1. နိဒါန်း
နိုင်ငံရေးမှာ လူငယ်ပါဝင်မူအပိုင်းကို
လေ့လာတောမယ်ဆိုရင် ပထမဆုံး သိထားသင့်တဲ့အချက်က လူငယ်ဆိုသော အရွယ်ရဲ့ စံနှုန်းသတ်မှတ်ချက်
ဖြစ်ပါသည်။ လူတစ်ယောက်ရဲ့ လူငယ်ဆိုတဲ့အသက်အရွယ်ဟာ ဘယ်အရွယ်ကို ဆိုလိုတာလဲစသည့်သဖြင့်ပေါ့လေ။
WHO သတ်မှတ်ချက်အရ ၁၄နှစ်ကနေ ၂၄နှစ်အရွယ်ဟာ လူငယ်အရွယ်ဖြစ်တယ်။ သို့သော်လည်းဘဲ
ဒီသတ်မှတ်ချက်ပက်သက်ပြီး အငြင်းအခုံ ရှိတယ်။
တချို့နိုင်ငံမှာဆိုရင် အသက် ၃၂နှစ်၊ ၃၃နှစ် ထိတိုင်အောင် သတ်မှတ်ကြပါတယ်။ ဆိုလိုတာကတော့ လူငယ်ဆိုတဲ့အသက်အရွယ် သတ်မှတ်မူ စံနှုန်းဟာ ကမ္ဘာ့
လူသားတွေအားလုံးက ဘုံသဘောတူထားခြင်းမရှိဘူး။ ဒီဆောင်ပါးမှာ လူငယ်ကို အသက် ၁၄နှစ်မှ
အသက် ၃၅ထိ သတ်မှတ်ပါတယ်။ ဒါဟာ ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ တရားသတ်မှတ်ချက်ချက်ဖြစ်သလို၊
တောင်ကိုရီးယားနိုင်ငံရေးနှင့် လူငယ်ပါဝင်မူအပိုင်း လေ့လာတဲ့မှာလည်း သတ်မှတ်လေ့ရှိတဲ့
အသက်အရွယ်ဖြစ်ပါတယ်။
တောင်ကိုရီးယားသမိုင်းကို အပိုင်းသုံးပိုင်း
ခွဲပြီ လေ့လာမယ်ဆိုရင် ၁၉၁၀ မတိုင်ခင် ကို ရှင်ဘုရင်ခေတ်လို့ခေါ်ဆိုပြီ တောင်ကိုရီးယားနဲ့
မြောက်ကီုရီယားကို တစ်နိုင်ငံ “ချုစောလ် (Joseon) နိုင်ငံ” အဖြစ် တည်ရှိခဲ့သောအချိန်ဖြစ်ပါတယ်။ ဒုတိယအပိုင်းကတော့ ဂျပန်ကိုလိုနီခေတ် (၁၉၁၀-၁၉၄၅) ဖြစ်ပြီ၊ တတိယအပိုင်းကတော့
တောင်နဲ မြောက် ကွဲသွားတဲ့နောက်ပိုင်း (၁၉၄၅-လက်ရှိ) ကာလ ဖြစ်ပါသည်။ ဒါကြောင့်မို့လို့
တောင်ကိုရီယား နိုင်ငံရေးနှင့် လူငယ်အပိုင်းကို လေ့လာတင်ပြတဲ့အခါမှာ ၁၉၁၀ ကနေ ယခုလက်ရှိလက်ရှိအချိန်ထိ
ဖြစ်ပွားတဲ့ ဒေတာတွေကို အသုံးပြုပါတယ်။ စားရေးသူအနေနဲ့ ဒီဆောင်းပါးကို အပိုင်းသုံးပိုင်း
ခွဲပြီ ရေးပါ့မယ်။ ပထမဆုံးအပိုင်းကတော့ နိဒါန်းဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ တောင်းကိုရီးယားနိုင်ငံရဲ့
ဒီမိုကရေစီ တည်ဆောက်ရေးနှင့် လူငယ်အခန်းကဣ ဖြစ်ပါတယ်။ တတိယအချက်နဲ့ နောက်ဆုံးအချက်ကတော့
ယခုလက်ရှိနိုင်ငံရေးနှင့် လူငယ်အခန်းကဣဖြစ်ပါသည်။ အချက်အလက်များကို အင်တာနက်မှ စိတ်ချရတဲ့
သတင်းဌာနများ၊ သုတေသနစာတမ်းများ၊ တောင်ကိုရီးယားသမိုင်း စာအုပ်များကို ဖတ်ရှုပြီ ကောက်နုတ်တင်ပြထားပါသည်။
ဒီဆောင်ပါးရဲ့ ရည်မှန်းချက်ကတော့ လူငယ်တွေ့ကြောင့် တောင်ကိုရီးယားနိုင်ငံရေး ဘယ်လောက်အထိ
ပြောင်းလဲခဲ့သလဲ ဆိုတာနဲ့ ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံရေးနှင့် လူငယ်ပါဝင်ရေးကို
ရှင်းပြခြင်း ဖြစ်ပါတယ်။
![]() |
April Movement (Apr 19, 1960 – Apr 26, 1960) |
___
2. တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစိ
တည်ဆောက်ရေးနှင့် လူငယ်အခန်းကဣ
ဂျပန်တွေ သိမ်းပိုက်ပြီး ၉နှစ်အကြာ
၁၉၁၉ခုနှစ်မှာ တရုတ်နိုင်ငံ ရှုန်းဟိုင်းမြို့မှာ “Korean Provisional Government” ကို နိုင်ငံခြားရောက် ကိုရီးယားနိုင်ငံသူ၊ နိုင်ငံသားတွေက တည်တောင်လာပြီး
လီဆုန်မန်ကို ခေါင်းဆောင်အဖြစ် ရွေးခဲ့ကြတယ်။ နယ်မြေမရှိသော်ဌားလည်းဘဲ ဂျပန်ကို ပြန်လည်အနိုင်ယူဖို့
နိုင်ငံခြားကနေ အားထုတ် ကြိုပမ်းခဲ့ကြပါတယ်။
ဒီ KPG အဖွဲ့ဝင်ကို လေ့လာမယ်ဆိုရင် လူငယ်အများအပြား ပါဝင်တာကို တွေ့ရပါတယ်။
ဥပမာ။ ။ မျိူးချစ်လူငယ် ယူပေါင်ကီက ဂျပန်အင်ပါယာ ဟီးရိုဟီတိုမွေးနေ့မှာ ဗုံးကို ရေဘူးအသွင်လုပ်ထားပြီ ထမင်းဝိုင်းထဲကိုထည့်လို့ ဂျပန်စစ်သားအမြောက်အများ သေဆုံးတဲ့ဖြစ်ရပ်ကို ၁၉၃၂ ဧပြီလ ၂၉ရက်နေ့မှာ ဖြစ်ခဲ့ဖူးတယ်။ ၁ ဒါ့အပြင် ၁၉၆၀
ခုနှစ် ဧပြီလမှာ တောင်ကိုရီးယား အထက်တန်းကျောင်းသူ၊ကျောင်သား၊ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေ၊
တောင်ကိုရီးယားလူငယ်တော်တော်များက သမ္မတကို ရာထူးကနေ ဆင်းပေးဖို့ ဆန္ဒပြခဲ့ကြတယ်။ ဒီဆန္ဒပြပွဲကို
"April Revolution" လို နောက်ပိုင်းမှာ လူသိများလာတဲ့ သမိုင်းဝင် တော်လှန်ရေးလှုပ်ရှားမူအဖြစ်
ယနေ့ထိတိုင်အောင် ရှိနေပါတယ်။ လူငယ် ၁၁၆ဦး အသက် ဆုံးရှုံးခဲ့ကြတယ်၂။ ဒါတင်မကဘဲ ၁၉၇၉ခုနှစ် ဒီဇင်ဘာလ ၁၂ရက်မှာဖြစ်ပွားတဲ့
ဒုတိယအချိန်အာဏာသိမ်းမူကြောင့် ၁၉၈၀ ဂွတ်ဂြူးမြု့
ဆန္ဒပြပွဲ (Gwangju
Uprising) မှာ လူငယ် ၂,၀၀၀ယောက် အထက် အသက် ဆုံးရှုံးခဲ့ကြပါသေးတယ်။
၁၉၈၇နှစ် အာဏာရှင် ဆန်ကျင့်ဖြုတ်ချရေး ဆနပြပွဲမှာလည်း လူငယ်တော်တော်များ လှုပ်ရှားပါဝင်လာတာကို
တွေ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားတဲ့ နိုင်ငံရေးဆန္ဒပြပွဲ သုံးကြိမ်စလုံးမှာ
လူငယ်၊ ကျောင်းသူ/ကျောင်သားတွေရဲ့ အသက်၊ အိုးအိမ်တွေ နိုင်ငံတော် အေးချမ်းဖို့ အတွက်
ပေးဆပ်ခဲ့ကြတယ်။ သူတို့တွေရဲ့ အဓိက ဦးဆောင်မူကြောင့် တောင်ကိုရီးယားနိုင်ငံဟာ ၁၉၈၇ကနေ
ဒိမိုကရေစီနိုင်ငံဖြစ်လာခဲ့ ပါတယ်၃။ တစ်ချို့တွေရဲ့
အဆိုအရဆိုရင် “Student
Movement” က ၁၉၁၉ကနေ စပြီ ယနေ့ထိတိုင်အောင်
နိုင်ငံရေးအခန်းကဣမှာ ပါဝင်နေသေးတယ်လို့ ဆိုကြပါတယ်။
![]() |
Gwangju Uprising (May 18, 1980 – May 27, 1980)
_____
3. ၁၉၈၇ ခုနှစ်ကနေ လက်ရှိ အခြေအနေ
ဒိမိုကရေစီအသွင်ပြောင်းလဲခြင်း
တတိယလိုင်းကြောင့် တောင်ကိုရီယားနိုင်ငံဟာ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံဖြစ်တာ
အခုဆိုရင် အနှစ် ၃၃နှစ် ရှိပါပြီ။ ဒီမိုကရေစီစနစ်ကျင့်သုံးလာခဲသော အနှစ် ၃၃နှစ် အတွင်း
နိုင်ငံရေးနယ်ပယ်ထဲက လူငယ်တွေရဲ့ လှုပ်ရှားမူကို ဒီအပိုင်းမှာ ဖော်ပြပါမယ့်။ ၂၀၀၈မှာ
အမေရိကနိုင်ငံမှာ ဖြစ်ပေါ်တဲ့ "Mad Cow Disease" ကြောင့် အမေရိကန်ကနေ တောင်ကိုရီယားကို
အမဲသား ပို့ကုန်ပိတ်ပင်ဖို့ တောင်းဆိုမူကြီး ဖြစ်ပေါ်ခဲ့တယ်။ ဒီတောင်းဆိုမူကို နောက်ပိုင်းတွေ
ဖယောင်တိုင်တွန်းပြီး ညလုံးပေါက်အထိတိုင်အောင် ဆန္ဒဖော်ထုတ်လာခဲ့ကြတယ်။ ဒီလှုပ်ရှားမူမှာ
လူငယ်အမျိုးသမီးတွေရဲ့ ပါဝင်မူနှုန်းဟာ ၆၅ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမူကြီးကို
ကြည့်မယ်ဆိုရင် အမျိုးသမီးလူငယ်များနှင့် အမျိုးသားလူငယ်များက အများအားဖြင့် နိုင်ငံတော်ကြီး
ကျန်းမာဖို့ လုပ်ရှားတာ ဖြစ်ပါတယ်။ အစိုးရက ထောင်ပေါင်းမျာစွာသော လှုပ်ရှားသူတွေကို
အကျဥ်းထောင် ပို့ပစ်ခဲ့တယ်။ ကျောင်းလခနဲ့ ပက်သက်ပြီးလှုပ်ရှားမူလည်း ၂၀၁၁မှာ ပြင်းထန်းစွာ
ဖြစ်ပေါ်ခဲ့ဖူးသေးတယ်။ အစိုးရက ဂတိပေးတဲ့တိုင်း ကျောင်းလခ ပေးမလျော့လို့ ဖြစ်တဲ့ လှုပ်ရှားမူကြီး
ဖြစ်ခဲ့ပါတယ်။ မြောက်များစွာသော ကျောင်းသူ ကျောင်းသာတွေက အစိုးရကို သူတို့ရဲ့ ပညာရေးသင်ကြားရေးအတွက် အကူအညီတောင်းဆိုမူကြီးလို့လဲ နောက်ပိုင်းမှာ လူတွေအသိများလာတဲ့
လှုပ်ရှားမူကြီး ဖြစ်ပါတယ်။ လှုပ်ရှားမူကြီးရဲ့
ရလဒ်ကြောင့် အစိုးရက ဆင်းရဲခက်ခဲတဲ့ ကျောင်းသူ/သားတွေအတွက် အစိုးရစကော့လားစ်စ်
ပရိုကရက်တွေ လုပ်ပေးခဲ့တယ်။ ဒီလှုပ်ရှားကို ကြည့်မယ်ဆိုရင် လူငယ်တွေက သူတွေတွေရဲ့ ရည်မှန်းချက်ရဖို့ အတွက် တောင်းဆိုတာလည်း ဖြစ်သလို၊
နိူင်ငံတော်အတွက် လုပ်ဆောင်ပေးခဲ့တဲ့ လှုပ်ရှားမူကြီးလည်း ဖြစ်ပါတယ်။
_____
4. Park Quen Hye ဖြုတ်ချမူနဲ့ လူငယ်ပါဝင်မူ
၂၀၁၄ ဧပြီလမှာ စီဝိုလ် သင်္ဘော နှစ်မြှုပ်မူကြောင့် တောင်ကိုရီးယားနိုင်ငံသူ၊
နိုင်ငံသားတွေဟာ သမ္မတအပေါ် စိတ်ဆိုးဒေါ်သထွက်ခဲ့ကြပါတယ်။
ဂျေကြိူကျွန်းကို လေ့လာရေးခရီးသွားတဲ့ အထက်တန်းကျောင်းသူ/သား ၃၂၃အပါဝင် စုစုပေါင်းခရီသည်
၄၄၃ စီးတဲ့ သဘောကြီးဟာ အက်စင်ဒက့်ကြောင့် ဖြစ်ခဲ့တယ်။ အစိုးရလှုပ်ရှားမူက နောက်ကျတဲ့အတွက်ကြောင့်
မြောက်မြားစွာသော အထက်တန်း ကျောင်းသူ၊ ကျောင်သားတွေ အသက်တွေ ဆုံးရှုံးခဲ့တယ်။ ဒီ အက်ဆင့်ဒက့်ကြောင့်
သမ္မတကို အပြစ်တင်လာကြတယ်။ နောက်တစ်ခုက သမ္မတမှာ လာတ်ပေးလတ်ယူမူ၊ အာဏာအလွဲသုံးစားမူ
တွေပေါ်လာလို့ ၂.၃မီလီယံသော လူထုက ရာထူးကနေ
ဖြုတ်ချပေးဖို့နှင့် တရားစွဲပေးဖို့ တောင်းဆိုမူကြီး ဖြစ်ပေါ်လာခဲ့တယ်။ နောက်ဆုံးမှာ
သမ္မတကို လွှတ်တော်ကနေ ဖြုတ်ချရုံတင်မကပဲ ၂၇နှစ်ထိ ထောင်ဒဏ် ချခံခဲ့ရတယ်။ ဒီလှုပ်ရှားမူမှာ
၂၀နှစ်အတွင်း လူငယ်အများအဆုံး ပါဝင်တဲ့ လှုပ်ရှားမူ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမူကြီးကို
တစ်နည်းနဲပြောရရင် ဒီမိုကရေစီ ပါဝါလို ဆိုလို့ရပါတယ်။ လူထုသည်သာ နိုင်ငံတော်အတွက် ပါဝါရှိသူဖြစ်တယ်ဆိုသော
သဘောထားကို ပြတဲ့လှုပ်ရှားမူကြီး ဖြစ်ခဲ့ပါတယ်။ အတိုချုပ်ပြောရရင် လူငယ်တွေကြောင့်
လတ်ပေးလတ်ယူလုပ်တဲ့ခေါင်းဆောင်၊ အာဏာအလွဲ သုံးစားမူလုပ်တဲ့ ခေါင်းဆောင်ကို လူငယ်တွေ
ပါဝင်မူဖြင့် တိုက်ထုတ်ခဲ့တဲ့ လှုပ်ရှားမူကြီး
ဖြစ်ပါတယ်။ ၄
Candlelight Revolution- 촛불혁명 (2016-2017)
5. နိဂုံး
အာရှတိုက်နိုင်ငံများရဲ့ ဒီမိုကရေပြောင်းလဲမူများဟာ
လူငယ်တွေနဲ့ အဆက်အသွယ် ရှိပါတယ်။ တောင်ကိုရီးယားတင်မဟုတ်ဘူး။ မြန်မာနိုင်ငံမှာလည်း
ဖြစ်တယ်၊ ထိုင်ဝမ်မှာလည်း ဖြစ်တယ်။ တရုတ်နိုင်ငံမှာလည်း ဖြစ်တယ်။ ဆိုလိုချင်တာက အာရှတိုက်ကြီးမှာ
လူငယ်တော်တော်များများရဲ့ ပေးဆပ်မူများကြောင့် ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေ အများကြီး
ပေါ်ပေါက်လာခဲ့တယ်။ တောင်ကိုရီးယားနိုင်ငံရေးရဲ့ လူငယ်ပါဝင်မူကို အပေါ်က ဖော်ပြသလို
အသေးစိတ် လေ့လာတဲ့အခါမှာ အချက်နှစ်ချက်တွေ့နိုင်ပါတယ်။ ပထမတစ်ချက်ကတော့ အသက်စွန့် ပေးဆပ်မူ
ဖြစ်ပါတယ်။ ပေးဆပ်ခြင်းရှိရင် ရယူခြင်းရှိတယ်ဆိုတဲ့ အယူအဆကို ဆုပ်ကိုင်ထားပြီး အစိုးရ
ဆန်ကျင့် ဆနပြပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီကြီးကိုလည်း အောင်မြင်စွာ
ရယူနိုင်ခဲ့တယ်။ ဒီလိုအောင်မြင်မူရခြင်းဟာ လူငယ်တွေ့ရဲ့ အသက်ပေး စွန့်စားမူများကြောင့်
ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ နိုင်ငံတော်ကြီးရဲ့ ရှေ့ရေးအတွက် ဦးစားပေး လှုပ်ရှားမူမှာ
လူငယ်ပါဝင်မူ့ဖြစ်ပါတယ်။ ကျောင်းလခများပြားမူကို ထောင်ပေါင်းများစွာ လူငယ်များ ကန့်ကွက်ခဲ့ကြတယ်။
လာတ်ပေးလာတ်ယူ၊ အာဏာ အလွဲသုံးစားလုပ်တဲ့ Park Quen Hye ကို ရာထူးကဖြုတ်ချယုံတင်မကဘဲ
ထောင်အထိတိုင်အောင် လူငယ်တွေက ပို့ပစ်ခဲ့ကြတယ်။ သူတိုနိုင်ငံအတွက် တိုက်ထုတ်ခဲ့ကြတာလည်း
ဖြစ်ပါတယ်။ ဆိုလိုတာက တောင်ကိုရီးယားနိုင်ငံရေးမှာ လူငယ်ပါဝင်မူဟာ လေးစားထိုက်လောက်တဲ့
အဆင့် ရှိပါတယ်။ သူတို့တွေကြောင့် နိုင်ငံတော်ကြီးလည်း ယခုအချိန် ကမ္ဘာ့ အတိုးတက်ဆုံးနိုင်ငံစာရင်းဝင်
ဖြစ်လာပါတယ်။
__
The Chan
_________
1. Korea JoongAng Daily. April 14, 2019. "Struggles of provisional government were many"
2. VOA.
May 27. 2020. " As South Koreans Reexamine a 1980 Massacre's, Some Ask US to Do the Same".
3. South China Morning Post. May 17, 2020. "Gwangju Massacre: Scars still raw 40 years
after dictator crushed South Korea pro- democracy uprising"၄။
4. Nan Kim. Candlelight and the Yellow
Ribbon: Catalyzing Re-Democratization in South Korea .
0 comments:
Post a Comment