Empower, Engage and Inspire

Monday, March 15, 2021

လက်ရှိမြန်မာ့နိုင်ငံ‌ရေးနဲ့ Failed State ဖြစ်နိုင်ခြေ ရှိ/မရှိ၊ ဘယ်လိုမျိုးရလဒ်မျိုး ထွက်နိုင်သလဲ ဆိုတဲ့အပေါ် သုံးသပ်ချက်

နိုင်ငံသားတွေရဲ့ ရပ်တည်မူ (၃)ရပ်


နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်လာတဲ့အခါ (သိုမဟုတ်) နိုင်ငံရေးအပြောင်းအလဲ ရှိလာတဲ့အခါမှာ နိုင်ငံသားတွေ ‌ရွေးချယ်စရာ နိုင်ငံရေး ဂိမ်း (၃) ဂိမ်း ရှိလာတယ်။ Exit, Loyalty and Voice လို ခေါ်ပါတယ်။ Exit ကတော့ နိုင်ငံသူ/သားက အစိုးရက ထုတ်လိုက်တဲ့ ဥပဒေ (သို့မဟုတ်) ဆိုးရွားလာတဲ့ နိုင်ငံရေးအပြောင်းအလဲကို သူ မကြိုက်ဘူး။ ဒါပေမယ့် သူရဲ့ အခွင့်အရေးကို မဆုံးရှုံးချင်ဘူး။ ဒါကြောင့်သူသည် တခြားနိုင်ငံကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြောင်းသွားသည်။ Loyalty ကတော့ နိုင်ငံသူ/သားက အစိုးရက ထုတ်လိုက်တဲ့ ဥပဒေ (သို့မဟုတ်) ဆိုးရွားလာတဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်တာကို သိပေမယ့် သူကိုယ်ပိုင် အခွင့်အရေးအတွက် တိတ်တိတ်လေး နေတယ်။ ဘာမှ မလုပ်ဘူး။ Voice မှာကြတော့ နိုင်ငံသူ/သားက အစိုးရက ထုတ်လိုက်တဲ့ ဥပဒေ (သို့မဟုတ်) ဆိုးရွားလာတဲ့ နိုင်ငံရေးအပြောင်းအလဲကို သူ မကြိုက်ဘူ။ ဒါကြောင့် သူသည် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် ချလာတယ်။ လမ်းပေါ််ထွက်ပြီး ဆန္ဒပြလာတယ်။ တော်လှန်ရေးးတပ်ဖွဲ့ ဖွဲပြီး၊နိုင်ငံရေးအပြောင်းအလဲ (သို့) ဥပဒေသစ်ကို ဆန့်ကျင်လာတယ်။  ဒါကြောင့် ယခုမြန်မာနိုင်ငံရေးကို လေ့လာတဲ့အခါမှာလည်း Exit, Loyalty and Voice သုံးမျိုးက ရှိကို ရှိမှာပါ။ အသေအချာ ပြောရရင် Voice က အားကောင်လာပါတယ်။

Failed State ဖြစ်ပေါ်လာပုံ

Failed State ဆိုတာ အလွယ်ဆုံးနည်းနဲ့ ရှင်းပြရရင် နိုင်ငံတော်ကို တာဝန်ယူနိုင်သော အစိုးရ (သို့) အုပ်ချုပ်ရေးဆိုင်ရာ အင်စတာဂျူးရှင်း မရှိသော နိုင်ငံ ဖြစ်သည်။ ဥပမာ ပြည်တွင်းစစ်က ပြင်းထန်းလာတဲ့အခါမှာ ဘဏ်၊ အစိုးရရုံးတွေ မလည်ပတ်နိုင်တော့ဘူး။ နိုင်ငံတော် Mechanism ကြိး ရပ်တန့်တဲ့အခါမျိုးကို ဆိုလိုတာ ဖြစ်တယ်။ ဆင်းရဲ့တဲ့နိုင်ငံ (သို့) လူမျိုးအများကြီးနဲ့ ဖွဲ့စည်းထားသော နိုင်ငံမျိုးမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်တဲ့ အချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထာရှိပါတယ်။ အာဖရိကနိုင်ငံတော်တော်များများမှာ ဖြစ်ဖူးပါသည်။ ဆိုမာလီနိုင်ငံနဲ့ ဆီရီးယာနိုင်ငံ မှာလည်း လွန်ခဲ့သော ၁၀နှစ်ကျော်ကျော်မှာ ဖြစ်ဖူးသေးတယ်။ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေက မြန်မာ့နိုင်ငံရေးသမိုင်းမှာ တတိယအကြိမ် အာဏာသိမ်းမူ ဖြစ်လာတယ်။ နိုင်ငံသားတော်တော်များ "Voice Game" ကို ရွေးချယ်လာကြတယ်။ Voice ကြီးလာရင်  ရွေးချယ်စရာ လမ်း Respond နှင့် Ignore နှစ်ခု ရှိလာမယ်။ Respond ကတော့ တောင်းဆိုမူကို လက်ခံတဲ့အခါမှ လုပ်လေ့ရှိတယ်။ Ignoreကတော့ ဘာတောင်းတောင်း ဘာမှမပေးဘူး။ အာဏာရှင် (သို့) အစိုးရ က ဆန္ဒပြသူတွေကို သတ်ဖြတ် ၊သုတ်သင်တာမျိုး၊ ထောင်ချတာမျိုး၊ Martial Law ထုတ်တာမျိုး လုပ်ဆောင်လာမယ်။ ရလဒ်က နှစ်မျိုးထွက်နိုင်တယ်။

၁။ စစ်အာဏာရှင် အရှုံးပေးခြင်း။

၂။ အာဏာရှင်ရဲ့ Ignore လမ်းကြောင်းကြောင့် လမ်းကြောင်း နှစ်ခု ဖြစ်လာမယ်။ ပထမက- ပြည်သူတွေ Voice လုပ်နည်း နည်းဗျူဟာပြောင်းမယ်။ ဥပမာ ဆန္ဒမပြတော့ဘဲ တော်ခိုပြီး တော်လှန်ရေး လုပ်ကြမယ်။ ဒုတိယ -  အာဏာရှင်အောင်မယ် -> ပြည်သူတွေ ခက်ခက်ခဲခဲ အသက်ရှင်မယ်။

__

မြန်မာနိုင်ငံရေးအခြေနေကကော?

မြန်မာ့သမိုင်းမှာ ယနေ့လိုမျိုး လူထုအုန်ကြွမူ မရှိသေးဘူးလို့ နိုင်ငံရေး သုံးသပ်တဲ့ သူတွေက ဆိုကြပါတယ်။ Failed State ဖြစ်ရေး မဖြစ်ရေးက ကျနော်အမြင်မှာတော့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းနည်းတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ပြောလို့လည်း မရဘူး။ CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်မူအပေါ်မှာ အများကြိး သက်ဆိုင်မူ ရှိမယ်။ CRPH က နိုင်ငံတကာမှာ ကိုယ်စားလှယ်တွေနဲ့ ယခု Parallel Government ဖွဲ့လာတယ်။ ဒါဟာ ကောင်းမွန်တဲ့ ရလဒ်ထွက်နိုင်ဖို့ အလားအလား ရှိတယ်။ CRPHက နိုင်နိုင်ခြေ ရှိလားဆိုတာတော့ CDM and Demonstrationက ဘယ်လောက် အားကောင်းသလဲ ဆိုတဲ့အပေါ်မှာ မူတည်မယ်။ အာဏာရှင်ရဲ့  Mechanism တွေ ၉၀% ရပ်တန့်သွားရင် နိုင်နိုင်ခြေ တိုးလာမယ်။ ယခု မြန်မာနိုင်ငံမှာ အာဏာရှင်ရဲ့  Mechanism ဟာ CDM ကြောင့် ၇၀% နီးပါး ရပ်တန့်နေပြီလို့ နေပြည်တော်က သတင်းအရ သိရပါတယ်။  ဒါကြောင့် စစ်အာဏာရှင်က ၈၈၈၈လိုမျိုး လူတွေကြောက်အောင် သတ်ဖြတ်မူတွေ စလာတာ ဖြစ်တယ်။ ဒါဟာ "Ignore" လမ်းကြောင်းကို သူ သုံးနေတာ ဖြစ်တယ်။ ဒီအတိုင်း ပြည်သူဘက်ကနေ မလျော့တမ်း ဆက်သွားမယ်ဆိုရင် နိုင် နိုင်ခြေများလေးလေး ဖြစ်မယ်။ဒါကြောင့် နိုင်ချင်ရင် အားမလျော့ဘဲ ဆက်တိုက်သင့်ပါတယ်။

____

The Chan


Share:

0 comments:

Post a Comment

Search