Empower, Engage and Inspire

Friday, January 15, 2021

ဒီမိုကရေစီ အခြေခံစံနှုန်းများနှင့် ဒီမိုကရေစီစနစ် မရှင်သန် (ပြိုလဲ)နိုင်တဲ့ အဓိကအကြောင်းအရင်များ

ဒီမိုကရေစီဆိုတဲ့ ဝေါဟာရက ဂရိစကားလုံးတွေဖြစ်တဲ့ (Demos – Kratos) စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Demos ဆိုတာ ပြည်သူလူထု ဖြစ်ပြီ၊ Kratosကတော့ အုပ်ချုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းစပ်လိုက်ရင် ဒီမိုကရေဆိုတာက ပြည်လူထုရဲ့ အုပ်ချုပ်ခြင်းဆိုတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ တိုက်ရိုက်ဒီမိုကရေစီနှင် ကိုယ်စားပြုဒီမိုကရေစီ ဆိုပြိး နှစ်ခု ရှိပါတယ်၊ နိုင်ငံတော်တော်များကတော့ ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက် ရှိကြပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်ဟာလည်း ကိုယ်စားပြုဒီမိုကရေစီစနစ် ဖြစ်ပါတယ်။

 အောက်မှာ ဒီမိုကရေစီရဲ့ အခြေခံစံနှုန်းကို တင်ပြပါတယ်။

  • အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်း လူမျိုးဘာသာ မရွေး၊ ကျား/မ မဲပေးပိုင်ခွင့်ရှိခြင်း။
  • နိုင်ငံသားတိုင်း ရွေးကောက်ပွဲမှာ ပါဝင်ပြီး ရွေးချယ်ပိုင်ခံခွင့် ရှိခြင်း။
  • နိုင်ငံရေးပါတီနဲ့ လူမူရေးအသင်းအဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်ခြင်း။
  • သတင်းမီဒီယာကို အသုံးပြုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ သတင်းဖြန့်ခွင့်၊ သတင်းရယူခွင့် ရှိခြင်း။
  • အစိုးရ၊ ကိုယ်စားလှယ်၊ သမတ၊ ဝန်ကြီးမှားကို ဝေဖန်ထောက်ပြပိုင်ခွင့် ရှိခြင်း။
  • လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ရှိခြင်း။
  • လွတ်လပ်တရားမျှတသော ‌ရွေးကောက်ပွဲတွေကို ပုံမှန် ကျင်းပခြင်း။
  • အစိုးရဟာ ရွေးချယ်တင်မြှောက်ခံရသူ ဖြစ်ခြင်း။
  • တရားဥပဒေရှေ့မှာ နိုင်ငသားတိုင်း တန်းတူဖြစ်ခြင်း။
  • နိုင်ငံအာဏာဟာ ပြည်သူတွေဆီကနေ ဆင်းသက်တာ ဖြစ်တာကြောင်း ရွေးချယ်မခံသော နိုင်ငံရေးသမား၊ ခေါင်းဆောင်က အထူးအာဏာကို ကိုင်စွဲပြီ ဝင်ရောက်စွဲဖက်ခြင်း မရှိခြင်း။
  • နိုင်ငံသား အခွင့်အရေးကို ဥပဒေအရ အာမခံချက် ပေးထားခြင်း။  


ဒီမိုကရေစီစနစ် မရှင်သန် (ပြိုလဲ)နိုင်တဲ့ အဓိကအကြောင်းအရင်များ

နိုင်ငံစနစ်သစ်တစ်ခုဟာ နိုင်ငံတစ်နိုင်ငံမှာ အလွယ်တကူ မပေါက်ဖွားနိုင်သလို ရှင်လည်း မရှင်သန်နိုင်ဘူး။ ဒီမိုကရေစနစ်လည်း အဲ့ဒီလိုအတိုင်းပါပဲ။ ဒီမှာ ဖော်ပြချင်တာက ဘာကြောင့် ဒီမိုကရေစီစနစ် မဖြစ်တာလဲနှင့် ဒီမိုကရေ မရှင်သန်နိုင်ခြင်းအကြောင်းတွေ ဖြစ်ပါတယ်။ ဒါတွေကတော့.....

  • ခေါင်းဆောင်ကောင်း ရွေးချယ်နိုင်ဖို့ လုံလောက်တဲ့ အသိဥာဏ်၊ ပညာပြည်သူတွေမှာ မရှိခြင်း။
  • နိုင်ငံသားရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်ကို စိတ်မဝင်စားခြင်း။
  • နိုင်ငံရေးကို အလေးမထားခြင်း။
  • ရွေးကောက်ပွဲတွေမှာ နိုင်ငံသားပါဝင်မူ နည်းပါးခြင်း။
  • ဒီမိုကရေ ဖြစ်တည်မူနှင့် တန်ဖိုးကို ယုံယုံကြည်ကြည် အကောင်အထည်ဖော်ပေးမယ် ခေါင်းဆောင် မရှိခြင်း။
  • စစ်တပ်က နိုင်ငံရေးမှာ အလွန်အမင်း ဝင်ရောက်ပက်သက်ခြင်း။
  • လူမျိုးစွဲ၊ဘာသာစွဲ၊ ဒေသစွဲ စိတ်ဓာတ် ကြီးမားလွန်းခြင်း။
  • ခေါင်းဆောင်ပိုင်းမှာ အာဏာအလွဲသုံးစားလုပ်ပြီး မတရာဖိနှိပ်ထားခြင်း။
  • ရွေးကောက်ခံများကို တာဝန်ကျေပွလာအောင်နဲ့ တာဝန်ကျေအောင် ဖိအားမပေးနိုင်၊ မလုပ်နိုင်ခြင်း။

KEM (Burma). 2014. Voter Education


Share:

0 comments:

Post a Comment

Search