ဖေဖော်ဝါရီ ၁၊ ၂၀၂၁ မနက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ စစ်အာဏာသိမ်းမူနဲ့ ပက်သက်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံက စစ်အာဏာသိမ်းမူနဲ့ ပက်သက်ပြီ ရပ်တည်ချက်တွေကို ထုတ်ဖော် ပြောဆိုကြပါတယ်။ စစ်တပ်က ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲ မသာမာမူတွေ ရှိတယ်ဆိုပြီး အရေးပေါ်အခြေအနေ ကြေညာတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းတာ ဖြစ်တဲ့အကြောင်း သူတို့ရဲ့ နောက်ပိုင်းလှုပ်ရှားမူမှာ တွေ့ရပါတယ်။ ဒီ စစ်တပ်က အာဏာသိမ်းမူနဲ့ ပက်သက်ပြီ နိုင်ငံတကာက ဘယ်လို သဘောထား တုန်ပြန့်ထား သလဲဆိုတာကို ဒီစာမှာ ဖော်ပြထားပါတယ်။
![]() |
နေပြည်တွင် လမ်းမကြီး ပိတ်ဆို့မူ |
အမေရိကန် သမတက
မြန်မာနိုင်ငံက စစ်တပ်က အာဏာသိမ်းမူနဲ့ ပက်သက်ပြီ ပြောကြားထားကတော့ “ရယူထားတဲ့
အာဏာကို မြန်မာ စစ်တပ် စွန့်လွတ်သင့်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားခံထားရသူ၊
တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေ အားလုံးကို ပြန်လွှတ်ပေးရပါမယ့်။ တယ်လီ
ကွန်မြူနီကေးရှင်းvဆက်သွယ်ရေးလုပ်ငန်းမှာ ကန့်သတ်ချက်တွေ ချထားတာကို ရုပ်သိမ်းပေးရမယ်။ အင်အား
အသုံးပြုမူကို ချုပ်တည်း ရှောင်ကြဥ်ပါမယ်။ အာဏာသိမ်းတဲ့အတွက်ကြောင့်
တာဝန်ရှိသူတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ
လုပ်ဆောင်သွားပါမယ်။ ဒီမိုကရေစီအတွက် ရပ်တည်ပြီ၊ ကမာတစ်ဝှမ်းက မိတ်ဆွေ
မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲ အလုပ်လုပ်သွားမယ်လို့ သူက ပြောပါတယ် (VOA)။
ဖေဖော်ဝါရီ
၄ရက်နေ့မှာ ကျင်းပတဲ့ United Nation Security Council အစည်းအဝေးမှာ
ဒေါ် အောင်ဆန်းစုကြည် ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးဖို့ UNSC အဖွဲ့ဝင်တွေက
တညီတညွတ်
တောင်းဆိုလိုက်ပါတယ်။ UN အတွင်းရေးမူး Antonio
Guterres ကလည်း
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမူ ကျဆုံးစေရမယ်လို အပြင်းအထန်
ဝေဖန်ပြောကြားထားပါတယ် (VOA)။ ဒါ့အပြင် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ASEAN Presidentက အာဆီယာအဖွဲ့အနေနဲ့
ဒီမိုကရေစီ၊ ဥပဒေ စိုးမိုးရေး၊ ကောင်းမွန်တဲ့ အစိုးရ၊ လူ့အခွင့်အရေးနဲ့ အခြေခံ
လွတ်လပ်ခွင့်ကို ကာကွယ်ရေး စောင့်ရှောက်ရေးဆိုင်ရာ မူတွေကို လေးစားလိုက်နာကြောင်း
ကြေညာချက် ထုတ်ပြန်ထားတာပါတယ်။ ဒီထုတ်ဖော်ပြတာကို UNSC ကလည်း ထပ်လောင်း
ထောက်ခံ လိုက်ပါတယ်(VOA)။ IMFကတော့
မြန်မာစစ်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရေး မဆုံးဖြတ်ရသေးဘူးလို ဆိုထားပါတယ်။
ဒီအချက်အလက်ကြောင့်
နိုင်ငံတာကာက မြန်မာနိုင်ငံက စစ်အာဏာသိမ်းမူပေါ် ပြစ်တင် ရှုတ်ချ တောင်းဆိုမူတွေ လုပ်ပေမယ့် ဘယ်လို တုန်ပြန်ရမလဲ ဆိုတာ
သေသေချာချာ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ဆိုရမှာပါ။ စီပွားရေးပိတ်ဆို့ လုပ်ဖို့
အလားလား ရှိတာကိုလည်း အမေရိကန် သမမတာ ဘိုင်ဒန် မိန့်ခွန်းမှာ တွေ့နိုင်ပါတယ်။
အမေရိကန်နိုင်ငံဟာ အမေရိကန် မဟာမိတ်နိုင်ငံတွေနဲ စစ်အာဏာရှင်အပေါ် တုန်ပြန့်မူ
တညီတညတ် လုပ်ဖို့ ရှိတယ်လို ဆိုထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အမေရိကန်က
တိကျတဲ့ ဆုံးဖြတ်ချက် မရှိသေးဘူးလို့ ယူဆလို့ ရမယ်ထင်ပါတယ်။ UN အတွင်းရေးမှူးကတော့ အာဏာ သိမ်းမူကို ပြင်းပြင်းထန်းထန်း ပြစ်တင်ထားပေ့မယ့် UNSC သဘောထား ထုတ်ပြန်ချက်ကတော့ အားနည်းချက် ရှိတယ်လို့ ယူဆရမှာပါ။ တောင်းဆိုမူအဆင့်သာ
ရှိတာကြောင့် ဒီမိုကရေလိုလားတဲ့ မြန်မာနိုင်ငံသားအတွက်တော့ စိတ်ပျက်စရာ
ဖြစ်တယ်လို့ သုံးသပ်မူတွေ ရှိလပါတယ်။
___
The Chan
0 comments:
Post a Comment