Empower, Engage and Inspire

Monday, June 28, 2021

ဆလိုင်းတင်မောင်ဦး သမိုင်းအကျဥ်းချုပ်

အမည် - ဆလိုင်းတင်မောင်ဦး
လူမျိုး - ချင်း
မိဘအမည် - ဦးမြဒင်း နှင့် ဒေါ်နှင်းမြိုင်
မောင်နှမ - ၈ယောက်မှာ သူက အကြီးဆုံး
မေဂျာ၊ကျောင်း - Physics, Yangon University

အဖမ်းခံနေစွဲများ
-
သူကျောင်း ပထမနှစ် တက်တဲ့နှစ် ၁၉၇၂ခုနှစ်မှာ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားလို့ အဖမ်းခံရပြီး တစ်နှစ်ကျော် ၁၉၇၄ ဇန်နဝါရီလ ၃ရက်နေ့မှာ ပြန်လွှတ်။
-
၁၉၇၆ခုနှစ် မတ်လ ၂၂ရက်နေ့မှာ သခင်ကိုယ်တောင်မှိုင်း ရာပြည့်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာ အဖမ်းခံရပြီး ၁၉၇၆ခုနှစ် ဇူလ ၂၆ရက်နေ့ မနက် ၄း၀၀မှာ ကြိုးပေး အသတ်ခံရသည်။ ဒါသည် ၁၉၇၄ ဖွဲ့စည်းပုံမှာ မရှိသော ဥပဒေ ဖြစ်သည်၊ ဒီလိုလုပ်ရပ်မျိုးသည် နယ်ချဲ့အစိုးရကတောင် မလုပ်ဖူးသော လုပ်ရပ် ဖြစ်သည်။ ဥပဒေအပြင်က အာဏာရှင်တွေ လုပ်ရပ်ဖြစ်ပါသည်။

အဓိက လှုပ်ရှားမူ

- ၁၉၇၂မှာ နိုင်ငံရေးဝင်လုပ်။
-
၁၉၇၄မှာ အထွေထွေအလုပ်သမားသပိတ်မှာ ဦးဆောင်တစ်ဦးအဖြစ် လှုပ်ရှားပါဝင်ခဲ့။
- 
၁၉၇၅ ဒီဇင်ဘာလ ၆ရက်နေ့မှာ ဒုတိယအကြိမ် အထွေထွေအလုပ်သမားသပိတ်မှာ မှာ ပါဝင်ခဲ့။
-
ထိုင်းနယ်စပ်မှာ The Underground Student Unionထောင်ပြီး မြန်မာနိုင်ငံအတွက် လှုပ်ရှားခဲ့။
- စစ်အာဏာရှင်၏
Wanted List မှာ ပါဝင်လို့ ထိုင်းနယ်စပ်မှာ ၂/၃ မက ပြေးရ (ခိုလုံနေရ)

သူ့ရည်ရွယ်ချက်
-
ဆလိုင်းတင်မောင်ဦးသည် လူ့အဖွဲ့အစည်းတွင်  ဖြစ်ပျက်နေသော မတရားမူများကို တွေ့ကြုံပြီးနောက် လူထုလှုပ်ရှားမူ့ကြီး စတင်ဆောင်ရွက်ခဲ့ပါသည်။ ဒီလို မတရားမူသည် စစ်အာဏာရှင်၏ စနစ်ဆိုးကြောင့် ဖြစ်သည်ဟု သူ ယုံကြည်သည်။ ဒါကြောင့် သူသည် တရားမျှတမူအတွက် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမူတွေကို စတင်လာသည်။

သူထားခဲ့သော အမွှေအနှစ်

- သူမသေချင် မှာ ပြောသွားတာကတော့
 
           မင်းတို့ ငါ ခနွကိုယ်ကိုသာ သတ်လို့ ရမယ်။ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ   သတ်လိုရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဘိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွဦဟူ၍ ဟစ်ကြွေးခဲ့ပါသည်။

- ၁၉၇၄ခုနှစ်မှာ Chin Literature and Culture Committee, Yangon အတွင်းရေးမူးဖြစ်လာပြီဆလိုင်းနှင့် မိုင်ဆိုသော ချင်း identity တစ်ခု တီတွင်ခဲ့။ ဒီ identity ယနေ့အထိ ချင်းလူမျိုးများအတွက် ဂုဏ်ယူစရာ အမွေအနှစ်ဖြစ်ပါသည်။
-
Salai -Mai Movement ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ချင်း Identity ရှိဖို့ဖြစ်ပြီး၊ ချင်းလူမျိုးများသည် လူမျိုးတစ်မျိုးဖြစ်ကြောင့် ပြသဖို့ ဖြစ်ပါသည်။ ဒါသည် ချင်း Common Language ရှိရေး နဲ့အတူ သူ ရည်မှန်းနေသော အရာဖြစ်သည်။။

နောက်ဆုံးအချိန်

- သူရဲ့ ရပ်တည်မူကြောင့် သူသည် နေဝင်းနဲ့အပေါင်းအပါးများက ကြောက်ရွံပြီး သူကို အဆုံးစီရင်ခဲ့ကြပါသည်။

- သူမိသားစုဝင် ၆ဦးများကိုပါ ထောင်ဒဏ် ချခံရသည်။ သူတို့တွေအတွက် ထောင်ဝင်စာအနေဖြင့် စားစရာလေးများ ပေးပို့တဲ့သူတောင် မရှိခဲ့ပါ။ ကြိုပေးမခံရမီတရက်အလိုတွင် ထောင်ထဲတွင် သူမိခင်နဲ့ တွေ့ခွင့် ရှိပါသည်။ ဒါပေမယ့် ချစ်လှစွာသော သားလေးအတွက် သူမိခင်က နောက်ဆုံးအစားအစာလေးတောင် ကျွေးခွင့် မရရှာခဲ့ဘူး။ ဆလိုင်း တင်မောင်ဦးသည် သူကြောင့် အခက်အခဲ့ ကြုံနေရသော မိသားစုဝင်များကို မြင်တော့ မျက်ရည်ကျခဲ့သည်။

မိသားစုထံပေးပို့သောစာ
လူအဖြစ်  အသက်ရှင်ရာ ဤလောကကြီးတွင် အချစ်ဆုံးဖြစ်ကြသော
အပါး၊ အမေ၊အန်တီနှင့် ညီငယ် ညီမငယ်များ။
               
အကိုကြီးရဲ့ ဒီဓာတ်ပုံကို ကြည့်တိုင်းကြည့်တိုင်း အားငယ်စိတ်တွေ၊ ဝမ်းနဲ့စိတ်တွေ
               
မမွှေးကြပါနဲ့။ တရားမျှတမူ၊ လွှတ်လပ်မူနဲ့ လူသားပီသစွာ အသက်ရှင် နေထိုင်နိုင်မူတို့အတွက်
               
လျှောက်လှမ်းနေတဲ့ အကိုကြီးဟာ ဘယ်တော့မှ ဒုကခမရောက် သက်မပျောက်ဘဲ
               
သာယာလှပတဲ့ နေတနေ့မှာ ပျော်ရွင်စွာ ပြန်လည်ဆုံစည်းရမှာပါ။

___

ကိုးကား
အောင်ထူး။ ၂၀၁၁။ ဆလိုင်းကို တင်မောင်ဦးမေ့လျော့နေခဲ့သော အာရှတိုက်၏ သူရဲ့ကောင်း
The Chinland Post . 2013. “Salai Tin Maung Oo Tuanbia”.
Lungrawnpar. 2016 "Interview with Dr. Salai Lian Hmung Sakhong"

Share:

0 comments:

Post a Comment

Search