Empower, Engage and Inspire

Tuesday, March 16, 2021

"အတွေးအခေါ် မှားခြင်း၊မှန်ခြင်း"

- တခါတလေ ပြည်မပြည်ထောင်စု နိုင်ငံသူ/သားတွေက တိုင်းရင်းသားတွေ ပြောတဲ့ နိုင်ငံရေးအဖြစ်အပျက်တွေ မယုံနိုင်တာ အံသြစရာ မဟုတ်ဘူး။ သူတို့ မကြုံဖူးတာ။ ကျနော်လည်း ပြည်မမှာလည်း ချင်းတောင်လိုမျိုး စစ်တပ်က ကောက်ကျစ်လိမ့်မယ် ထင်ခဲ့ဖူးတယ်။ ဒါပေမယ့်  ပြည်မရောက်မှ အဲဒီအတွေးက မှားမှန်းသိလာတယ်။

- ဖေဖော်ဝါရီ ဒုတိယအပတ်မှာ မြန်မာနိုင်ငံထဲက စစ်တပ်ရဲ့ဗျူဟာတစ်ခုဖြစ်တဲ့ ထောင်ထွက်တွေကို ဆေးထိုးပြီး ညမှာ ရပ်ကွက်ထဲက လူတွေကို နှောက်ယှက်မူ၊ ဘာညာဖြစ်မူတွေကို တောင်ကိုရီးယားတွေက မယုံဘူး။ ဒါက စစ်တပ်ကို မုန်းတဲ့လူတွေက တွင်တဲ့ လှည့်ကွက်လိုပဲ သူတို့ထင်ခဲ့တယ်။ တကယ်အဖြစ်မှန် ဆိုတာ မယုံကြဘူး။

၂၀၁၉ခုနှစ်မှာ ၈၈၈၈ အရေးအခင်း ရှုံးနိမ်းတဲ့အကြောင်းအရင်းကို ကိုရီးယား ဆယ်ကျော်သက်ကျောင်းသားတွေကို ရှင်းပြခွင့်ရခဲ့တယ်။ လူထုအုံကြွမူ ကျဆုံးတဲ့ အဓိက တရားခံက စစ်တပ်ရဲ့ သတ်ဖြတ်မူတွေ ဖြစ်ကြောင်း ကျနော်် ထောက်ပြတာကို သူတို့ မယုံကြဘူး။ သူတို့ မကြုံဖူး၊မကြားဖူးလို့ ဖြစ်တာပါ။ (သူတို့က တကယ်သတ်လို့လားဆိုတဲ့ မေးခွန်း နှစ်ခါ အမေးခံရ)

ကိုရီးယား နိုင်ငံသူ/သား အသက် ၄၅ကျော်တွေကတော့ စစ်တပ်အာဏာသိမ်းမူကို  သူတို့ ကြုံခဲ့ဖူးလို့ သ‌ဘောပေါက်ကြတယ်။ အခု မြန်မာနိုင်ငံရေး အခက်အခဲ ကူညီရေး လှုပ်ရှားသူတွေကို ကြည့်မယ်ဆိုရင် အသက်အားဖြင့် ၄၀ ကျော်တွေ များတယ်။ သတင်း၊ မီဒီယာစာမျက်နှာမှာ ကျနော်တို့ ကြုံခဲ့သလို မြန်မာနိုင်ငံသားတွေ ကြုံနေတယ်လို့ ဖော်ပြတာတွေ ရှိ။

ဆိုတော့

အတွေးအခေါ်ဆိုတာ ဘယ်လို ဖြစ်ပြီ၊ ဘယ်ကနေ လာသလဲ ကျနော်တို သိဖို့လိုတယ်။ အတွေးအခေါ်ကြောင့် ဆုံးဖြတ်ချက်ကလာပြီး လှုပ်ရှားမူဖြစ်လာတယ်။ ဒါကြောင့် ကျနော်တို့ အတွေးအခေါ််မှန်ပြီး ဘာကဘာလဲဆိုတာ သိဖို့ အရေးကြီးတယ်။ အတွေးအခေါ်မှန်ဖို့ဆိုရင် စာများများဖတ်ရမယ်၊ လေ့လာမူအများအပြား လုပ်ရမယ်၊ သတင်းများများ ဖတ်ပြီး အဟုတ်အမှန် ခွဲခြားရမယ်။

ဒီတော်လှန်ရေး အောင်နိုင်ဖို့ ကျနော်တို့ အတွေးအခေါ်က အစ သတိထားရပါ့မယ်။

_____

The Chan 

Share:

0 comments:

Post a Comment

Search