တောင်ကိုရီးယား ဒီမိုကရေစီပြောင်းလဲမူမှာ
အဓိက အချက်အချာချနေတဲ့ ဂွမ်းဂျူးမြို့ကို တောင်ကိုရီးယားရောက် မြန်မာအရေးလှုပ်ရှားသော
အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက သွားရောက်လည်ပတ်ခဲ့ပါတယ်။
- ပထမဆုံးအခမ်းအနားမှာ
ဂွမ်းဂျူး မေ ၁၈ (5.18) ဒီမိုကရေစီအဆောက်အအုံကြီးမှာ
ဂွမ်းဂျူးမြို့တော်ဝင်နှင့် ဂွမ်းဂျူးနိုင်ငံရေးသမားများနဲ့ တွေ့ဆုံခဲ့ပါသည်။ မြို့တော်ဝင်က
"မြန်မာနိုင်ငံသားတွေနဲ့ အတူတူရှိနေကြောင်း၊ ယခုမြန်မာ့နိုင်ငံရေးပြသနာမှာလည်း
လုံးဝနောက်မဆုတ်ပဲ ၁၉၈၀ မေလက ဂွမ်းဂျူးလိုမျိုး စစ်အာဏာရှင်ကို တိုက်သင့်ကြောင်း၊ ၁၉၈၀မှာဆိုရင်
ဂွမ်းဂျူးမြို့မှာ စစ်အာဏာရှင် ချွန်းထူးဝမ်းက အာဇာနည် အယောက် ၁၅၀+ ကိုသတ်ခဲ့ကြောင်း၊
သူတို့တွေရဲ့ ကျေးဇူးတော်ကြောင့် ဒီနေ့လို ကိုရီးယားနိုင်ငံတော်ကြီး ဖြစ်လာရတဲ့အကြောင်းတွေ
ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းအသီးသီးကိုယ်စား ကိုရန်နိုင်ထွန်းက လက်ရှိနိုင်ငံရေးအခြေအနေများနဲ့
ရပ်တည်ချက်များကို တင်ပြခဲ့ပါတယ်။
- ဒုတိယပိုင်းအနေနဲ့
ဂွမ်းဂျူးရောက် စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ( Gwuangju
Myanmar Network) နှင့် ဆိုလ်းကနေလာတဲ့
အဖွဲ့အစည်းအသီးသီးများ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲအတွက် လိုအပ်တာများကို ဆွေးနွေးဆုံးဖြတ်ချက်ချခဲ့ပါတယ်။
- တတိယပိုင်းအနေနဲ့
သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲ မီဒီယာသမား အယောက် ၂၀နီးပါးတက်ရောက်ခဲ့ကြပါတယ်။
- စတုတ္ထပိုင်းအနေနဲ့
ဂွမ်းဂျူးဒီမိုကရေစီခန်းမကြီးကို လေ့လာကြည့်ရူခဲ့ကြပါတယ်။
- ပဉ္စမပိုင်းမှာတော့
ဂွမ်းဂျူးဒီမိုကရေစီခန်းမရှေ့မှာ ဂွမ်းဂျူးမြို့သူမြို့သားများနဲ့တကွ၊ မြန်မာ့အဖွဲ့အစည်းအသီးသီးမှ
ကိုယ်စားလှယ်များက (၂)နာရီကြာ မအလ ဆန့်ကျင် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဆိုရင်
မီဒီယာသမား ဦးရေ ၃၀ လောက်ထိ တက်ရောက်နေကြပါတယ်။ ကဗျာဖတ်တာ၊ သီချင်းဆိုတာ၊ Slogan
အော်တာ၊ သံပုံးတီးတာ၊ Drama
ပြတာ၊ မြန်မာအရေးတင်ပြတာနဲ့
တခြားလှုပ်ရှားမူများကို လုပ်ကြပါတယ်။
- နောက်ဆုံးအနေနဲ့ ၁၉၈၀ခုနှစ်မှာ
ကျဆုံးသွားသော ဂွမ်းဂျူး အာဇာနည် သီချိုင်းကုန်းကို သွားရောက်ခဲ့ပါတယ်။ နိုင်ငံတော်အတွက်
အသက်ပေးကြသောသူများအကြောင်းကို လေ့လာခဲ့ကြပါတယ်။ ၁၉၈၀က အသက်ပေးကြသော အာဇာနည်များဟာ
၁၅နှစ်-၃၀ နှစ်အကြား လူငယ်များ ပါဝင်ကြတာကို တွေ့ရပါတယ်။
ဂွမ်းဂျူး ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment