင်ငံ၏ လွတ်တော်ရွေးကောက်ပွဲကို လေ့လာခြင်း

၂၀၂၄ခုနှစ် ဧပြီလ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်သော တောင်ကိုရီးယားနိုင်ငံ၏ ၂၂ကြိမ်မြောက် လွတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အပြတ်အသတ်အနိုင်ရရှိကြောင်း သတင်းတက်လာပါသည်။ ဤရွေးကောက်ပွဲတွင် မဲပေးနှုန်းသည် ၆၇% ရှိရာ ၁၉၉၂ နောက်ပိုင်း.....

ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုအကြောင်း လေ့လာခြင်း

ဆွစ်ဇာလန်နိုင်ငံသည် ‌ရှေ့ယခင်သမိုင်းတွင် မဟာမိတ်များ စုဖွဲ့နေထိုင်တဲ့စနစ်ဖြစ်သော ကွန်ဖက်ဒရေးရှင်း (Confederation)စနစ်ကို အသုံးပြုသော နိုင်ငံတော် ဖြစ်ပါသည်၊ ထိုစနစ်မှတစ်ဆင့် ၁၈၄၈ခုနှစ်တွင်.....

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်နိုင်မလား?

မြန်မာနိုင်ငံ၏ ဗြိတိသျှမသိမ်းပိုက်မီ သမိုင်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံသားများအကြား အမြင်မတူညီမူ့ များစွာ ရှိသော်လည်း ယနေ့မြန်မာနိုင်ငံတော်သည် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုသော ပင်လုံစာချုပ်မှ ဆင်းသက်လာသည်ကိုမူ အများစုက.....

Benedict Anderson tialmi "Imagined Communities" Cauk Review

Nationalism kongkau zoh tikah ahram ngaingai a um lo. Soviet Union te pawl hi Communism silaoh Socialism pawl defend an rak duh ruang ah ral an tho i, Germany (1953), Hungary (1956), Czechslovakia (1968), le Afaghanistan (1980) ram pawl hriamnam hmang in an.....

Saturday, February 22, 2020

မြန်မာ့ငြိမ်းချမ်းရေး လမ်းစဉ် လေ့လာခြင်း - ၁


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချုပ် ချုပ်ဆိုရေးကို သမတ ဦးသိန်းစိန်တက်လာပြီ ၅လအကြာ ၂၀၁၁ခုနှစ် ဩဂုတ်လ ၁၈ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတော်၏ တရားဝင် ဖိတ်ခေါ်ချက်ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (၁၄)ဖွဲ့က  သက်ဆိုင်ရာအစိုးရနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရနှင့်သော်လည်းကောင်း တစ်ဖွဲ့ခြင်းစိဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်ကြသည်။ ယခုဆိုရင် NCA သဘောတူစာချုပ် ချုပ်ဆိုတဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၁၀ထိ ရှိပြီး ဖြစ်ပါသည်။

ဖိတ်ခေါ်ချက်မှာ အချက်သုံးချက်ပါဝင်သည်။

1.     ၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ အစည်းများဟာ သက်ဆိုင်ရာပြည်နယ်အစိုးရနဲ့ ဆွေးနွေးရမယ်။

2.     ၂။ အဆင့် (၁) ပြီးရင် ပြည်ထောင်စုအစိုးရနဲ့ ဆက်ပြီး ဆွေးနွေးရမယ်။

3.     ၃။ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်ရမလဲ

ဖိတ်ခေါ်မူကို စနစ်တကျ တုံပြန်နိူင်ဖို့ ၂၀၁၁ စက်တင်ဘာလမှာ တိုင်းရင်းသားလူမျိုးများ မျက်နှာစုံညီ အစည်းအဝေးကြီးတစ်ခုကို ကျင်းပနိူင်ခဲ့သည်။
 
( ၂၀၁၂ မေလ (၃)ရက်မှာနေ့မှာ အဆင့် (၈)ပါတဲ့ နိူင်ငံရေးလမ်းပြမြေပုံကို ထုတ်ပြန်ခဲ့သည်။ သမတ သိန်းစိန်ရဲ့ အဆင့် (၈)ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးဆိုတာ မရှိဘူး။ တစ်ဖွဲ့ချင်း လက်မှတ်ထိုးတာလောက်နဲ့ပဲ လုံလောက်အောင် ဆောင်ရွက်ချင်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ခေတ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၄ဖွဲ့ လက်မှတ်ရေးထိုးတဲ့ ပုံစံမျိုးနဲ့ Gentlement Agreement ပုံစံ or Bilateral Agreement ပုံစံမျိုးနဲ့ပဲ သွားချင်တယ်။ )
- ၂၀၁၂ နှင့် ၂၀၁၃၊ နိုဝင်ဘာလထိ ညှိနှိုင်းမူတွေ လုပ်ခဲ့ပေမယ် အစိုးရဘက်ကနေ တနိုင်ငံလုံး ပစ်ခေတ်ရပ်စဲရေးကို လက်မခံသလို၊ တိုင်းရင်းသားတွေကလည်း အစိုးရရဲ့ ကမ်လှမ်းမူ လက်မခံခဲ့ဘူး၊ လိုင်ဇာညီလာခံကျမှ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက တောင်းဆိုတာကို လက်ခံတဲ့အခါ NCA စာချုပ်ဆိုတာ ဖြစ်ပေါ်လာခဲ့သည်။  အဲဒါကြောင့် NCAစာချုပ် ဘယ်လိုဖြစ်ပေါ်ခဲ့သလဲဆိုတာ ပြောရရင် လိုင်ဇာညီလာခံက  ပေါ်လာတာ ဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်များရဲ့ ခဉ်းကပ်ပုံ။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲံအစည်းများက ရှေ့ဆက် ငြိမ်းချမ်းရေးဖြစ်စဥ◌်ကို UNFC ကို တာဝန်ပေးပြီး၊ WGEC (Working Group for Ethnic Coordination) ကိုလည်းဖွဲ့စည်းခဲ့သည်။

WGEC ဦးဆောင်မူဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးမူဆိုင်ရာ မူဘောင် (A Comprehensive Conference Agreement and the Framework for Political Dailogue) ကို ရေးသားပြုစုပြီး ၂၀၁၃ မတ်လတွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အမြင်မတူမူများ ပေါ်ပေါက်ခဲ့သည်။

(ထိုအစည်းအဝေးတွင် ခေါင်းဆောင်တစ်ချို့က တိုင်းရင်းသားလူမျိုးကိုယ်စား အစိုးရနှင့် ညှိးနှိုင်းဆွေးနွေးမည့် ညှိနှိုင်းရေးအဖွဲ့ (Negotiation Team) ဖွဲ့စည်းရန်လိုအပ်ကြောင်း အဆိုပြုလာသည်။ ထိုအဆိုက UNFC ခေါင်းဆောင်မျာက UNFC တွင် Negotiation Team ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း။ ထို့ကြောင့် အဖွဲ့အစည်းအသစ် ဖွဲ့စည်းရန် မလိုအပ်ကြောင်း။ UNFC အဖွဲ့ဝင် မဟုတ်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို တိုးချဲခြင်းဖြင့် ဆောင်ရွက်နိုင်ကောင်း တင်ပြခဲ့ကြသည်။ သို့သော် အဆိုရှင်များက လက်မခဲချေ။ ထို့အပြင် WGEC က UNFC ကို ဦးဆောင်သင့်သလား၊ သီးခြားအဖွဲ့အစည်းလား ဆိုသော ပြသနာပါ ပေါ်ပေါက်ခဲ့သည်။ )

အမြင်မတူမူကြောင့် တစ်ချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက WGEC၏ စာတမ်းကို ရန်ကုန်ထိ သယ်လာပြီး အစိုးရနှင့် သီးခြားဆွေးနွေးခဲ့ကြသည်။  ထိုသို့ သီးခြားဆောင်ရွက်ခြင်းကို မကျေနပ်ကြ၍ UNFC အဖွဲ့အဝင်အားလုံး WGEC မှ ၂၀၁၃ ဇွန်လတွင် နုတ်ထွက်ခဲ့ကြသည်။ ထိုသို့ဖြင့် ပျက်စီးယိုယွင်းနေသော စည်းလုံးညီညွတ်ရေးကို ကယ်ဆယ်ရန် KIO က ၂၀၁၃ အောက်တိုဘာလကုန်၊ နိုဝင်ဘာ လဆန်းတွင် လိုင်ဇာညီလာခံကို ကျင်းပပေးခဲ့သည်။ လိုင်ဇာညီလာခံတွင် စည်လုံးရေး ပြန်ရရုံတင်မကဘဲ NCCT ခေါ် (Nationwide Ceasefire Coordination Team ) ကိုပါဖွဲ့စည်းခဲ့သည်။  ဤသိုဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကိုယ်စား NCCT နှင့် နိုင်ငံတော်အစိုးရ ကိုယ်စား UPWC (Union Peace-making Working Committee) က အသီသီးကို ကိုယ်စားပြု၍ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရမ်စဲရေး သဘောတူစားချုပ် ချုပ်ဆိုနိုင်ရေးကို တရားဝင် ဆွေးနွေးနိုင်ခဲ့ပါသည်။

၁။ NCCT နှင့် UPWCတို့၏ ပထမအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၃ နိုင်ဝင်ဘာလ ၅-၆နေ့တွင့် ကချင်ပြည်နယ် ပြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည်။
 _ NCCT မှ လိုင်ဇာ သဘောတူစာချုပ်ကိုလည်းကောင်း၊ UPWCက အစိုးရဘက်က ပြင်ဆင်လာသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ် (မူကျမ်း) ကိုလည်းကောင်း အချင်းချင်း ပေးအပ်ဖလှယ်ခဲ့ကြသည်။

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ၂၀၁၄ ဇန်ဇဝါရီလတွင် လော်ခီးလား ညီလာခံတရပ်ကို ထပ်မံကျင်းပပြီး လော်ခီးလာ သဘောတူ စာချုပ်ကို ထပ်မံချုပ်ဆို၍ လက်မှတ်ရေးထိုးကြသည်။ စင်စစ်မှာ လော်ခီးလာ သဘောတူစာချုပ်သည် လိုက်ဇာ သဘောတူစာချုပ်ကို အပြည်အစုံရေးသား၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ်  (မူကြမ်း) အဖြစ် တရားဝင် ပြင်ဆင်ရေးသားသော စာချုပ် မူကြမ်းတစ်ရပ်ဖြစ်သည်။ ထို စာချုပ်မူကြမ်းကို NCCT နှင့် UPWC တို၏ ဒုတိယအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွင် NCCT မှ တင်သွင်းသည်။

၂။ ၂၀၁၄ မတ်လတွင် NCCT နှင့် UPWC ဒုတိယအကြိမ်ညီလာခံ ကျင်းပရာ NCCT က အခန်း (၁၁)ပါသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)နှင့် UPWC၏ အခန်း (၁၃)ပါသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ်တို့ကို အခန်း (၇)ပါသော တစ်ခုတည်းသော မူကြမ်း (Single Text) အဖြစ် စုပေါင်း ရေးသား၍ သဘောတူခဲ့ကြသည်။

_ထို Single Text ကို ညှိနှိုင်းရန် တစ်ဖက်မှ ကိုယ်စားလှယ် (၉)စီဖြင့် ဆွေးနွေးရန် သဘောတူသည်။ ထို (၉)ဦးကော်မတီ ဦးဆောင်မူဖြင့် ၂၀၁၄ ဧပြီလနှင့် မေလတွင်များတွင် တတိယနှင့် စတုတကြိမ် တွေ့ဆုံ ဆွေးနွေးပွဲများကို ဦးဆောင်ခဲသည်။ ၂၀၁၄နှစ်အထိ ဆွေးနွေးပွဲတွင်  နိုင်ငံရေးအရ အရေးကြိမ်သော အချက်အလက် အာလုံးနီးပါးသဘောတူနိုင်ပေ့မယ့် တစ်ချို့နေရာတွင် စကားလုံးအရ အတိုးအလျော့ လုပ်ပေးနေရသော အချက်များကို နှစ်ဖက် ခေါင်းဆောင်များက လက်မခံရဲကြပေ။ ထို့အပြင် NCCT အဖွဲ့အဝင်များက NCCT အဖွဲ့ခေါင်းဆောင်နှစ်ဦး မပါဝင်သေးတာကြောင့် ဆနစောပြီ သဘောတူထားရန် မလိုဟု တင်ပြကြသည်။

ဒုတိယအကြီမ် လိုင်ဇာညီလာခံကို ၂၀၁၄ ဇူလိုင်လတွင် ကျင်းပပြီး ပြီးခဲ့သော  မေလတွင် သဘောတူထားခဲ့သော မူများကို  ဩဂုတ်လတွင်တွင် တရားဝင် သဘောတူညီချက်အဖြစ် ရရှိနိုင်ခဲ့ပါသည်။ (Democracy, Self Determination and Federal)_ . ၂၀၁၄တွင် ဆွေးနွေးပွဲ အောင်မြင်မူကြောင့် စက်တင်ဘာလ ဆွေးနွေးပွဲတွင်  စာချုပ်မူကြမ်း တစ်ခုလုံးကို သဘောတူညီနိုင်ကြလိမ့်မည်ဟု အားလုံးက မျှော်လင့်နေကြပေမယ့် လုံခြုံရေးဆိုင်ရာ ပေါင်းစည်းခြင်းတို့ကြောင့် ဆွေးနွေးပွဲတစ်ခုလုံး ပျက်သွားတော့မလို ဖြစ်ခဲ့ရသည် (တိုင်ရင်းသားများက လုံခြုံရေးဆိုင်ရာ ပေါင်းစည်းခြင်းဟာ ဆွေးနွေးရမည့် အကြောင်းအရင်းများသာ လက်ခံပြီး အစိုးရဘက်မှာမူ နိုင်ငံရေး လမ်းပြမြေပုံ အဆင့်တစ်ဆင့်အဖြစ် တင်ပြသည်။ ) စက်တင်ဘာလ ဆွေးနွေးအဆင်မပြေဖြစ်ပြီ နိုဝင်ဘာလတွင် အစိုးရတပ်က လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အမြောက်များဖြင့် ပစ်ခတ်သည်။ ထိုကြောင့် ဒီဇင်ဘာလတွင် ဆွေးနွေးပွဲအဖြစ်မကျင်းပနိုင်ဘဲ နည်းပညာအရ တစ်ဆင့်လျော့်၍ ဆွေးနွေးခဲ့ကြသည်။ ထို ဆွေးနွေးပွဲတွင် NCCT မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနှင့်  ဗိုလ်ချုပ် ဂွမ်မော်တို့ တက်ရောက်ခြင်း မရှိသလို၊ အစိုးရဘက်မှ တပ်မတော်အရာရှိကြီးများလည်း မတက်ရောက်ခဲ့ပေ။ သိုပေမယ့်  ဒီဇင်ဘာလ ဆွေးနွေးပွဲသည် အလွန်အောင်မြင်ခဲ့သည်။ ဆွေးနွေးရန် ကျန်ရှိသော အချက်အားလုံးနီးပါးကို သဘောတူညီမူ ရယူနိုင်ခဲ့ကြသည်။ ၂၀၁၅ မတ်လတွင် ကျင်းပသော NCCT – UPWC (၇)ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူညီမူ ရရှိပြီ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေးသဘောတူစာချုပ်ကို (အတည်ပြု မူကြမ်း)ကို နိုင်ငံတော် သမတ ဦးသိန်းစိန် ရှေ့မှောက်တွင် အတည်ပြုလက်မှတ် ရေးထိုးနိုင်ခဲ့သည်။

 

NCA အကောင်အထည်ဖော်နိုင်ခြင်း

NCAကို လက်မှတ်ထိုးနိူင်ရေးအတွက် နိူင်ငံတော်မှ တာဝန်ပေးခြင်းခံရသော “ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မူလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ညီလာခံကြီးဖြစ်သော “လိုင်ဇာညီလာခံ”မှ တာဝန်ပေးခြင်းခံရသည့် တစ်နိူင်ငံလုံး ပစ်ခတ်တိုက်ခုက်မူရပ်စဲရေး သဘောတူစာချူပ် ညိုနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား (၁၇)လကြာ ညှိနှိုင်းဆွေးနွေးပြီနောက် သဘောတူမူကြမ်းကို ၂၀၁၅၊ မတ်လ (၃၁)ရက်နေ့တွင် လက်မှတ်ရေးထိုးကြသည်။  ထိုသဘောတူမူကြမ်းကို UPWCနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး (SD)တို့က နောက်ထပ် (၃)လကြာ ဆွေးနွေးပြီးနောက် တစ်နိူင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ်ကို (NCA)ကို ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ပြည်ထောင်စုသမတနိူင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈)ခုက လက်မှတ်ရေးထိုခဲ့ကြသည်။ ကျ် သဘောတူညီစာချုပ်ကို အစိုးရဘက် အဆင့်ဆင့်တက်ပြီး သမတ၊ ဒုသမတနှင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းဘက်ကနေ အဖွဲ့အစည်းခေါင်ဆောင်များ ပါ၀◌င်ခဲ့ကြသလို၊ UN အပါအဝင် နိူင်င့အသီးသီးမှ အထူးကိုယ်စားလှယ်တော်ကြီးများနှင့် သံတမန်ကြီးများက အသိသက်သေအဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။

NCA စာချုပ်၏ ဘုံနိူင်ငံရေး ရည်မှန်ချက်မှာ

“မြန်မာနိူင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပြသနာ (crisis)များ အဆုံးသတ်နိူင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိူင်ငံရေးပြသနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိူင်ငံရေး နည်းလမ်းနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေး ယဥ◌်ကျေးမူသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဠိပကခအဆုံးသတ်နိူင်ရန် တနိူင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးကို ဦးဆောင်ရွက်ရန်” ဟူသော ကတိဝန်ခံချက်ကြီးပါရှိသည်။

အသေးစိတ်လေ့လာမယ်ဆိုရင် (အခြေခံမူများ)

က။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်ရင်းသား စည်လုံးညီညွတ်မူ မပြုကွဲရေးနှင့် အချုပ်အခြာအာဏာ တည့်တံ့ခိုင်မြဲရေးဟူသောအချက်ကို အစိုးရဘက်ကနေ အလေးအနက်တင်ပြသည်။

ခ။ လွတ်လပ်မူ၊ တန်းတူညီမျှမူနှင့် တရားမျှတမူတည်းဟူသော လောကပါလတရားများ ရှိရေကို နှစ်ဖက်အဖွဲ့အစည်းမှ တင်ပြသည်။

ဂ။ ပင်လုံစာချူပ်နှင့် ပင်လုံကတိကဝတ်များအပါ် အခြေခံသည့် ပင်လုံစိတ်ဓာတ်သည် NCA စာချုပ်ဖြင့် မျှော်မှန်းထားသော ဘုံနိူင်ငံရေးရည်မှန်းချက် ဖြစ်သည်။
ဃ။ ‘ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး…..

ထို့အပြင်

က။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး
ခ။ နိူင်ငံသားအားလုံးကို လူမျိုူရေး၊ ဘာသာရေး၊ ယဥ◌်ကျေးမူနှင့် လိင်ကွဲပြားမူကို ခွဲခြားဆက်ခံခြင်း မပြုစေရဟူသည့် တန်းတူရေး။

ဂ။ ဘာသာရေးကို အခြေမခံသောနိူင်ငံတော် ထူတောင်ရေးကိစာများဂ
ဃ။ ရိုးရာယဥ◌်ကျေးမူ၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက်ခဏများ မတူကွဲပြားမူကို အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်းဆိုသည့် “ မတူကွဲပြားမူကို အခြေခံသော စည်းလုံးညီညွတ်မူ တည်ဆောက်ရေး (Unity is Diversity)

_____

NCA စာချုပ်ဖော်အရ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဥ်နှင့် နိုင်ငံရေးဆွေနွေးပွဲအဆင့်ကို အောက်ပါအတိုင်း ထိုစာချုပ်ရဲ့အခန်း (၅) မှာ ဖော်ပြသည်။

က။ တစ်နိူင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း။
ခ။ အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက “နိူင်ငံရေး ဆွေးနွေးမူဆိုင်ရာ မူဘောင် (The Framework for Political Dialogue) ကို ရေးဆွဲ သဘောတူညီမူ ရယူခြင်း။

ဂ။ ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့်နိူင်ငံရေးဆွေးနွေးပွဲများကျင်ပခြင်း၊ လု့ခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစရပ်များ၊ လုပ်ငန်းစဥ◌်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။

ဃ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း
င။ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း
စ။ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း
ဆ။ ပြည်ထောင်စု သဘောတူစာချူပ် (Pyidaungsu Accord) ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လု့ခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းများစဥ◌်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

၂၀၁၅ အောက်တိုဘာလ (၁၅)ရက်နေ့တွင် NCA စာချုပ်ကို ချုပ်ဆိုပြီနောက် ထိုစာချုပ်အပိုဒ် (၂၁)ပါ ပြဌာန်းချက်များအတိုင်း အောက်တိုဘာလ (၁၆)ရက်နေ့တွင် “ တစ်နိူင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ညှိနှိုင်းအစည်းအဝေး (JICM)ကို ခေါ်ယူကျင်းပပြီး “ပစ်ခတ်တိုက်ခိုက်ရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမူ ပူးတွဲကော်မတီ (UPDIC)တို့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

            UPDJC ဦးဆောင်မူဖြင့် နိူင်ငံရေးဆွေးနွေးမူဆိုင်ရာမူဘောင်ကို ရက်ပေါင်း (၆၀)အတွင်း ရေးဆွဲပြီး၊ ရက်ပေါင်း (၉၀)အတွင်း နိူင်ငံရေးဆွေးနွေးမူ စတင်ကျင်းပနိူင်ရေးအတွက် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ကို ၂၀၁၆ ဇန်နဝါရီလ (၁၂)ရက်မှ (၁၆)ရက်အတွင်း အောင်မြင်စွာ ကျင်းပနိူင်ခဲပါသည်။ အဆင့် (ဂ) မလုပ်ဖြင့်ခြင်းက အစိုးသစ်တက်လာမူကြောင့် ဖြစ်သည်။ (အဆင့် (ဂ)ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက မရမကတောင်းဆိုခဲ့သော နိူင်ငံရေးဆွေးနွေးပွဲ ဖြစ်ပါသည်)

အဆင့် (ဂ) နှင့် အဆင့် (ဃ)တို့သည် အဆင်မတူသော်လည်း အနှစ်သာရအားဖြင့် တူညီသော နိူင်ငံရေး‌ဆွေးနွေးပွဲ သာလျှင် ဖြစ်ကြပါသည်။ ထိုအဆင့် (၂)ခုလုံးကို ဆက်စပ်အကောင်အထည် ဖော်နိူင်ရေးအတွက် နိူင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ဦးဆောင်လမ်းညွန်ကြီးကြပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမူ ပူးတွဲကော်မတီ (UPDJC)ကို တာဝန်ပေအပ်ထားပါသည်။

 

___
UPDJC က နိူင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန် ကြီးကြပ်ရာတွင်လည်း UPDJC ကော်မတီကြီးသာမက UPDJC အတွင်းရေးမှုးများနှင့် UPDJC လုပ်ငန်းကော်မတီများ၏အခန်းကဣသည်လည်း အလွန်အရေးကြးပါသည်။ ယခုလက်ရှိ ကျင်းပပုံကို အသေးစိတ်လေ့လာမည်ဆိုပါက-

က။ အမျိုးသားအဆင့် နိူင်ငံရေးဆွေးနွးကျင်းပနိူင်ငံရေးအတွက် ကြီးကြပ်ရေးကော်မတီကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတောါအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲံအစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များဖြင့် သုံးပွင့်ဆိုင်ဖွဲ့စည်းထားပါသည်။

___

NCA ဆိုတာ ငြိမ်းချမ်းရေးစာချူပ်မဟုတ်သေးဘူး။ ငြိမ်းချမ်းရေးစာချုပ်ခ ချုပ်ဆိုနိူင်ဖို့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ပေးတဲ့ စာချုပ်ပဲ ဖြစ်ပါသည်။  

__

ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့အချက် နှစ်ချက်မှာ -ပထမအချက်ကတော့ ဖြစ်စဥ်လို့ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဘယ်လိုစပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့အရာ ဖြစ်ပါသည်။ ဒါကို ခေတ်စကားနဲ့ နိုင်ငံရေးဆွေးနွေးမူဆိုင်ရာမူဘောင် (Framework for Political Dialouge) လို့ ခေါ်ပါတယ် (NCA စာချုပ်ချုပ်ဆိုခြင်း၊ မူဘောင်ရေးဆွဲခြင်း၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်းတို့ဟာ process ဖြစ်ပါတယ်)။ ဒုတိယအချက်ကတော့ နိုင်ငံရေးရလဒ်လို့ခေါ်တဲ့ Political Substance အရာဖြစ်ပါသည်။ ဒီငြိမ်းချမ်းရေးဖြစ်စဥ◌်၊ ဒီနိုင်ငံရေးဆွေးနွေးပွဲများကနေ ရရှိချင်တဲ့ နိုင်ငံရေး ရလဒ်အဖြစ်ပဲဖြစ်ပါသည်။ ပြည်ထောင်စု သဘောတူစာချုပ်ဟာ နိုင်ငံရေးရလဒ်ဖြစ်ပါသည်။ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆို့ပြီး  ဒီစာချုပ်ကို အခြေခံပြီးတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေအခံဥပဒေအပါအဝင် ဥပဒေအားလုံးကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဟာ နိုင်ငံရေးအာမခံချက် ဖြစ်ပါသည်။


တိုင်းရင်းသားတွေ လိုလားတဲ့နိုင်ငံရေးစနစ်ဆိုတာ ဒီမိုကရေစီရရှိရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝအာမခံချက်ရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်ပါသည်။  ဒါပေမယ့် တပ်မတော်ကတော့ ဒီ နိုင်ငံရေး ဆွေနွေးပွဲကနေ substance လို့ခေါ်တဲ့ နိုင်ငံရေးရလဒ်အသစ်တစ်ခုမှ မလိုချင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခဲဥပဒေ အခိုင်အမာရှိနေပြီ။ အဲဒီအတွက်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဥ◌်ကနေပြီးတော့ အချိန်ကြာကြာြဖစ်အောင်၊ ကြာလာလေလေဖြစ်အောင်၊ ကျနော်တို့ လုံးပါးပါး ဖြစ်အောင် သူတို့ ကြိုးစားသွားမှာ ဖြစ်ပါသည်။  ဒီဖြစ်စဥ◌်ကနေ ကျနော်တို့ (တပ်မတော် မဟုတ်တဲ့သူတွေ) ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတတ်နိုင်ဆုံး၊ အများဆုံးလက်ခံသွားဖို့ သူတို့ ကြိုးစားမှာ ဖြစ်ပါသည်။ 

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပြည့်အစုံ လက်မှတ်ထိုးနိုင်တဲ့အခါမှာတော့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ပြီ။ ငြိမ်းချမ်းရေး ရပြီလို့ ဆိုနိုင်မှာ ဖြစ်ပါသည်။

၂၀၁၇ မေလ ၂၄-၂၉အတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ EAO ဘက်ကနေ ဖက်ဒရယ်အခြေခံမူများဖြစ်တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆိုတဲ့အရာတွေကို တင်ပြခဲ့ပါသည်။ တပ်မတော်ဘက်က ၁၉၆၂ ကတည်းက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဖြစ်တယ်ဆိုပြီး ကြီးပြင်းလာခဲ့တာလို့ စကားချီခဲ့ပါသည်။ ကိုယ်ပိုင်ငြဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းခွင့် နှင့် အမျိုးသားတန်းတူရေးလည်း ပေးမယ်ဆိုရင် စိုးရိမ်းစရာဖြစ်လာမယ်၊ ဒါကြောင့် ခွဲ့မထွက်ရဆိုတဲ့အချက် ထည့်ပေးပါဆိုပြီး သူတို့ပြန်တောင်းဆိုလာတာ ဖြစ်ပါသည်။

၂၀၁၇ မေလမှာ ကျင်းပခဲ့တဲညီလာခံကြီးမှာ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လိုလားတဲ့ “ကိုယ်ပိုင်ပြဌာန်းခွင့်” က တစ်ဖက်၊ တပ်မတော်ဘက်က စိုးရိမ်းလို့ တောင်းဆိုထားတဲ့ “ခွဲမထွက်ရ” က တဖက်နဲ့၊ အထုပ်အလိုက် အပေးအယူ “Package Deal” ကို ညှိနှိုင်းမရနိုင်သေးတဲ့အတွက် တစ်ဆို့မူ (Deadlock) က ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ဆို့မူကို ကျော်လွှားနိုင်ဖို့ ထိပ်သီးခေါင်းဆောင်များ (10+10) မျက်နှာချင်းဆိုင်ထိုင်ပြီး အဖြေရှာသင့်တယ်။ ဒီ (၁၀+၁၀)အစည်းအဝေးကနေ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးနိုင်တဲ့ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီး တစ်ဆို့နေတဲ့ နိုင်ငံရေးပြသနာကို ဖြေရှင်းကြမှာ ဖြစ်ပါသည်။ (၃ရ)


စစ်အာဏာရှင်ခေတ်က ပစ်ခတ်ရပ်စဲရေး စာချုပ်

သမတ ဦးသိန်းစိန်မတက်ခင်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုသည် အပစ်အခတ်ရပ်စဲရေး သဘောတူချက်များကို ပြည်နယ်အဆင့်သာမက ပြည်ထောင်စုအဆင့်ကိုပင် တဖွဲ့ချင်းလက်မှတ်ရေးထိုးထားကြပြီး ဖြစ်သည်။ ယခုခဲ့သို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ထပ်မံချုပ်ဆိုရန် လိုအပ်လာသည့်အချက်မှာ ယခင် တဖွဲ့ချင်းဆီ ချုပ်ဆိုထားသောစာချုပ်များသည် တနိုင်ငံလုံးအသွင်ကို မဆောင်သည့်အပြင် ထိုစာချူပ်များတွင် လက်တွေ့ကျကျအကောင်အထည်ဖော်မည့် ယနတများနှင့် ထို စာချုပ်များကို ခိုင်မာစေသည့် အကြောင်းအချက်များ အပြည့်အစုံဖော်ပြထားခြင်း မရှိသောကြောင့် ဖြစ်သည်။ ယခင် စာချုပ်ကို လေ့လာပါက
၁။ နှစ်ဦးနှစ်ဖက်မှ ပစ်ခတ်တိုက်ခိုက်မူများ ရပ်စဲရေး
၂။ သင့်တော်သောနေရာများတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး။

၃။ လက်နက်မပါဘဲ လွတ်လပ်စွာသွားလာခွင်နှင့် သတ်မှတ်ထားသောနေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားပါက ကြိုတင်အကြာင်းကြားရေး
၄။ နှစ်ဖက်ညှိနှိုင်း သဘောတူသတ်မှတ်ထားသည့်နေရာများတွင် နေထိုင်ရေး။

၅။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရေးတိုပင် ဖြစ်ပါသည်။

 

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (NCA-S EAO's) ၏ အင်းအား စုဖွဲ့မူသည် ပြည်တွင်းရှိတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၏ (၂၀)ရာခိုင်နှူန်းလောက်သာရှိပြီး NCA လက်မှတ်ရေးထိုးမထားခဲ့သည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ (NCA-NS EAOs)

၏ အင်အား စုစုပေါင်းသည် (၈၀) ရာခိုင်နှုန်းနီးပါးအထိ ရှိသည်။ NLD က NCA-SEAO's နဲ့ NCA အတိုင်း လုပ်ငန်းစဥ◌်များကို အကောင်ထည်ဖော်သလို NCA NEAO's တွင်ကိုလည်း NCA တွင် ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ဒီလို ကြိုးစာမူကြောင့် မွန်ပြည်သစ်ပါတီ၊ လားဟူ အမျိုး

သားအစည်းအရုံးတို့လည်း 2018 တွင် NCA လက်မှတ်ရေးထိုးနိုင်ခဲံသည်။ P. 12

၂၁ရာစု ပင်လုံအစည်းအဝေး (၃)ကြိမ်အထိ ကျင်းပနိုင်ခဲ့သော်လည်း ၄ ကြိမ်မြောက်ကျင်းပနိုင်ရေးအတွက် ကျန့်ကြာနေသလို အချိုသော NCA S EAOs တို့၏ NCA အရ တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မူယာယီရပ်ဆိုင်းခြင်းနှင့် တစ်ခြားတဖက်တွင် NCA NEAOs များအား NCAတွင် ပါဝင်လာနိုင်ရေး ကြိုးပမ်းရေးတွင် တစ်ဖွဲ့ချင်းစီအလိုက် တွေ့ဆုံဆွေးနွေးမူများရှိသည့်တိုင် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ NCA မဟုတ်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအား တောင်းဆိုတင်ပြလာခြင်း NCA SEAO's နှင့် NCA NS EAOs နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲ

များ ရပ်စဲနိူင်ခြင်း မရှိခြင်း။ 13

 

NCA- S EAO's မှာ KNU (ကရင်အမျိုးသားအစည်းအရုံး) ၊ (KNY/KNLA (P.C)) ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)၊ DKBA (ဒီမိုကရေစီအကျိုးပြူ ကရင်တပ်မတော်)၊ CNF (ချင်းအမျိုးသားတပ်ဦး) ၊ PNLO (ပအိုင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး)၊ RCSS/SSA  (ရှမ်းပြည် ပြန်လည်ထူတောင်ရေးကောင်စီ)၊ ALP (ရခိုင်ပြည် လွတ်မြောက်ရေးပါတီ)

ပထမဆုံး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC)ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပခဲ့သည်။ ထို့နောက်NLD အစိုးရက အမွှေတစ်ရပ်အဖြစ် ရရှိသည်။ 27
ဦးသိန်းစိန်အစိုးရကဖွဲ့စည်းသည့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)ကို

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖြစ် အမည်ပြောင်းလဲကာ အဖွဲ့ဝင်အားလုံးနီးပါး ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ NCA အရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ကျင်းပရေးဗဟို ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ဦးသိန်းစိန်လက်ထက်က ပြုလုပ်ခဲ့သော "ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ" ကို "ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ" အဖြစ် အမည်ပြောင်းကာ ဆက်လက်ကျင်းပခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံကို ၂၀၁၆ ြသဂုတ်လ ၃၁ရက်နေ့မှ စက်တင်ဘာ ၃ရက်အထိ ကျင်းပခဲ့သည်။ ၂၀၁၇ မတ်လ ၂၄ရက်မှ ၂၉ရက် အထိတစ်ကြိမ်၊ ၂၀၁၈ ဇူလိုင်လ ၁၁ရက်မှ ၁၆ရက်အထိ တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အချက် (၅၁) ပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)ကို ရရှိခဲ့သည်။ ၂၈- ၂၉

__

NCA အရ JICM UPDJC နှင့် JMC.... ဖြစ်ပေါ်စေပြီ၊ JICM သည် အမြင့်ဆုံး အစည်အဝေးဟို ဆိုရမည်။ ပြည်ထောင်စုညီလာခံအတွက် ဆွေးနွေးသည့် UPDJC တွင် သဘောတူညီမူမရသည့်အခါမျိုးတွင် JICM ကိုခေါ်ယူကာ ဆုံးဖြတ်ချက်ချသ်။ JICM တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA-S-EAOsခေါင်းဆောင်များပါဝင်သည်။ JMCကတော့ JMC-U, JMC-S and JMC-Lတို့ကို ဖွဲ့စည်းကာ ပစ်ခတ်တိုက်ခိုက်မူရပ်စဲထားခြင်းကို ခိုင်မာစေရန်နှင့် ပစ်ခေတ်မူကို ထိန်းချု်ရန် ဖွဲ့စည်းသည်။ ၃၀

NCA အရ ဖြစ်ပေါ်လာသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPDJC)၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစစ် ပဠိုမကခ ချုပ်ငြိမ်းပြီး တိုင်းရင်းသားအားလုံး ပါဝင်ကာ နိုင်ငံရေးသဘောတူညီချက်များ ရယူရဖြစ်သည်။ ပထမဆုံးအကြိမ် UPDJC ကို သိန်းစိန်းအစိုးရ၏ သက်တမ်းကုန်ခါးနီးအချိန် ၂၀၁၆ ခုနစ် ဇန်နဝါရီလ နေပြည်တော်တွင် ကျင်းပပေ့မယ့် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခြင်းမရှိပါ။ ၂၀၁၅ ရွေးကောက်ပွဲတွင့် အနည်းဆုံးအမတ်တစ်နေရာနိုင်သော နိူင်ငံရေးပါတီသည်သာ ပင်လုံညီလာခံတွင် ပါဝင်ရမည် ဟူသော နိုင်ငံရေးပါတီ၏ ပါဝင်မူကို ကန်သတ်သည်။ NCA S EAOs နှင့် NCA NS EAOsမှ ခေါင်ဆောင်းများ

တက်ရောက် မိန်ခွန်းပြောကြားသည်။ ဖယ်ဒရယ်ပြည်ထောင်စုသို့ ဦးတည်သော အဖွဲ့အစည်းအသီးသီးတို့မှ ကဣစုံစာပေါင်း (၇၀) ကျော် တင်ပြဆွေးနွေးခဲ့သော်လည်း ညီလာခံပြီးချိန်တွင်တော့ သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခြင်း မရှိပါ။ ထို့နောက် ၂၀၁၇ခုနှစ် မေလတွင် ပြည်ထောင်စုငြိမ်းချမ်းညီလာခံ-၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေး သဘောတူညီချက် (၃ရ) ချက်၊ ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ တတိယအစည်းအဝေးတွင် (၁၄) ချက်၊ စုစုပေါင်း အချက် (၅၁) ချက် ပါသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)နှင့် (၂)ကို ရရှိကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။ နိုင်ငံရေး section တွင် မူဝါဒသဘောတူညီချက် အဖြစ် (၁၆) ချက်၊ စီပွားရေး section မူဝါဒသဘောတူညီချက်အဖြစ် (၁၂) ချက်၊ လူမူရေး section မူဝါဒသဘောတူညီချက်အဖြစ် (၁၁)ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် section မူဝါဒသဘောတူညီချက်အဖြစ် (၁၂) ချက်တို့ ပါဝင်ပြီဂ စုစုပေါင်း အချက် (၅၁) ချက် ဖြစ်သည်။ NCA အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံကဣ၊ လုံခြုံရေးကဣ၊စီပွားရေးကဣ၊ လူမူရေးကဣ၊ မြေယာနှင့် ပတ်ဝန်းကျင်ကဣအဖြစ် ကဣကြီး (၅) ခုကို ဦးတည်ဆွေးနွေးရမည် ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်ထိ section 4 အထိသာ ဆွေးနွေးနိုင်ပြီး Security section ကိုတော့ ဆွေးနွေးခြင်းမရှိသေးပါ။  ၆၉-၇၀

_

RCSS/ SSA Vice President ကတော့ ညီလာခံကို အယုံမရှိ အလိမ်အညာအဖြစ် ၂၀၁၈ ဇူလိုင်လတွင်
ထုတ်ဖော် ဝေဖန်ခဲ့သည်။ အထူသဖြင့် UPDJC တွင် security sector တွင် သဘောတူညီချက်မရှိခဲ့သည့်
အပေါ် ဝေဖန်သည်။ CNF Vice President လည်းဖြစ် UPDJC ၏ တိုင်းရင်းသားအစုအဖွဲ့မှ vice President
ဖြစ်သူ Dr. Salai Lian Hmung Sakhong က ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြည့်အဝအာမခံချက်
ပေးနိုင်သည့် အခြေအလက်များကို ၂၁ ရာစုပင်လုံညီလာခံမှ အလုံအလောက်မရရှိကြောင်း ဝန်ခံထားပါတယ်။
စတုတအကြိမ်မြောက် ပင်လုံညီလာခံ ကျင်းပနိူင်ရေးအတွက် ပြင်ဆင်မူများဖြစ်သော UPDJC အစည်းအဝေးများရပ်တန့်ခြင်း၊ NCA လက်မှတ်ထိုးထားသည့် EAOs အစုအဖွဲ့ဖြစ်သော sectors meeting များ မခေါ်ခြင်း၏ အဓိက အကြောင်းအရင်းတစ်ရပ်မှာ တပ်မတော်ဘက်မှ တင်ပြလာသော ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရန်နှင့် တစ်ခုတည်းသော တပ်မတော် ထားရှိရေးကိစပင် ဖြစ်ကြောင်း NCA S EAOs အစုအဖွဲ့နှင့် လေ့လာသုံသပ်သူများက ကောက်ချက်ချပါသည်. ယင်း ပြသနာကို ဖြေရှင်းနိုင်ရန် ထိပ်သီးတွေ့ဆုံဆွေးနွေးမူကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ နေပြည်တော်တွင် ကျင်းပခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်နိုင်လောက်သည့် အဖြေမျိုးဌထွက်‌ပေါ်လာခြင်း မရှိခဲ့ပါ? 71

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို နေပြည်တော်၌ ၂၀၀၇ ခုနှစ် မေလ (၂၄) မှ (၂ရ) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ UPDJC က အဆိုပြုတင်သွင်းလာ အဆိုပြုချက်များကို ဆ္ဂေန္ဂေးကာ အောက်ပါအချက်များကို အထည်ပြုခဲ့သည်။ ၎င်းတို့မှာ:

(က) နိုင်ငံ‌ရေးကဣ မူဝါဒသဘောတူညီချက် (၁၂)ချက်

(ခ) စီပွားရေးကဣ မူဝါဒသဘောတူညီချက် (၁၁)ချက်

(ဂ) လူမူရေးကဣ မူဝါဒသဘောတူညီချက် (၄)ချက်

(ဃ)မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဣ မူဝါဒသဘောတူညီချက် (၁၀)၊ စုစုပေါင်း (၃ရ)ချက်ကို သဘောတူနိုင်ခဲ့သည်။ ဤကို တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ် အပိုဒ် ၂၀ (င)အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၁)အဖြစ်  အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးကြပါသည်။

နိုင်ငံရေးကဣမူဝါဒ သဘောတူညီချက်

၁။ အချုပ်အခြာအာဏာ။ ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်း လုံး၌ တည်သည်။

၂။ အချုပ်အခြာအာဏာကျင့်သုံးမူ။ ။ နိုင်ငံတော်အချုပ်အချာအာဏာ၏ မဏိုင် (၃)ရပ် ဖြစ်သည်။

၃။ တန်းတူရေး။ ။ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူရည်တူ အခွင့်အရေး ရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမူနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ် မြှင့်တင်ခွင့်ရှိရမည်။

၄။ ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်မူနှင့် အာဏာခွဲဝေမူ)

 (က) နိုင်ငံတော်ကို ဒီမိုကရေစိနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်။

 (ခ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး/ပြည်နယ်များဖြင့် ဖွဲ့စည်းမည်။ မှတ်ချက်။ ။ အမည်နာမ သတ်မှတ်ချက်နှင့် ပက်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေမည်။

 (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တိုင်းရင်းသားလူမျိုးများ၏ အမည်ဖြင့် ဖွဲ့စည်းရမယ်။

 (ဃ) နိုင်ငံတော်အချုပ်အချာအာဏာ၏ ခက်မ (၃)ဖြာဖြစ်သည့် ဉပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစိရင်ရေး (၃) ရပ် ကို ပြည်ထောင်စု၊တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများသို့ ခွဲဝေအပ်နှင်းသည်။ ပြည်ထောင်စု၊ တိုင်းသေဒကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအကြား ဉပဒေပြုရေးဆိုင်ရာအာဏာများနှင့် ပူတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေက ခွဲဝေအပ်နှင်းပေးရမယ်။

(င) တိုင်းသေဒကြီး/ပြည်နယ်များကို ဉပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတည်းဟူသော အာဏာ (၃) ရပ်စလုံးကို အပ်နှင်းစေရမည်။ ဉပဒေပြုရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းသေဒကြီး/ပြည်နယ်လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာများကို ကျင့်သုံးနိုင်ရေးအတွက်တိုင်းသေဒကြီး/ပြည်နယ်အစိုးရနှင့် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဉပဒေက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့် အညီ လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအတွက် တိုင်းသေဒကြီး/ပြည်နယ်လွှတ်တော် ချုပ်တို့ကို ထူတောင်ခွင့်ရှိစေရမယ်။

(စ) ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် ကောက်ခံရရှိသော အခွန်ငွေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်အရင်းအမြစ်များကို ဉပဒေနှင့်အညီ မျှဝေခံစားခွင့် ရှိစေရမည်။

(ဆ) ပြည်ထောင်စုနှင့် တိုင်းသေဒကြီး/ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ တိုင်းသေဒကြီး/ပြည်နယ်အချင်းချင်းအကြားတွင်သော်လည်းကောင်း၊ ဖွဲ့စည်းပုဲအခြေခံဉပဒေဆိုင်ရာ အငြင်းပွားမူများကို ဖြေရှင်းရန်အတွက် သီးခြားလွှတ်လပ်သော နိုင်ငံတော်ဖွဲ့စည်း

အခြေခံ ဉပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်ထားရှိရမယ်။

(၅) ပါတီစုံ ဒီမိုကရေစီစနစ်

 (က) ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမယ်။

 (ခ) လွှတ်လပ်၍ တရားမျှတသော ရွေကောက်ပွဲများကို ဖွဲ့စည်းပုံအခြေခံဉပဒေပါ ပြဌာန်းချက်များနှင့် အညီ ကျင်းပရမည်။

_____
_____

အပေါ်က စာကတော့ ၂၀၁၉ ဇန်ဇဝါရီလကနေ မတ်လအထီ CDES | Centre for Development and Ethnic Studies  မှာ ၂ လ ၁၈ရက်နေ့ ငြိမ်းချမ်းရေး သုတေသနလုပ်ခွင့် ရတုန်းက သူတို့ရုံးက ထုတ်တဲ့ သုတေသနစာအုပ်တွေထဲက ကောက်နုတ်ချက်တွေ ဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်းကို လေ့လာချင်ရင် CDES ကို သွားဖို့ အကြ့ပြုချင်ပါတယ်။ အချက်အလက် ဒေတာ အစုံဆုံး သုတေသန ရုံးဖြစ်မယ် ထင်ပါတယ်။ ရုံးဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းကြသလို၊ ရုံးတည်နေရာလည်း ကောင်းပြီး အသွားအလာ အဆင်ပြေတယ်။ ထမင်းလည်း အလကား ကျွေးပါတယ် :-) ။ 

More Details => https://cdes.org.mm/ 

Share:

Search