တောင်ကိုးရီးယားအစိုးရက လျှပ်ကူးပစွည်း၊ စမတ်ဖုန်းနှင့် အခြားပို့ကုန်တွေ ကျပ်တည်းတော့မယ့် ဂျပန်ရဲ့ ဆုံးဖြတ်ချက်ကို World Trade Organization (WTO) ဆီ တိုင်ကြားအမူဖွင့်ဖို့ လုပ်နေတယ်လို့ Joongang Daily က ဖော်ပြထားပါတယ်။
ဂျပန် စီပွားရေးဝန်ကြီးဌာနက တောင်ကိုရီးယားကို T.V၊ လျှပ်ကူးပစွည်း (Semiconductor)နှင့် စမတ်ဖုန်း တင်ပို့နေတာကို ကန်သတ်ဖို့ ဆုံးဖြတ်ချက်ချနေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဆုံးဖြတ်မူကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အေးခဲ့လာမှာကိုလည်း စီပွားရေးသမားတွေ ပူပန်နေကြပါတယ်။
တောင်ကိုရီးယားဘက်ကလည်း ဂျပန်ရဲ့ဆုံးဖြတ်ချက်ကို တုံပြန်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဂျပန်ရဲ့ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့၁နှစ်မှာ ဒုတိယကမ္ဘာစစ်တုန်းက အဖြစ်အပျက်နဲ့ ပက်သက်ပြီး တောင်ကိုရီးယားရဲ့ လုပ်ရပ်နဲ့ သက်ဆိုင်မူ ရှိတယ်လို့ ဆိုကြပါတယ်။ တောင်ကိုရီးယား အစိုးရက ပြီခဲ့တဲ့နှစ်မှာ ဂျပန်ကုမ္ပဏီတွေကို ဒုတိယကမ္ဘာစစ်တုန်းက တောင်ကိုရီးယားနူိုင်ငံသားတွေထံ လျော့်ကြေးပေးဖို့ တရားရုံးချုပ်က အမိန့်ချခဲ့တယ်။

ဒီနေ့ ကြသပတေးနေ့မှာ ဂျပန်က တောင်ကိုရီးယားကို "White List"လို့ ခေါ်တဲ့စာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ ဒီလိုလုပ်ရပ်ကြောင့် ဂျပန်ကုမ္ပဏီတွေက တောင်းကိုရီးယားမှာ စီပွားရေးလုပ်ဖို့ ဂျပန်အစိုးရကို ခွင့်တောင်းတာတွေ လိုအပ်လာ မှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ကုန်သွယ်ရေးနှင့် စက်မူလက်မူဆိုင်ရာ ၀န်ကြီး Sung Yun Mo က "အစိုးရက ဂျပန်နဲ့ဆက်ဆံရေးမှာ အကောင်ဆုံးကို လိုလားပါတယ်"လို့ ပြောပါတယ်။ တဖက်က ဂျပန်ရဲ့လုပ်ရပ်နှင့် ပက်သက်ပြီး
"ဂျပန်အစိုးရက တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပိုကုန့် ကန်သတ်တာ ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒီလို နှစ်နိုင်ငံကြား ဖြစ်တဲ့ပြသနာကြောင့် ယခုဆိုရင် ဆန္ဒပြမူတွေ ဆက်တိုက်ဖြစ်နေပါတယ်။ တောင်ကိုရီးယားဘက်က ညှိနှိုင်းအဖြေရှာချင်ပေမယ့် ဂျပန်ဘက်ကတော့ ဘာအသံမှ မထွက်သေးဘူး။

0 comments:
Post a Comment