Empower, Engage and Inspire

Thursday, February 25, 2021

၂၀၂၁ မြန်မာနိုင်ငံ အာဏာသိမ်းမူ လေ့လာခြင်းအပိုင်း - ၁


ဒီမိုကရေရပြီး သိုမဟုတ် ရခါနီးမှ အာဏာရှင်စနစ်သို့ ပြည်လည် ပြောင်းလဲသွားသော နိုင်ငံတော်တော်များများ ရှိသည်။ အထူးသဖြင့် ဒီလိုဖြစ်ရတာ နိုင်ငံကဆင်းရဲလွန်းခြင်း၊ နိုင်ငံသူ၊နိုင်ငံသားတွေ နိုင်ငံရေးဘက်မှာ အသိပညာနည်းပါးခြင်း၊ တပ်မတော်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း၊ ရွေးကောက်ခံပါတီက အာဏာရှင်စနစ်ကို အသုံးပြုခြင်း တို့သည် အဓိကအားဖြင့် ဖြစ်သည်။ အာဖရိကတိုက်သည် အများဆုံး ဒီမိုကရေစီဖြစ်ပြီးမှ အာဏာရှင်လက်အောက် ပြန်အရောက်ဆုံး(Democracy Backsliding) တိုက်ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံမှာ  ၃ ကြိမ်မြောက် တပ်မတော်အာဏာသိမ်းမူသည် အပေါ်က အားနည်းချက်တွေ ကြောင့် ဖြစ်သည် ဟု သုံးသပ်မိပါသည်။ အထူးသဖြင့် စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဣကြောင့် ဖြစ်သည်ဟု သုံးသပ်မိသလို
NLD ရဲ့ ၂၀၁၅-၂၀၂၀ လုပ်ရပ်တစ်ချို့သည်လည်း ရာခိုင်နှုန်းအားဖြင့် ပါသည်လို့ သုံးသပ်မိပါသည်။ NLD အစိုးရက ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးပါတီက အနိုင်ရသော်လည်း ဝန်ကြီးချုပ်မပေးခြင်းသည် ရခိုင်ပြည်သူ ပြည်သားများအတွက် စိတ်ထိခိုက်စရာ လုပ်ရပ်ဖြစ်သလို ဒီမိုက‌ရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ လုပ်ရပ်ဖြစ်ပါသည်။ ဒီလိုနိုင်ငံ‌ရေးပြသနာ ကြုံလာတဲ့အခါ အထူးသဖြင့် လူမျိုးအများကြီးနဲ့ ဖွဲ့စည်းတည်ဆောက်ထားသော နိုင်ငံတွေမှာဆိုရင် ဒီမိုကရေစီရဖို့ထက် ကိုယ့်လူမျိုးအတွက် ဦးစားပေးစဥ်းစားမူတွေ ဖြစ်ပေါ်လျက် ရှိသည်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးအကြား ယုံကြည်မူမရှိရင် အာဏာရှင် ပြန်ကူးဖို့ ရာခိုင်နှုန်းများသည်။ ဒီလိုအခြေအနေကို ယခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေသည်။ ဒီပြသနာကို ဖြေရှင်းဖို့ ပြည်သူတွေ ဘာတွေ လုပ်သင့်သလဲဆိုတဲ့ အပိုင်းကို အနည်းငယ် တင်ပြချင်ပါတယ်။

Committee Representing Pyidaungsu Hluttaw (CRPH) သည် ပြည်တွင်းမှာ ဖေဖော်ဝါရီ ၅ရက်မှာ ဖွဲ့စည်းသလို နိုင်ငံတကာဆက်ဆံရေးရုံးကို ဖေဖော်ဝါရီ ၂၂မှာ တိုးချဲ့ဖွင့်လင့်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်နိုင်ငံ မေရီလန်မြို့မှာ ဖွင့်ထားပါသည်။ CRPH ရဲ့ ဖေဖော်ဝါရီလ (၁၃)ရက်ပါ  ပြည်ပနိုင်ငံအသီးသီးရှီ မြန်မာသံအဖွဲ့များ သံတမန်အကြီးအမှုးများနှင့် သံတဝန်ထမ်းများထံံ အသိပေးအကြောင်းကြားချက် နံပါတ် ၁ မှာ အာဏာသိမ်းမူသည် ဖွဲ့စည်းပုံနှင့် ဆန့်ကျင်လျက်ရှိသည်ဟု သုံးထားသည်။ နံပါတ် (၂)မှာ နိုင်ငံတော် သမတသည် ဦးဝင်မြင့်သာ ဖြစ်ကြောင်းလည်း ကြေညာထားတယ်။  နံပါတ် (၃)မှာ အာဏာသိမ်းခြင်းသည် ၂၀၀၈ ဖွဲ့စည်ပုံနဲ့ ဆန့်ကျင်သည် ဟု ဆိုထားသည်။ ဒီသုံးချက်ကို ကြည့်မယ်ဆိုရင် တရားမဝင်ဖြစ်ခြင်းကို ၂၀၀၈ဖွဲ့စည်းပုံဖြင့် တိုင်းထားတာတွေကို တွေ့နိုင်ပါသည်။ ဒုတိယချက်ကတော့ နိုင်ငံတကာဆက်ဆံရေးရုံးက ဖွဲ့စည်းခြင်းနဲ့ ပက်သက်ပြီး ဖေဖော်ဝါရီလ (၂၂)ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ ကမာကုလသမက နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရန်အတွက် နိုင်ငံတကာဆက်ဆံရေးရုံ ဖွဲ့စည်းထားခြင်း ဖြစ်ကြောက် ကြေညာခဲ့ပါသည်။ ထို့ကြောင့် NRPH စစ်တပ်၏ အာဏာသိမ်းမူကို ပြည်တွင်းနိုင်ငံရေးတင်မကဘဲ နိုင်ငံတကာ နိုင်ငံရေးအဆင့်နဲ့ပါ တိုက်ထုတ်ဖို့ ပြင်ဆင်ထားလို ယူဆလို ရပါသည်။ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ် ဦးထင်လင်းအောင်သည် နိုင်ငံအကျဥ်းသားဟောင်း တစ်ဦးဖြစ်သလို ကုလသမကဆိုင်ရာအထူးသံတမန် ‌ဒေါက်တာဆာဆာသည်လည်း ချင်းပြည်နယ်မှာ  NLD ပါတီရဲ့  ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။ ဒါတွေကို ကြည့်ခြင်းအားဖြင့်  NRPH သည် NLDနဲ့ ဆက်စပ်မူ ရာခိုင်နှုန်း များပြားကြောင်း တွေ့မြင်ရပါသည်။ ယခုအချိန်ထိ NRPH လျုပ်ရှားမူသည် သ‌ဘောထုတ်ပြန်ချက် အဆင့် များတဲ့အတွက်ကြောင့် လာမယ့်အချိန်မှာ ဘာတွေဦးတည်ပြီး လုပ်သလဲဆိုတာ အထင်းအလင်း မြင်လို့ ရမှာဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်မှာလားဆိုတဲ့ မေးခွန်းက နိုင်ငံသားတွေ စောင့်ကြည်နေတဲ့ အရာဖြစ်မယ်လို သုံးသပ်မိပါသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများ တွေဆုံညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၂၆)ရက်မှာ ကျင်းပဖို့” ဖိတ်ခေါ်ပါသည်။ ဒီအစည်းအဝေးသည် စစ်ကောင်စီရဲ့ နိုင်ငံ‌ရေး လှည့်ကွက်ဖြစ်နိုင်သလို၊ နိုင်ငံအတွင်း အာဏာသိမ်းမူ ဆန့်ကျင်မူ့ကို အားလျော့စေချင်းလို နည်းဗျူဟာအရ လုပ်ဖို့ ပြင်ဆင်တာလည်း ဖြစ်နိုင်ပါသည်။ ဒီအစည်းအဝေးနဲ့ ပက်သက်၍ တစ်ချို့ နိုင်ငံရေးပါတီတွေက ပြက်ပြက်သားသား ငြင်းဆိုတာမျိုး ရှိသလို တစ်ချို့ပါတီတွေဆိုရင် ဘာအသံမှ မထွက်ကြသေးဘူး။ ဒီနေရာမှာ ပြည်သူတွေ လုပ်နိုင်တာက ပါတီကို ပါစေချင်ရင် ထောက်ခံတာမျိုးလုပ်သင့်သလို၊ မပါစေချင်ရင် မပါဝင်ဖို့ ဖိအားပေးလုပ်ဆောင်သင့်ပါသည်။ ဖေဖော်ဝါရီ ၂၆နေ့မှာ ဘာအဖြေထွက်မှာလဲ မသိရသေးပေမယ့် ခန့်မှန်းခြေအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မသာမာမူရှိကြောင်း သက်သေပြခြင်းနှင့်၊ ရွေးကောက်ပွဲလုပ်ဖို့ အစီအစဥ်တွေ ဆွေးနွေးမယ်လို့ သုံးသပ်မိပါသည်။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီက ပြောဆိုချက်သည် သူတို့ဘက်မှာ ရှိနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ပါတီတွေအနေနဲ့ စဥ်းစဥ်းစားစား လုပ်သင့်တယ်လို့ ထင်မပါသည်။
Share:

0 comments:

Post a Comment

Search