နိူင်ငံရေးဟူသည်
နိုင်ငံရေးဟူသော
စကားလုံးသည် English စကား
politics ဖြစ်ပြီ၊ ယင်းဝေါဟာရသည် ဂရိစကား politikos မှ ဆင်းသက်လာသည်။ Polis ဟူသော ဂရိစကားသည်
City State ကနေ ဆင်းသက်လာတာ ဖြစ်ပါသည်။ ယင်းမြို့ နိုင်ငံများ၏ အရေးအရာကိုလည်းကောင်း၊
အခွင့်အာဏာကိုလည်းကောင်း၊ အတတ်ပညာကိုလည်းကောင်း ဂရိဘာသာစကားဖြင့် Politikos ဟုခေါ်ဆိုခြင့်ဖြစ်သည်။
လူဆိုတာ သဘာဝအရ
နိုင်ငံရေး သတဝါြဖစ်သည် (Man is by nature a Political animal)_ Aristotle. နိုင်ငံရေးကို
ပညာရပ်တစ်ခြအဖြစ် လေ့လာခဲ့သည်မှာ Scrates, Plato နှင့် Aristotle တို့ခေတ်က စတင်ခဲ့သည်။
လူအဖွဲ့အစည်း၏ နိုင်ငံရေးဖွဲ့စည်းမူကို နိုင်ငံတော်ဟုခေါ်သည်။
နိူင်ငံရေးအတွေးအခေါ်အစ
လူသားမှလွဲ၍
သက်ရှိသတဝါအားလုံးသည် ပတ်ဝန်းကျင်ပြုသမျှနုရမည့် အခြေအနေတွင် ရှိသည်။ လူသည်မှာ သဘာဝကို
သိနိုင်စွမ်းရှိပြီ သဘာဝတရားကို ပြုပြင်ရန် တိုးတက်အောင်လုပ်ရန် အသိတရားရှိလာသည်။ သဘာဝကို
သိရှိနားလည်းပြီး အသိဉာဏ်ရှိမူကြောင့် လူနှင့်် သဘာဝပတ်ဝန်းကျင် ဆက်ဆံရေး တဖြည်းဖြည်း
ပြောင်းလဲလာသည်။ လူတွေ တိုးတက်လာသည်။
ခေတ်ဟောင်းနိူင်ငံရေး
အတွေးအခေါ်
လူတွေတိုးတက်လာတာနဲ့အမျှ
အခွင့်အာဏာပေါ်ပေါက်လာပြီး ယင်းအာဏာကို ကျင့်သုံးရန် အုပ်ချုပ်သူဟူ၍ ပေါ်ပေါက်လာသည်။
အုပ်စိုးသူတို့သည် မိမိကိုယ်ကိုမိမိတို့ ဘုရားပေးသော အာဏာ (Divene Right) ဖြင့် အုပ်ချုပ်သည်ဟုဆိုသည်။
ဒါကြောင့် ပြည်သူတွေက အုပ်ချုပ်သူကို ဘုရားသဖွယ် လေးစား ယုံကြည်ကြသည်။ ဉပမာ အိဂျစ် အုပ်စိုးသူဖာရို (Pharoh) ဘုရင်များအားလုံး
ယုံကြည်ပုံသည် ဘာသာရေးနှင့် ဆက်စပ်နေသည်။ ဘေဘီလိုနီးယားတွင် ဟန်မူရာဘီ (Hammurabi)
၏ ဉပဒေများသည် ပျော့ပျောင်းသောသက်ဦးဆံပိုင် ဘုရင်စနစ်ဆန်သည်။ Inida တွင် Hindu ပညာရှင်
(Manu)က ဘုရင်သည် ဘုရားသခင်၏ တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပြီး နိုင်ငံတော်အတွက် တာဝန်ဝတရားကို
ထမ်းဆောင်နေသည် ဟုဆို၏။ အရေးကြီးဆုံးသောတာဝန်မှာ
ပြည်သူတွေတို့ကို အကာအကွယ်ပေးခြင်း၊ တရားမျှတမူရှိစေခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ဖြစ်သည်။
တရုတ်နိူင်ငံရေး
အတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ Confucius, Mencius and Lao Zi တို့ကလည်း လူတို့၏မူလဗီဇ၌
ပါလာသော မကောင်းမူဒုစရိုက်များကို ထိန်းချုပ်ရန် ဉကဒေ အမှန်ပင်လိုအပ်သည်ဟုဆိုကြသည်။
Confucius အဖို့ အုပ်ချုပ်သူ၏ အပြုအမူသည် အုပ်ချုပ်ခံတို၏ အပြုအမူထက် ပိုမိုအရေးကြီးသည်။
အုပ်ချုပ်သူကို စံပြစေလိုတဲ့အတွက် Confuciusရဲ့ အုပ်ချုပ်သူသည် လူဖြစ်ဟန်တူသည်။
Confuciusကပင် ကောင်းမွန်သော အစိုးရအဖွဲ့၏ လိုအပ်ချက်များမှာ စားနပ်ရိကခာဖူလုံမူ၊ အင်အားကောင်းသောတပ်မတော်နှင့်
ပြည်သူတို့၏ ယုံကြည်ကိုးစားမူပင်ဖြစ်သည်ဟုဆိုသည်။
__
ဆိုကရေတိစ်
(Socrates (BC469- BC 399)
ရှုပ်ထွေးလှသော
နိုင်ငံရေးဥပဒေနှင့်ဓလေ့ထုံးစံများအောက်တွင် လူ့အကျင့်သိကခနှင့် ပက်သက်သောအမှန်တရား
ရှိရမည်။ အမှန်တရားသည် ဘာသာရေးနှင့် ဓလေ့ထုံးစံများပေါ်တွင် အခြေမပြုဘဲ လူတို့၏ ဆင်ခြင်တုံတရားပေါ်တွင်သာ
အခြေခံခြင်းဖြစ်သည်။
လူသည် အရာခမ်သိမ်းကို
ဆုံးဖြတ်ရာ၌ အရေးပါသည်မှန်သော်လည်း လူ့အဖွဲ့အစည်းတစ်ခုသည် ပရမ်းပတာစည်းမဲ့ကမ်းမဲ့ ထင်ရာမစိုင်းသင့်။
လူတို့အားကောင်းမြတ်ခြင်းသည် အသိပညာဖြစ်သည်ဟူသော အချက်ကို နားလည်းအောင် သင်ကြားပေးသင့်သည်။
လူတို့ကို အသိပညာပေးခြင်းဖြင့် အမှန်တရားကိုလက်ခံလာအောင် ပြုပြင်နိူင်သည်။ လူအများကလက်ခံနိူင်သည့်
ဥပဒေတစ်ရပ်ကို ပြဌာန်းထားခြင်းဖြင့် လူအဖွဲ့အစည်းကို ထိန်းကျောင်းရမည်။
__
ပလေတို
(BC 427 – 347)
သတိ၊ ဉာဏ်ပညာနှင့်
တရားမျှတမူတို့တွင် လူသားတို့၏ လူသားတို့၏ လုပ်နိူင်စွမ်းသည် ကွဲပြားခြားနားကြသည်။
သတိ (သတ်တိ)ရှိသူများသည် နိုင်ငံတော်အား ကာကွယ်ရန်ဖြ့စ်သည်။ ဉာဏ်ပညာတတ်သည်ထက်မြက်သူများသည်
နိုင်ငံကို အုပ်ချုပ်ရန်သင့်တော်သည်။ ဒီမိုကရေစီသည် အတုအယောင်နှင့် လှည့်ဖြားခြင်းသာ
ဖြစ်သည်။ ဒီမိုကရေစီသည် အုပ်စုဖွဲခြင်းနှင့် တော်လှန်ပုန်ကန်ခြင်း၏ အကြောင်းအရင်း ဖြစ်သည်။
0 comments:
Post a Comment